ဤပြဿနာကား ဆိုအာတို့ဦးမင်လက်ကိုချိတ်ဆွဲကာ ဆိုင်ထဲကထွက်လာတဲ့နေရာကစတော့သည်။ည ၂နာရီမို့လူသူမရှိကြတော့တဲ့ လမ်းမှာ ကားသွားကားလာအချို့ပဲရှိတော့တာဖြစ်သည် ..
ကားကိုလမ်းအပြင်မှာရပ်ထားတာမို့ လမ်းလေးထဲကနေ လမ်းမအပေါ်အထိ ပြန်လျှောက်တက်နေရတာဖြစ်သည် ..
လေခပ်ဖြူးဖြူးနဲ့ တိတ်ဆိတ်နေတဲ့ဝန်းကျင်မှာ လမ်းလျှောက်ရတာမို့ ငယ်ဦးမင်ရဲ့လက်မောင်းကြီးကို မလွတ်တမ်းကိုင်ထားမိသည် ..
တစ်နေ့လုံးအလိုလိုက်ခံထား၍ ပြုံးရွှင်နေတဲ့မျက်နှာလေးဖြင့် ခုန်ဆွဆွဖြစ်ချင်နေတဲ့ခြေထောက်ကိုတောင် ထိန်းထားရတဲ့ ဆိုအာက အတော်ပျော်နေဟန် ..
ကားပေါ်တက်ကြတော့မယ့်ဆဲဆဲတွင် ။ ဆိုအာကြားလိုက်ရတဲ့ အသံချိုချိုက ..
အနောက်ကနေအမောတကောလိုက်လာဟန်ဖြင့် ..
" ဦး ခနလေး"
ဆိုအာဖြင့် ကြားလိုက်ရတဲ့ကိုယ့်နားကိုပင် မယုံနိုင်ဖြစ်မိကာ ကားတံခါးကိုဖွင့်နေရင်းမှ ထိုအသံရှိရာဆီဖျက်ခနဲခေါင်းထောင်ကြည့်မိသည် ..
နားရှိလို့သာကြားရတာဖြစ်ပေမယ့် ထိုအသံကိုမနှစ်မြို့စွာကြည့်လိုက်ချိန် .. ဝတ်ထားတဲ့ ဂျင်းစကပ်အတိုနဲ့လည်သာအကျီtop အပေါ် လောင်းကုတ်အထူကြီးထပ်ဝတ်ထားသည့် ထိုမိန်းမအား ဆိုအာမျက်ခုံးလေးပင့်ရင်းကြည့်လိုက်မိသည် ..
ညကြီးအချိန်မတော်ဆိုပေမယ့် ထိုပြောင်ပြောင်လဲ့လဲ့ ကုတ်အကျီကိုကြည့်ခြင်းအားဖြင့် ကလပ်ကနေပြန်လာတာ ဒါမှမဟုတ် ပွဲလမ်းတစ်ခုကနေပြန်လာတဲ့ အဝတ်အစားမျိုးပင် ။
သို့ပေမယ့် ဒါတွေကိုဂရုမထားနိုင်သေး ဟိုဘက်အခြမ်းကနေ ကားတံခါးဖွင့်တော့မယ့်ဦးမင်ရဲ့လက်ကို ဆတ်ခနဲလှမ်းဆွဲလိုက်တဲ့ ထိုရဲတင်းတဲ့အပြုအမူကို ဆိုအာကွင်းကွင်းကွက်ကွက်မြင်လိုက်ရ၍ ..
မျက်ခုံးတွေကော မျက်လုံးတွေပါပင့်တက်ကုန်သည် ..
ဒါ ဘာလုပ် တာလဲ ..
ပြောစရာစကားပင်ပျောက်ရှလွန်းလို့ တဆတ်ဆတ်တုန်နေတဲ့ ရင်ဘတ်ကိုတစ်ချက်ထုလိုက်ကာ " ဟား " ခနဲ သတ်လိုက်သေးသည် ။
YOU ARE READING
DESSERT ||
Fanfictionချစ်လွန်းလို့ယူထားတဲ့ မင်းလေးကို ဘယ်ကောင်မှမော်မကြည့်ရဲအောင် ကိုယ်ကထားတာ / မင်ယွန်းဂီ / ဦးက အလုပ်တွေကလွဲရင် ဘာသိလို့လဲ .. အချစ်ဆိုတာကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကော သိရဲ့လား အခုလိုအလုပ်ပုံထဲက ခေါင်းထွက်ချိန်တောင်မရပဲနဲ့ လူကိုဘာလို့များယူခဲ့သေးလဲ! / r...