Part-34

1.5K 38 8
                                    

နိုးထလာရတဲ့ မနက်ခင်းတွေထဲမှာ
ဒီနေ့ မနက်ခင်းကို အကြိုက်ဆုံးပဲ။

ရင်ခွင်ထဲမှာ အိပ်နေတဲ့
မငယ် ကို ကြည့်မိတော့
ပါးတွေကို နမ်းပြစ်ချင်စိတ်က
တစ်ဖွား"  ထိန်းမှပါလေ ။

နှုတ်ခမ်းတွေဆီ အကြည့်ရင်တော့
လူက ထိန်းမရအောင်ကို ဖြစ်နေလေသည်။
စိတ်ကို အရဲစွန့်ပြီး မငယ် ပါးပြင်ဆီသို့
တိုးကပ်သွားရင်း

"ပြွတ်စ်........."
ပါးပြင်လေးကို မငယ် မနိုးခင်
ခိုးနမ်းလိုက်သည်။

ဘာမှမလိမ်းခြားထားတာတောင်
မငယ် ပါးပြင်ဟာ မွှေးပြီး
ထပ်နမ်းဖို့ကို စိတ်တွေက
တိုက်တွန်းနေသလို။

မနိုးလောက်ပါဘူးးလေ

"ပြွတ်စ်........"
ခိုးနမ်းရတဲ့ အရသာက ဘာနဲ့မတူ ။
ပျော်ဖို့ ကောင်းသလို
မငယ် ပါးပြင်မို့ ထပ်နမ်းချင်သေးသည်။

နောက်တစ်ခါလောက်
အရဲစွန့်ပြီး နမ်းဖို့ မျက်နှာ‌နားကို
အကပ်..........မငယ် မျက်လုံးဖွင့်လာတာကြောင့်   ကြောင်ပြီး စိုက်ကြည့်နေမိသည်။

ညို့နေသလား မှတ်ရတယ်
မငယ် မျက်၀န်းတွေက ဘယ်ကိုမှ
အကြည့်မလွဲချင်အောင်ကို
ညို့ယူနေတယ် သွန်းလည်း
အချိန်အတော်ကြာ" မငယ်
မျက်၀န်းတွေကို စိုက်ကြည့်နေမိတယ်...

××××××××××××××××××××××××××××××

မီ နိုးလာတော့
မီကို ဖက်ရင်း အိပ်မောကျနေတဲ့
ကလေးမ ကိုတွေ့ရတာ ကြောင့်
မျက်နှာမှာ အပြုံးတို့က ဆင်မြန်းလျက်။

အလင်းရောင်ရှိတာကြောင့်
ကလေးမရဲ့ ပါးတွေ၊ နှုတ်ခမ်းတွေ
အို့.......နမ်းပြစ်ချင်စရာ ။

ကလေးမရဲ့ လည်တိုင်တွေက
ပြစ်မှားချင်‌လောက်အောင်ကို
ဆွဲဆောင်နေသည်။

ကလေးမကို ကြည့်နေတုန်း
ကလေးမက လှုပ်ရွ" ‌ပြောလာတာကြောင့်
ပြန်အိပ်ချင်‌‌ယောင်ဆောင်လိုက်သည်။

ကလေးမက နိုးလာတာကို
သိပေမဲ့ မထသေးပဲ
ဘာလုပ်နေတာပါလိမ့်။

(ဟိုက သူကို ခိုးနမ်းဖို့
လုပ်နေတာကို သူ မသိ)

ဘာတွေလုပ်လဲ သိရအောင်
မျက်လုံးဖွင့်ကြည့်မလို့ ရှိသေး

မငယ် ကို ချစ်တယ်Where stories live. Discover now