Part -16

1.2K 36 7
                                    

ကောင်းတို့နဲ့ တွေ့ပြီး
Coffee ဆိုင်က အပြန်
အိမ်တန်း မပြန်ပဲ
လျှောက်သွားနေမိသည်
နေလဲ အတော်ပူ‌တာကြောင့်
အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်သည်

အိမ်ပြန်ဖို့ရာ လမ်းတစ်ခုကို ဖြတ်ကူးဖို့
လုပ်ပေမဲ့ လမ်းတစ်ဖက်က
ပုံရိပ်ကြောင့်  ရပ်နေမိသည်

ထို ပုံရိပ်က မမငယ် ဖြစ်သည်
မငယ် တစ်ယောက်ထဲဆို
အပြေးလွှား သွားမိမယ်ထင်ပါရဲ့
အခုက မငယ်ဘေးက
ဒီလူကြောင့်သွန်းမှာ ရပ်ကြည့်နေမိသည်

ထိုလူက ‌မငယ်ထက် အရပ်ရှည်ပြီး
၀တ်စားထားပုံက ထိုလူ
အရပ်အမောင်းနဲ့ သိပ်လိုက်ဖက်တယ်
အသားဖြူပြီး မျက်မှန် အမဲကို
တပ်ဆင်ထားတယ်
သွန်းနေရာမှာ တစ်ခြားသူဆိုရင်
ထို လူကို သဘောကျရင်ကျ လိမ့်မည်။
သွန်းကတော့ ထိုလူကို
နဲ"လေးမျှ သဘောမကျ

ဒါနဲ့ မမငယ်က ဘာလို့ ဒီမှာရှိ‌နေရတာလဲ
နေပူတာကြောင့် နေ့လည်ခင်းကို
အပြင်ထွက်လေ့မရှိတဲ့ မငယ်
အကြောင်းကို သွန်းသာ အသိဆုံးမို့
ဘာကြောင့် ရှိနေလဲ တွေးမရ

ပြီးတော မငယ်ဘေးက
ထိုလူက ကော ဘယ်သူလဲ
မငယ် ရဲ့ ကောင်လေးများလား
မဖြစ်နိုင်ပါဘူး ခေါင်းကို
အတွင်" ခါရမ်းလိုက်မိတယ်

ထိုလူက မငယ်ကို
ဂရုတစိုက် ထီးမိုးပေးရင်
‌နှစ်ဦးသားလျှောက်သွားပုံကို
အတော်ကြာ ရပ်ကြည့်နေမိတယ်
မြင်ကွင်းထဲက မငယ် ပုံရိပ်
ပျောက်သွားသည် အထိ
ကြည့်နေမိသည်

အိမ်သို့ ပြန်ရန် စိတ်ကူး‌မရှိတော့
နီးရာ အရက်ဆိုင် တစ်ခုကိုသာ
၀င်"ချင်းအတန်း"လေး
နှစ်ခုကို တွေ့ရသည်
1တန်းမှာက အရက်
အမျိုးအစားပေါင်းများစွာ
အဆင့်လိုက်ရှိသည်

နောက်1တန်းမှာက
ဝိုင်တွေရှိသည်။ အဆင့်တွေပေါ်မှာ
ဈေးအလိုက် တည်ရှိနေတဲ့
ဝိုင်တွေကို တွေ့ရသည်။
အပြင်းစား ဝိုင်တွေကနေ
အနိမ့်စားဝိုင်တွေ အထိ ရှိသည်။

သွန်းလဲ chang တစ်ပုလင်းသာ
ယူပြီး ကောင်တာမှ ၀င်ရှင်းလိုက်သည်

တိတ်ဆိတ်တဲ့ နေရာတစ်ခုကို
ရွေးပြီး အပင်ခပ်ကြီး"အောက်မှာ
သောက်နေမိသည်

မငယ် ကို ချစ်တယ်Where stories live. Discover now