ဦးမင်ကတကယ် သူ့အတွင်းရေးမှူးကိုအလုပ်ထုတ်ပြစ်လိုက်တာပင်။
ပြဿနာကိုဖန်တီးသူ ဂရေ့စ်ကိုတော့ခါတိုင်းလိုသာဆို စိတ်ဆိုးမှာမှန်နေပေမယ့် တစ်ခြားစကားတွေဆီကနေပြန်ကြားရတာတော့ သူမှာလဲ ဂျေးနဲ့ပတ်သတ်ပြီး ဆိုအာ့ကိုအထင်လွှဲနေတာတွေ များစွာရှိနေပုံ ။ဂျေးနဲ့ငယ်က အရင့်အရင်ကတည်းက တစ်ယောက်ပြဿနာကိုတစ်ယောက်ဖြေရှင်းပေးနေသည်မို့ ချစ်သူနေရာကနေဝင်ကြည့်ရင် ဘယ်လိုခံစားနေရမလဲဆိုတာ နားလည်ပါတယ် ..
ဒီအထိအားလုံးကို တစ်ချက်ချင်းစဉ်းစားရင်း သူနားလည်နေပါသေးသည်။ အခုပြဿနာက နောက်တစ်ခု ..
အဲ့ဒီ့ပြုတ်သွားတဲ့ အတွင်းရေးမှူးနေရာမှာ ငယ်ကအစားဝင်လုပ်ပေးနေရသည်ဆိုတော့ ဦးမင်ကငယ့်ကို စိန်ခေါ်လိုက်တာပင်။
သူ့အတွင်းရေးမှူးလောက် မတော်ရင်လည်း ကုမ္ပဏီကလူ တွေပြောတာခံရအုံးမယ် ..
တစ်ခုခုလွဲသွားကြည့် အဲ့ချစ်လှပါချည်ရဲ့လို့ တဖွဖွပြောနေတဲ့ ဦးမင်ပါးစပ်ကနေ " ငယ် ကလေးကလားကွာ"ဆိုပြီး ပေါ့တိပေါ့ဆနိုင်လွန်း၍ အပြောကခံရအုံးမည် ..
မလုပ်ဘူးလို့အတန်တန်ပြောနေတဲ့ကြားကနေ မနက် ၅:၀၀ ကတည်းက ကုမ္ပဏီရောက်နေရတာ သူ့အဖြစ် ..
ခါတိုင်းဆို ဦးမင်တောင်ဒီအချိန်မသွားပဲ၊လူကိုတမင် အစောကြီးထရအောက်လို့ ...
ထိုင်သာငိုပြစ်လိုက်ချင်တော့သည်။
ကပိုကယိုနဲ့သာ ထလိုက်လာရသည်မို့ သူများတွေမြင်ရင် ဦးမင်ရုံးကသန့်ရှင်းရေးအဒေါ်ကြီးလို့ထင်နေတော့မည် ..
" ရော့ ဒီနေ့ကပထမဆုံးနေ့မို့ ဒါလေးတွေပဲအရင်လုပ်နှင့်အုံး ကျန်တာကိုယ်အိမ်ရောက်မှနည်းနည်း ပြပေးမယ်"
ငယ့်ကိုယ်တပိုင်းထက်တောင် နှစ်လက်မလောက်များချင်သေးတဲ့ ဖိုင်တွဲပုံအထူကြီးကို ခပ်လန့်လန့်မော့ကြည့်လိုက်ရတယ် ..
" ဦးမင်ပြောတဲ့ ဒါလေးတွေဆိုတာ ဒါလား .."
" အင်း"
" ပထမဆုံးနေ့မို့လို့တော်တော့တယ် ငယ်က ကုလသမဂ္ဂအစည်းအဝေးမှာ စာရိုက်ပေးရတဲ့သူထင်သွားတာ "
YOU ARE READING
DESSERT ||
Fanfictionချစ်လွန်းလို့ယူထားတဲ့ မင်းလေးကို ဘယ်ကောင်မှမော်မကြည့်ရဲအောင် ကိုယ်ကထားတာ / မင်ယွန်းဂီ / ဦးက အလုပ်တွေကလွဲရင် ဘာသိလို့လဲ .. အချစ်ဆိုတာကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကော သိရဲ့လား အခုလိုအလုပ်ပုံထဲက ခေါင်းထွက်ချိန်တောင်မရပဲနဲ့ လူကိုဘာလို့များယူခဲ့သေးလဲ! / r...