" မမလေးကို ဒီထပ်ပိုပြီးကမ်းလှမ်းလာတာတွေများလာတယ် သူဌေး .. products ရောင်းထွက်တာမြန်လို့- "" ငါပြောပြီးပြီထင်တယ် .. မရဘူးလို့ "
အစည်းအဝေးခန်းထဲ ယွန်းဂီရဲ့ ခပ်ပြတ်ပြတ်ငြင်းသံကြောင့် စကားအစသမ်းချင်နေတဲ့ရှယ်ယာရှင်တွေပါ နှုတ်ဆိတ်လျက်သား ။
အာရီးဂိုး ကုမ္ပဏီတိုးတက်မဲ့ကိစ္စမှာ ဘာလို့်များ အမဲဖျက်သလို ကန့်ကွက်နေရသလဲမသိပါ ..
မျက်နှာသစ်ဆေးကြော်ငြာရုံလေးတင်မို့ ပြောရရင် Klein underwear လဲ မဟုတ် ..
ရှယ်ယာရှင်တွေရဲ့ အတွေးကိုယွန်းဂီသဘောပေါက်စွာ တစ်ချက်ဝေ့ကြည့်လိုက်ပြီး ..
" ထပ်ပြီး ကျတော့်ငယ်ကို တောင်းဆိုမလာရင်ကောင်းမယ် လုပ်ငန်းအကြောင်းပြောရအောင်ပါ .."
" ဟုတ် ကဲ့ .."
" ကြေငြာရဲ့ ၂၀ ရာခိုင်နှုန်းကို m group က ခွဲယူမယ်ပြောပါတယ်"
" ထပ်ပြီး မျက်နှာသစ်မော်ဒယ်ငှားဖို့ကိစ္စကိုလဲ ကျတော်တို့အမြန် စီစဉ်နေပါတယ် ဒီလကုန်လောက်တော့ရမှာပါ"
" နေပါအုံး .. မင်းတို့မော်ဒယ်ကဘာဖြစ်နေတာလဲ "
" သူဌေးမင် မသိသေးဘူးနဲ့တူတယ် .. မော်ဒယ်က အက်ဆီးဒန့်ဖြစ်ထားလို့ ဆေးရုံပါရောက်နေပါတယ် "
" ကျစ်"
ယွန်းဂီမျက်ခုံးတွေကိုကြုံ့၍ ကျစ်သတ်လိုက်မှုမှာ မျက်စောင်းထိုးက မြင်နေရတဲ့ ဒါရိုက်တာကြောင့်လဲပါသည် ..
ငယ့်ကိုပဲရိုက်ကူးစေချင်နေသော မျက်လုံးအရိပ်အယောင်တွေက မနှစ်မြို့ချင်စရာကောင်းအောင် .. ကလေးငယ်ကဖြင့် အဲ့လိုအလုပ်တွေ သဘောမကျဘူးဆိုနေ ..
အာရုံနောက်စွာ ထိုပရောဂျက်ကိုကိုင်ခဲ့မိတဲ့ အဖြစ်ကို နောင်တရချင်လာကာ နားထင်ကိုလက်နဲ့ဖိထောက်လိုက်ရင်း ..
" ဒီနေ့တော့ ဒီလောက်ပဲ "
------------------------------------------
" သားလေး ~ မာမီ့သားလေး နေကောင်းရဲ့လား"
လက်နှစ်ဖက်ကိုဆန့်ထုတ်ရင်း ကားဆီသို့အပြေးတပိုင်းသွားကာ ဒူးထောက်ရင်း နီရဲပြောင်လက်နေသော ကားရျေ့ဖုံးကိုမျက်နှာအပ်ကာ မွခနဲနမ်းလိုက်၍ ..
YOU ARE READING
DESSERT ||
Fanfictionချစ်လွန်းလို့ယူထားတဲ့ မင်းလေးကို ဘယ်ကောင်မှမော်မကြည့်ရဲအောင် ကိုယ်ကထားတာ / မင်ယွန်းဂီ / ဦးက အလုပ်တွေကလွဲရင် ဘာသိလို့လဲ .. အချစ်ဆိုတာကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကော သိရဲ့လား အခုလိုအလုပ်ပုံထဲက ခေါင်းထွက်ချိန်တောင်မရပဲနဲ့ လူကိုဘာလို့များယူခဲ့သေးလဲ! / r...