လက်ရှိချွဲဆိုအာသည် အခုပဲ မိုးပြိုတော့မလို၊ အခုပဲငိုချပြစ်တော့မလို ရုပ်ဖြင့် မှန်ကိုကြည့်လိုက် သူ့ကိုယ်သူတစ်ပတ်လှည့်ကြည့်လိုက်ဖြင့် အလုပ်ရှုပ်နေပါသည် ..
" ခါးဆိုဒ်က ၂၃ ကို မတော်တော့တာလား "
ယွန်းဂီသည်လည်း သူ့ဟာသူဆိုဖာမှာထိုင်ရင်း အလုပ်လုပ်နေရင်းမှ လပ်တော့ပေါ်ကမျက်ဝန်းတွေကို သူ့ကလေးဆီတစ်ချက် check သည့်အနေဖြင့် ကြည့်လိုက်လျှင် ..
သဘောကျစရာရုပ်လေးနဲ့ ထိုအနေအထားကိုတွေ့၍ ပြုံးရင်းစိုက်ကြည့်မိသွားသည် ..
အကျီ-လက်ကလဲ တစ်ဖက်သာထိုးထားတဲ့အပြင် ဆံနွယ်နီညိုလေးတွေကိုထုံးထား၍ ကပိုကယိုကျနေတဲ့ ဆံသားလေးတွေက မျက်နှာဝိုင်းဝိုင်းလေးတွင် ညှိတွယ်နေသည်..
ဂျင်းဘောင်းဘီကိုခါးမတော်သည်ကို အပြစ်ရှာကာဆွဲတင်နေတာမို့ နောက်တွင်လုံးဝန်း၍ကိတ်ထွက်နေသော တစ်နေရာကိုကြည့်ပြီး ယွန်းဂီထပ်ရယ်မိသည် ..
ဒီတစ်ခါတွင်တော့ သူ့ရယ်သံကိုကြားသွားတဲ့ ငယ်ဟာ မြှားဦးလှည့်လာချေပြီ ..
" မင်ယွန်းဂီရှီ .. ရယ်စရာပါလို့လား "
" မကူညီနေပါ .. မ လှောင် ပါ နဲ့ လူကို "
မျက်စောင်းလေးခဲ၍ ပြောလာသည်များ အသည်းယားစရာကောင်းလွန်းသည်မို့ ယွန်းဂီထပ်မရယ်မိအောင်ကြိုးစားရင်း ဘေးကကော်ဖီကိုမော့လိုက်သည် ..
ထိုအခါတွင်လည်း ထပ်မံပြီး အကြိမ်ကြိမ်အခါခါကြိုးပမ်းလုံးပမ်းပြီးနောက် ဒုံရင်းကဒုံရင်းမို့ ..
ဆိုအာဟာ မှန်ရှိသူ့ပုံစံလေးကိုကြည့်ပြီး ထိုင်ချလိုက်ကာ မျက်နှာငိုချင်ချင်လေးကနေ တကယ်ငိုချလာတော့သည် ..
"အဟင့် ငါဝလာတာ "
ယွန်းဂီကော်ဖီခွက်ကို စားပွဲပေါ်တင်ပြီး ထလာကာ ထိုကလေးလေးကို ထွေးပွေ့ပစ်လိုက်သည် ..
" ဘယ် နားကဝလို့လဲ ကိုယ့်ငယ်လေးရယ့် ၂ကီလိုလောက်ပဲတက်လာတာ"
" ဟင့် ဦးမင်နော် .. တို့မီးရှို့မီးလာလုပ်နေတာလား "
သူ့ကိုယ်ကြီးကို တွန်းဖယ်ကာ မျက်ရည်တွေကို ကမန်းကတမ်းပြန်သုတ်နေပြန်၍ မျက်လုံးတွေပွန်းသွားမှာကို စိုးသည်မို့ ..
أنت تقرأ
DESSERT ||
أدب الهواةချစ်လွန်းလို့ယူထားတဲ့ မင်းလေးကို ဘယ်ကောင်မှမော်မကြည့်ရဲအောင် ကိုယ်ကထားတာ / မင်ယွန်းဂီ / ဦးက အလုပ်တွေကလွဲရင် ဘာသိလို့လဲ .. အချစ်ဆိုတာကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကော သိရဲ့လား အခုလိုအလုပ်ပုံထဲက ခေါင်းထွက်ချိန်တောင်မရပဲနဲ့ လူကိုဘာလို့များယူခဲ့သေးလဲ! / r...