ဒီနေ့ဟာ သွန်း မငယ်ကို
တရား၀င် အပိုင်ရတဲ့ နေ့လေးပေါ့။
ရင်ခုန်စိတ်လုပ်ရှားနေသည်မှာ အမှန်။သိပ်ကို ချစ်ရတဲ့ လူတစ်ယောက်ကို
ပိုင်ဆိုင်တော့မယ်ဆိုတော့
အသိနဲ့တင် ကြည်နူးမိသည်။Dinner ကို အဖြူနဲ့ အဝါကို
ရောစပ်၍ အလှဆင်ထားသည်။
စားပွဲခန်းက အဖြူဆို ခုံတွေက
အဝါနု လေးတွေပေါ့။မငယ် မိတ်ကပ်ပြင်ဆင်တဲ့
အခန်းကို သွန်းသွားလိုက်သည်။တံခါးကို ဖွင့်ပြီးချင်း မြင်ရတာက
အဖြူရောင် ဂါ၀န်နဲ့ သိပ်ကိုလှပနေတဲ့
မငယ် ပေါ့ ။ နတ်သမီးကို
မမြင်ဖူးသော်လည်း မငယ် အလှဟာ
ဘယ်နတ်သမီးနဲ့မှ နှိုင်းယှဉ် မရအောင်ကို
လှပ နေသည်။ မငယ် ဟာ လှပစွာ ပြုံး၍"ကလေးမ လာလေ"
"ဟုတ် ......."
အနား ရောက်တော့
"မငယ် ဒီနေ့ သိပ်ကို လှတာပဲ""ဟောရှင် အရင်နေ့တွေက
မလှဘူးလို့ ဆိုလိုတာလား?"အရင်နေ့တွေကလည်း
လှတယ်၊ ဒီနေ့က ပိုလှတယ်
နောက်မနက်ဖြန်တွေကျရင်လည်း
လှနေအုံးမှာ""တို့က အသက်ကြီးသွားလို့
မလှတော့ရင်ရော ......""မလှလည်း ချစ်တယ်
မငယ် ဘယ်လိုပုံစံပဲ ဖြစ်"
သွန်းက ချစ်နေမှာ""ဟုတ်ပါပြီ ဂတိပေး"
"ဂတိပေးတယ်နော်"
လက်သန်းလေးကို ချိတ်ရင်း
မငယ်ကို ပြုံး၍ ကြည့်မိသည်။
မငယ်လည်း ထိုနည်းတူစွာ။ဒီလို အခြေအနေကို မိတ်ကပ်ပြင်တဲ့
အမက ဓာတ်ပုံ ရိုက်ပေးထားတယ်တဲ့လေ။ပုံလေးက တစ်ကယ်ကို လှတယ်။
အဖြူ ရောင်သတို့သမီး၀တ်စုံနဲ့
ကောင်မလေးနှစ်ယောက်က
တစ်ယောက်ကို တစ်ယောက်ပြုံး၍
ကြည့်နေသည့်အပြင် ဂတိ အနေဖြင့်
လက်သန်းတွေကို သာ ပါချိတ်ထားတဲ့ ပုံ။ပုံထဲမှာ စကားတွေ မပါပေမဲ့
စကားလုံးတွေ အများကြီးကို
ဖော်ပြနေသလို ထင်ရသည်။မငယ် ရဲ့ လက်ကိုတွဲပြီး
မဂ်လာပွဲသို့ ဝင်လိုက်သည်ဆိုရင်ပဲ
လူတွေ အာလုံး အကြည့်က
သွန်းတို့ဆီမှာ သာ ။

YOU ARE READING
မငယ် ကို ချစ်တယ်
Fantasy"ဘယ်လောက်ပဲ ငိုရ ငိုရ နှလုံးသားက မငယ် မှ မငယ်" *သွန်းရတီဦး* "မင်း ဘယ်လောက်ပဲ ဆိုး" အချိန်တန် တို့ ဆီကို ပြန်လာမှာမလား" *မီမီဇော်* "နင်ကို စတွေ့ကတည်းက သဘောကျခဲ့ရတာပါ ငါ အပိုင်ဖြစ်စေချင်တယ်" "နင် ချစ်တဲ့ အဲ့ဒီအမျိုးသမီးကို ငါ သိပ်မုန်းတာပဲ" *ဖြူနှင်း...