Part-22

1.1K 42 2
                                    

သွန်း နိုးလာတော့ ‌ကိုက်ခဲနေတဲ့
ခေါင်းတွေကို ဖိနှိပ်ရင်း
ထ လိုက်သည်။

သွန်းအရင်ဆုံး ဖုန်းကို
ရှာရပေသည်။
တော်သေးရဲ့ စားပွဲပေါ်မှာ
နာရီကို ကြည့်တော့ 3နာရီတောင်
ထိုးတော့မယ်။

အ‌အေးဘူးလေး တစ်ဘူး
ဒါက ကောင်း လာထားပေးတာ
ထင်ရဲ့ မူးရိပ်" ဖြစ်နေတဲ့ ခေါင်းကို
ကြည်လင်အောင် အအေးဘူး
တစ်၀က်လောက် သောက်ရင်း
ရေချိုးလိုက်သည်။

လန်းသွားတာ မှန်ပေမဲ့
ခေါင်းဟာ ကိုက်ခဲနေဆဲပင်။

ကောင်းကို ဖုန်းဆက်လိုက်သည်။

တူ.......တူ.....တူ....

"ဟလို "

"ဟလို အမူးသမား နိုးပြီလား"။

"အေး နိုးပြီ"

" အအေးဘူးကော သောက်ပြီပြီလား
နင်က ဘာစားမယ်မှန်း မသိလို့
ဘာမှ မထားတာ "

"အေး သောက်ပြီပြီး"

"ဘာစားမလဲ ငါ လာပို့ရမလား"

"တော်ပြီ အိမ်ပဲ ပြန်စားလိုက်ပါ့မယ်"

"အေး" ပြီးရော အခုက
4နာရီထိုးတော့မှာဆိုတော့
6နာရီကျရင် နင်ဆီလာခဲ့မယ်"

"အေး ကောင်းတာပေါ့
ဒီညလဲ ဒီအိမ်မှာပဲ အိမ်မှာ"

"အေးပါဟယ် ဒါပဲနော်
တစ်ခု"ဆို ငါလှမ်းဆက်"

"ဟုတ်ကဲ့ပါရှင်"

"ရှင် လို့ မပြောစမ်းနဲ့
နားထဲ ကန့်လန့်ကြီး"

"ဟဲ" ဟုတ်ပြီ" ဒါပဲနော်"

သွန်း အိမ်ကို ပြန်ဖို့
ကြောက်နေမိသည်
အိမ်က လူတွေ ကြောက်တတ်ထက်
မငယ် နဲ့ မျက်နှာချင်းဆိုင်တွေ့မှာကို
ပိုကြောက်သည်။

cigarette တစ်လိပ်ကို
ထုတ်ဖွာမိပြန်သည်။
ဒီလိုနဲ့ ကုန်သွားမှ အနံ့‌ပျောက်အောင်
အိမ်အပြန်လမ်းမှာ
စတိုးဆိုင် တစ်ဆိုင်က ပီကေကို
ဆင်း၀ယ်ရင်း cigarettes တစ်ဘူးပါ
၀ယ်လိုက်မိပြန်သည်။

အိမ်ရောက်တော့
မြင်မှ ကြောက်ပါတယ်ဆိုတဲ့
မျက်နှာကို မြင်လိုက်ရသည်။

ဟုတ်ပါတယ် မငယ် ပင်ဖြစ်သည်
ဆံနွယ်တွေကို စည်းနှောင်ထားသည်
ရိုးရှင်းစွာ လှနေပြန်သည်။

မငယ် ကို ချစ်တယ်Where stories live. Discover now