Part-8

1.2K 42 0
                                    

"ကလေးမ မအိပ်သေးဘူးလား"

"ဟုကဲ့ အိပ်တော့မှာ "

"ဟုပါပြီ  Gnနော် ကလေး‌မလေး"

"ဟုကဲ့ မငယ် Gn"

မငယ်နဲ့ ပြောပြီး အိပ်လေ့ရှိပေမဲ့
သူငယ်ချင်းတွေက ခေါ်တာကြောင့်
ဂိမ်းထဲ ပြန်၀င်ပြီးဆော့နေမိတယ်

တစ်ပွဲပဲ ‌ဆော့မယ်ဆိုပြီး
၀င်သွားပေမဲ့ ရှုံးပွဲတွေ များနေလို့
ဆက်ဆော့နေမိတယ်
ညနက်မှ အိပ်မိသွားသည်

မနက်ကျတော့ 6ခွဲလောက်
မငယ်က အိမ်ကို လာတယ်တဲ့လေ

"ဟိတ် အိပ်ပုတ်လေး
မထသေးဘူးလား
ထတော့လေနော်
မဟုတ်ရင်နောက်ကျလိမ့်မယ်"

"အွန်း"

"ကလေးမလေး ထတော့လို့"

"အွန်း"

"ထပါကွာ လိမ္မာတယ်မလား"
ထတော့နော် မမငယ် မင်းအတွက်
အ၀တ်အစားထုတ်ပေးထားမယ်"

"အွန်း"

"တစ်အွန်း"နဲ့ မင်းထမှာလား
မထဘူးလား ဒါပဲ ပြော သွန်းရတီဦး"

"ဟာဗျာ ထပြီလို့ နာမည်ကြီး
အပြည့်အစုံမခေါ်ပါနဲ့
ကြက်သီးထ လို့"

"မင်းက ထမှာ မထပဲကို"

"ကဲ "ထပြီ" ရေချိုးလိုက်အုံးမယ်"

"အင်း ရော့
အ၀တ်အစားထုတ်‌ ပေးထားတယ်"

"ဟုကဲ့"

သွန်း ရေချိုးခန်းက ထွက်လာတော့
မငယ်ဟာ အခန်းထဲက ပုံတွေကို
သေချာ စူးစိုက်ကြည့်နေလေရဲ့

"မငယ် ပြီပြီး
သွားရအောင်လေ"

"အွန်း သွားမယ်"

"ဟဲ့ ကလေးတွေ ဘယ်သွားကျမို့လဲ"

"အော် အန်တီခိုင်
သွန်းလေးကို မုန့်ဟင်းခါး
၀ယ်ကျွေးမို့ လာခေါ်တာ"

"အေးပါကွယ် ဂရုစိုက်သွားကြနော်"

"ဟုကဲ့ အန်တီခိုင်"

"ကလေးမ တက်လေ
ဘာ‌ကြောင် ကြည့်နေတာလဲ"

"အော် ဟုကဲ့"

ဆိုင်ကယ်ပေါ်ရောက်တော့
မငယ်က

"ကလေးမ မမ ခါးကို
ဖက်ထားလေကွယ်
မဟုတ်ရင် မင်း ပြုတ်ကျနေလိမ့်မယ်"

မငယ် ကို ချစ်တယ်Where stories live. Discover now