Shopping mall တော်တော်များများရဲ့ နေရာတွေမှာကပ်ထားတဲ့ ဆိုအာရဲ့ အလှကုန် ကြေငြာတွေက ဒီတစ်လော ပေါပေါများများပင်ပို၍ များလာသည် ..တက်သစ်စ မင်းသမီးတွေနဲ့အပြိုင် နေရာယူထားမိသည်မို့ စိတ်လှုပ်ရှားစွာ ပြုံးလိုက်သည် ..
တွေ့သမျှပုံတိုင်းကိုလည်း ဖုန်းလေးဖြင့်ရိုက်ရိုက်ပြီး သိမ်းထားရတာအမော ။
ဆိုအာဂုဏ်ဆာအပြုံးလေးဖြင့် ကြည့်လိုက်ကာ စပ်ဖြီးဖြီးဖြင့် ဒေါ်လေးငယ်ကိုကြည့်၍ ..
" ဟဲဟဲတွေ့တယ်မလား ဒေါ်လေးငယ် တူမဘယ်လောက်ထိ ကျော်ကြားနေလဲ "
" အပိုတွေပြောနေပြန်ပါပြီဟယ် .. ယွန်းဂီရဲ့ ကုမ္ပဏီအရှိန်ကြောင့်သာ product ကပေါက်သွားတာပါ "
"ဒေါ်လေးနော် ဆိုအာကချောလို့ပါ!"
" ကဲပါကဲပါ ပဲကြာဆံကိုပဲကုန်အောင်စားပါ ကြည့်.. ပါးစပ်မာလဲပေနေတာများ ..အာအီဂိုးး စိတ်လေတယ် "
တစ်ခါတလေလေးများ ခရီးအကြုံ အိမ်လေးဝင်မိပါတယ် ပေါက်ပေါက်တွေဖောက်လွန်းလို့ ဆိုအာအိမ်ပြန်ပြေးချင်လာရတယ် ..
တူမကိုင်ထားတဲ့ လက်တစ်ဖက်နဲ့ နားထင်ကြောကိုဖိထောက်ထားမိကာ ဖြစ်နိုင်ရင် ဂွမ်းတစ်ခုလောက်နားထဲ စို့ထည့်ထားချင်သည် ..
ကြည့်ပါလား .. ဒေါ်လေးငယ် အခုထိ အိမ်ထောင်မကျသေးတာကလဲ ဒီလိုပေါက်ပေါက်ဖောက်စက်လို ပါးစပ်ရှိနေတာကြောင့် ဖြစ်မည် ။
တီ ~ တီ !
" အယ် .. ဦးမင်လာပြီ သွားပြီ ဒေါ်လေးငယ် !
တာ့တာ!"" အမယ်လေး ကြွပါတော် ချော်လဲမယ်ဖြေးဖြေး
ဒီကလေးမ အော်ဟဲ့"ယွန်းဂီတွေ့တာနဲ့ကို တည်တည်တံ့တံမနေနိုင်တော့တာ ငါးရန့်ရွှံ့လူးထားတာထက်ကိုဆိုးတယ် ။
ငါးရန့်ပြားလူးလို ရွှတ်ခနဲကားပေါ်တက်သွားတဲ့ တူမဖြစ်သူကို ငယ်ငယ်တုန်းကလို ဖင်ကိုနာနာတီးချင်စရာကောင်းသည် ..
ကားထဲကိုဝင်ပြီး ခါးပတ်ကိုဆွဲချိတ်ပြီးနောက် အခုထိသူ့ကိုကြည့်နေတဲ့ ဦးမင်ကိုလှည့်ကြည့်လိုက်သည် ..
YOU ARE READING
DESSERT ||
Fanfictionချစ်လွန်းလို့ယူထားတဲ့ မင်းလေးကို ဘယ်ကောင်မှမော်မကြည့်ရဲအောင် ကိုယ်ကထားတာ / မင်ယွန်းဂီ / ဦးက အလုပ်တွေကလွဲရင် ဘာသိလို့လဲ .. အချစ်ဆိုတာကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကော သိရဲ့လား အခုလိုအလုပ်ပုံထဲက ခေါင်းထွက်ချိန်တောင်မရပဲနဲ့ လူကိုဘာလို့များယူခဲ့သေးလဲ! / r...