" ဦးမင် "
" ဦးမင် ! "
ဦးမင်နောက် ဆိုအာ ခြေလှမ်းသွက်သွက်လေးတွေဖြင့် လိုက်ကာ ခေါ်နေရသည် ..
" ဦးမင် ပြန်ပေးပါ ငယ့်ကားသော့ကို "
ကားသော့ကို ဝရန်တာကနေပြစ်ချမည့်ဟန်ပြင်နေတဲ့ ဦးမင်လက်ကို မမှီမကမ်းနဲ့လှမ်းယူနေရတာ သိပ်လွယ်လှတဲ့ကိစ္စရယ်လို့တော့မဟုတ် ။
ဦးမင်ကအတည်ကြီးစိတ်ဆိုးသွားတာ ..
" ငယ် နောက်မမောင်းတော့ပါဘူး လေနော် ဦးမင် .."
မျက်ရည်ဝဲဝဲလေးနဲ့ ကြည့်၍ထပ်ခါ"ပြောမိပြန်တော့ ဦးမင်ကမျက်နှာတစ်ထစ်လျှော့ကာ ကိုယ်ကိုကိုင်းလျက်ငုံ့ကြည့်လာပြီး ..
" မရဘူး ငယ်ကကိုယ့်စကားမှနားမထောင်တာ အဆိုးလေးဖြစ်နေတာလေ "
ဦးမင်လေသံကခပ်တန်းတန်းမို့ ပိုဝမ်းနည်းသွားတာတော့မှန်သည် ..
ဦးမင်ကအရင်ကဆို သူဒီလိုမောင်းခဲ့တာကိုအောမားဆီတန်းတိုင်ခဲ့တာ၊အခုအတိုင်းသာဆို အောမားဆီကပဲ ကြိမ်လုံးစာအရိုက်ခံလိုက်ချင် တော့သည် ..
အခုလို ဦးမင်ဆီကစိတ်ဆိုးတာခံနေရတာက ပိုပြီးခံရခက်နေတာကြောင့်မို့ပင် ..
မနေတတ်ဘူး။ ဦးမင်စိတ်ဆိုးနေတာကိုမြင်ရတာ သူ့ဘက်ကဘယ်လောက်ပဲတောင်းပန်ပန် ဦးမင်ကလစ်လျူရှူသည် ..
နမ်းမယ်ကြံရင်လဲ ရှောင်ဖယ်ကာထွက်သွားသည်၊ အလုပ်ကပြန်လာတော့လည်း အလုပ်ခန်းထဲတန်းသွားပြီး မမြင်တဲ့လူလို ဆိုအာကိုသဘောထားနေသည် ..
ဒီရက်တွေ၊ ဒီလိုနေ့ရက်တွေကို ကုန်ဆုံးချင်လွန်းလို့ ၃ ရက်မြောက်နေ့မှာတော့ အရဲလေးစွန့်ကာဦးမင်ဆီ သွားပြီး။
ဘယ်လိုလုပ်မှ ခွင့်လွှတ်မှုကိုရမှာလဲဟုမေးမိတော့ အီးး
ချွဲဆိုအာရဲ့တစ်ဦးတည်းသော sport ကား၊ သားလေးကို စွန့်ပြစ်ခိုင်းနေသည်လေ သံရည်ကျိုစက်ထဲမှာ မီးကြိုပြစ်လိုက်ရမလားက ပါလာသေးသည် ..
ဦးမင်ပြောရက်လိုက်တာဆိုတာလေ ။
အခုလည်းညှိနှုင်းလို့မရတဲ့အဆုံး အငြင်းအခုန်ပြန်ဖြစ်လာကာ ဝရန်တာအထိရောက်လာကြပြီး ဆိုအာ့ကားသော့ကို ဝရန်တာကနေပြစ်ချဖို့ဖြစ်လာတော့သည် ..
YOU ARE READING
DESSERT ||
Fanfictionချစ်လွန်းလို့ယူထားတဲ့ မင်းလေးကို ဘယ်ကောင်မှမော်မကြည့်ရဲအောင် ကိုယ်ကထားတာ / မင်ယွန်းဂီ / ဦးက အလုပ်တွေကလွဲရင် ဘာသိလို့လဲ .. အချစ်ဆိုတာကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကော သိရဲ့လား အခုလိုအလုပ်ပုံထဲက ခေါင်းထွက်ချိန်တောင်မရပဲနဲ့ လူကိုဘာလို့များယူခဲ့သေးလဲ! / r...