Part-33

1.2K 33 7
                                    

5နှစ်ကြာ လွမ်းဆွတ်ခဲ့ရတဲ့
မြို့လေး ။ နေ၀င်ချိန်ဟာ
လှပ နေတယ် ။ အရင်က ဒီလို
နေ၀င်ချိန်မှာ မငယ်နဲ့ အတူ
စက်ဘီးစီးခဲ့တာကို ပြန်သတိ၍
ပြုံး မိသည်။ မငယ် အကြောင်းတွေးရင်ကို
လူက ပြုံးမိနေတော့ ခက်တယ်။

"ဟိတ် ဘာတွေပြုံးနေတာလဲ"

"အမယ်လေး.........လန့်တာ မငယ်ရာ"

"ပြောစမ်း ဘယ်ကောင်လေး
အကြောင်းတွေး နေတာလဲ"

"ဟင့်အင်း မတွေးပါဘူးနော်
မငယ် ခြေထောက်က သက်သာရဲ့လား"

"ဒါဆို ကောင်မလေး ပေါ့
နာနေတာ ကလေးမ
တစ်ယောက်ထဲ ထိုင်နေတာ
မြင်လို့ အဖော်ရအောင် လာတာ"

"ဟော မငယ်ကလဲ
အိမ်ထဲမှာ ထိုင်နေတာ မဟုတ်ပါဘူး"

"ဟင့်အင်း မထိုင်ချင်ပါဘူး
မင်း နဲ့ အတူ ရှိချင်တာ"

"အာ့........"

"ဒါနဲ့ နေပါအုံး
စောန စကားက ဘယ်ရောက်သွားပါလိမ့်
ကောင်မလေး အကြောင်း
တွေးနေတာလားလို့"

"အွန်း ဟုတ်တယ် "

"အော် "
မငယ် ရဲ့ မျက်နှာမှာ ၀မ်းနည်းရိပ်က
ဖုံးလွှမ်းသွားသည်။

"အဲ့ကောင်မလေးက
သွန်း စိတ်‌တွေကို အမြဲ စိုးမိုးနေတာ
5နှစ်တာလုံး မတွေ့ရလဲ
‌နှလုံးသားက မမေ့ပဲ အချိန်တိုင်း
သတိရနေခဲ့တာ အဲ့ကောင်မလေး
အကြောင်း တွေးမိရင် ပြုံးမိတဲ့အထိ
သိပ်ကို ချစ်မိနေတာ "

"ဟောရှင် "
မငယ် ဟာ ရှက်ပြုံးလေး ပြုံးသည်
မငယ် ဆီက ထိုအပြုံးလေး ရယုံနဲ့တင်
သွန်း မှာ ကျေနပ်မိပါသည်။

ကလေးမက အခုထိ မပြောင်းလဲ
ချစ်ကြောင်းတွေ ဆိုတော့
ရင်ခုန်မိသည်မှာ အမှန်။
တစ်‌‌ယောက်" လက်ထဲ ရောက်သွားခဲ့ပြီ
ထင်ခဲ့တာက အခုတော့  ဟီးးးးးး

"မငယ် လာ အိမ်ထဲ ၀င်ရအောင်"

"ဟုတ် "
မငယ် လက်ကို ဆုပ်ကိုင်တော့
အလိုက်သိစွာဖြင့် သွန်း
လက်တွေကို လာဆုပ်ကိုင်ထားသည်။

ဒီ လက်ဖဝါးနု"ကို ဆုပ်ကိုင်ရဖို့
5နှစ်တာလုံး လွမ်းခဲ့ရတာ မလား။

မငယ် ကို ချစ်တယ်Where stories live. Discover now