ခရီးကပြန်မလာချင်သေးပေမယ့် ဦးမင်ရဲ့ ဇွတ်ခေါ်မှုကြောင့် အိမ်ထံသို့ဆူပုပ်"ကလေးပြန်ရောက်ရှိလာသည် .." ဦးမင် ဘာအရေးကြီးနေလို့ ဆိုအာကိုအေးဆေးလေး တောင်လည်ခွင့်မပေးရတာလဲ "
" လွမ်းလို့ ကိုယ် .. လာပါအုံး အိမ်ရောက်တာနဲ့ တန်းစိတ်ကောက်တာကဖြစ်သင့်ရဲ့လား "
" မသိဘူး အဲ့တာဦးမင်ကြောင့်လေ "
" ဦးမင် "
" ပြောလေ ကလေးရယ့် "
ပြောလေကလေးရယ့်"သာပြောတာ အလုပ်ခုံကနေအခုထိထမလာသေးပါ ဆိုအာကသာ အလုပ်ရုံးခန်းထဲအထိဝင်လာရတာ မဟုတ်ပါလား ..
" ဂျယ်ဂျူမှာ တွေ့ခဲ့တဲ့တစ်ခြားလင်မယားတွေဆိုလေ သူတို့မှာ ပျဉ်ထောင်အိမ်လေးတစ်လုံးရယ် ထင်းမီးဖိုလေးတစ်ဖိုရယ်ပဲရှိပေမယ့် သူတို့ရဲ့အချစ်တွေကနွေးထွေးတယ်လို့ထင်ရတယ်သိလား ငယ်သူတို့ကိုအရမ်းအားကျတာပဲ"
" ကလေးက သူတို့လိုနေနိုင်လို့လား .."
" ဘာလို့မနေနိုင်ရမာလဲ ဦးရယ့် .. ဦးနဲ့ နှစ်ယောက်ထဲကမ္ဘာလေးမှာသာနေရမယ်ဆိုရင်လေ ဆိုအာက ပျဉ်ထောင်အိမ်မပြောနဲ့ ဝါးအိမ်လေးနဲ့တောင်နေနိုင်တယ် "
ယွန်းဂီက လပ်တော့ပ်ကစာတွေကို အလျင်မီအောင်မရိုက်တော့ပဲ ကလေးရဲ့စကားတွေကိုအတည်လို့မှတ်ယူလာမိတာကြောင့် ..
" ငွေမရှိတဲ့အိမ်ထောင်ရေးကသာယာမှာမဟုတ်ဘူး ကလေးရယ့် "
" ဦးမင်က ဘာလို့အဲ့လ်ိုတွေးရတာလဲ "
" အဲ့တာက .. အမှန်တရားမို့ပေါ့ ကလေးရယ် "
ဆိုအာဘာစကားမှမဆိုမိတော့ချေ ။ ဆတ်ပြောနေရင် ဆိုအာဘက်ကပဲလွန်လာတော့မည်မဟုတ်လား
ဒါကြောင့် ..
" ဦးအထင်တွေက အမြဲမှန်နေတာပဲနော် ဆိုအာရဲ့ခံစားချက်ကိုဆိုထည့်မတွက်ခဲ့ဖူးဘူး ... တစ်ခါလေးမှ.. "
ရန်မဖြစ်ချင်ပါဘူး ။ ဆိုအာက ဖြစ်ချင်တာတစ်ခုလေးတင်ပါ အဲ့တာကလည်း မဖြစ်နိုင်တဲ့အရာကြီးကိုမှ တွေးနေမိတာ ထင်တယ် ..
YOU ARE READING
DESSERT ||
Fanfictionချစ်လွန်းလို့ယူထားတဲ့ မင်းလေးကို ဘယ်ကောင်မှမော်မကြည့်ရဲအောင် ကိုယ်ကထားတာ / မင်ယွန်းဂီ / ဦးက အလုပ်တွေကလွဲရင် ဘာသိလို့လဲ .. အချစ်ဆိုတာကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကော သိရဲ့လား အခုလိုအလုပ်ပုံထဲက ခေါင်းထွက်ချိန်တောင်မရပဲနဲ့ လူကိုဘာလို့များယူခဲ့သေးလဲ! / r...