မိုးအေးအေးနဲ့ ချမ်းစိမ့်စိမ့်ဖြစ်နေတဲ့ မနက်ခင်းမှာစောင်ပုံထဲက ဝက်ကလေးကတော့ မင်ယွန်းဂီရဲ့ရင်ခွင်ထဲဝယ် သိမ်သိမ်မွေ့မွေ့အိပ်နေတယ်လို့ထင်ရင် မှားသွားပါလိမ့်မယ် တကယ်ကား ချွဲဆိုအာသည် မွေ့ယာပေါ်တွင်မှောက်အိပ်နေကာ ခြေဆန့်လက်ဆန့်ဖြင့် အိပ်နေသည်မို့ ယွန်းဂီမှာတစ်ညလုံးကောင်း"မအိပ်ခဲ့ရ
ဘေး၌သာ လပ်တော့တစ်လုံးဖြင့်အလုပ်ဆတ်လုပ်နေခဲ့ရသည် ..
" ဦးမင် "
" ဦးမင် ဘယ်ရောက်သွားပြီလဲ"
ဆိုအာမွေ့ယာအောက်ဘေးနားတွင်ထိုင်နေတဲ့ ဦးမင်ကိုတွေ့ပြီး လန့်သွားရသည် အကြောင်းကား သူမခြေထောက် တွေသည် ကားယားနေကာ ဦးမင်ပေါင်ပေါ်ရောက်မတတ်။
" ဦးမင်က ဘာလုပ်ဖို့အဲ့နားသွားနေနေတာလဲ .."
ယွန်းဂီဒီတိုင်းပဲ လက်ပိုက်ပြီးကြည့်နေလိုက်သည် ..
ဦးမင်ကိုကြည့်ပြီး ဆိုအာကိုယ့်ကိုကိုယ်ပြန်ငုံ့ကြည့်လိုက်သည် .. လက်နှစ်ဖက်ကလဲ ကားယား ခြေနှစ်ဖက်ကလဲ ကားယားပင် ။
" ဟို ... ဟီး "
သွားလေးဖြီးကာဖြင့် ရယ်ပြလိုက်သည် .. အားနာလို့တော့မဟုတ် လူကြီးကိုနှိပ်စက်ရ၍ ကျေနပ်နေတာပင် ..
" ဘာစားမလဲ "
ဘာစားမလဲဟု မေးလိုက်သည်နှင့် တောက်ပသွားသော မျက်လုံးများသည် ဝက်ကလေးမှန်းသိသာစေသည်မို့ ယွန်းဂီတစ်ချက်ပြုံးသည် ..
" သုံးထပ်သားကင်စားချင်လိုက်တာ မိုးအေးအေးလေးနဲ့"
ယွန်းဂီလပ်တော့ကိုပိတ်လိုက်ကာ မျက်မှောင်ကြုံ့ကာဖြင့်ကြည့်တော့ ။
" မရမှန်းလဲသိပါတယ် အဲ့လိုကြီးမကြည့်ပါနဲ့ ဦးမင်ရယ့် ..
ဆိုအာက စားချင်တာကိုပြောပြတာလေ "" ကိုယ် မရဘူးလို့မပြောမိဘူးလေ "
" ဟင် အဲ့တာဆိုရမှာလား?!"
" မှာလိုက်မယ် လောလောဆယ် ကြက်ဥပေါင်းစားထား"
" Yess "
မီးပုံသေးသေးလေးကို Tent ဘေးနား မရမကမွှေးနေတဲ့ ဆိုအာသည် ပြောမရဆိုမရလေးပင် ။
YOU ARE READING
DESSERT ||
Fanfictionချစ်လွန်းလို့ယူထားတဲ့ မင်းလေးကို ဘယ်ကောင်မှမော်မကြည့်ရဲအောင် ကိုယ်ကထားတာ / မင်ယွန်းဂီ / ဦးက အလုပ်တွေကလွဲရင် ဘာသိလို့လဲ .. အချစ်ဆိုတာကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကော သိရဲ့လား အခုလိုအလုပ်ပုံထဲက ခေါင်းထွက်ချိန်တောင်မရပဲနဲ့ လူကိုဘာလို့များယူခဲ့သေးလဲ! / r...