DESSERT - Episode 9

616 48 10
                                    


Camping လို Tent တွေထိုးတားတဲ့ တောမဆိုနိုင်‌တဲ့ တောအုပ်လေးထဲမှာအလုပ်လုပ်မယ် ..?

လိုက်သာမလာခဲ့ရင် ဦးမင်နဲ့ ဟိုအတွင်းရေးမှူးမမ နှစ်ယောက်ထဲ ဒီရိုမတ်စ်တစ် ကမ္ဘာမှာ ..

တွေးတောင်မကြည့်ရဲတော့သည်မို့ ခေါင်းလေးအား ခါထုတ်ကာ ဘေးကဦးမင်လက်အား မသိမသာလေး ကောက်ချိတ်ပြစ်လိုက်သည်..

ဒါကိုသတိထားမိသွားသည်လား မသိတဲ့ဦးမင်က လက်လေးကိုတစ်ချက်လာပုတ်သွားသည် ..

‌ဘေးပတ်လည်တွင် ရှူတင်အသေးစားလေးတစ်ခု လူတွေမနည်းများသည် ၅ယောက် ‌၆ယောက်လောက် ..

ဦးမင်က ထိုလူထဲကတစ်ယောက်က သူ့plan တွေပြောပြနေသည် ။ ဘာတွေပြောနေလဲဆိုတာ နားမလည်ပေမယ့်လို့ သေချာတာတစ်ခုကတော့ သူ့ထုတ်ကုန်ကိုကြေငြာခိုင်းတာ ‌ဖြစ်ပါလိမ့်မည် ..

" ငယ် .."

ဆိုအာ့ကိုခေါ်လာသည်မို့ မျက်လုံးအပြူးသားလေးဖြင့် ဦးမင်အနားသွားရပ်ကာ ..

" ကိုယ့်ကိုဒီဟာလေး ခဏကိုင်ထားပေး "

ဦးမင်လက်ထဲက products တစ်ခုဖြစ်တဲ့ ဗူးလေးအား
ဆိုအာ့ကိုကိုင်စေသည်မို့ ..

ကြောင်တောင်တောင်လေးဖြင့် ယူကိုင်မိကာ ။

" Ok .. ကင်မရာကိုကြည့်ပေးနော် "

ကင်မရာ ?.. ! ဘယ်မှာလဲ ကင်မရာက

ကင်မရာပျောက်နေတဲ့ ဆိုအာ့ကို ယွန်းဂီတစ်ချက်ရယ်ကာ လက်ညိုးထိုးပြရင်း ကိုယ်နေဟန်ထားလေးအား ရှေ့ကိုတိုးစေသည် ..

" ခနပဲငယ် ကင်မရာကိုခနကြည့်ပေးလိုက် .."

ဆိုအာကြည့်လိုက်တဲ့အချိန်မှာပင် ချပ်ခနဲဆိုသလိုရိုက်ပြီးသားဖြစ်သွားတော့သည် ..

ဦးမင်ကတစ်ဗူးပဲလို့ပြောပေမယ့် .. လက်ထဲရောက်လာတဲ့ ဗူးမျိုးစုံနဲ့အတူ တစ်ချပ်ချပ်အရိုက်ခံနေရတဲ့ ကင်မရာမှာ လူကလဲ တောင့်တောင့်လေး ..

ခနနေမှ လက်ထဲကဗူးတွေကိုပြန်ယူသွားပြီး။

ဦးမင်ဆီပြန်ခေါ်လာသည် ..

ဖွဲခနဲရွာကျလာတဲ့မိုးမှာ ရှူတင်လုပ်နေတဲ့လူတွေ ပျာယာခတ်ကုန်ကြသည် ..

DESSERT || Where stories live. Discover now