Part-36

1.8K 44 2
                                    

‌ဒီအပတ်ထဲ သွန်းက
ဟိုအမျိုးသမီးနဲ့ မဂ်လာ‌ဆောင်
တော့မှာတဲ့
ဖြူ သူကို ဘယ်လိုတားရမလဲ ။

မြင်းခြံကို အမြန် ပြန်သွားတာ
အဲ့တာ အမျိုးသမီးကြောင့်လား
ဆိုပြီး မေးချင်သည်။
ဇော်တို့နဲ့ အတူ" မြင်းခြံကို
လာခဲ့လိုက်သည်။ သွန်းရဲ့
မဂ်လာပွဲကိုလည်း တက်ရင်းနဲ့ပေါ့လေ။

ဇော်က ကားမောင်းပြီး
နှင်းကတော့ ဇော်ဘေးမှာ ။
ဆုက ဖြူ ဘေးမှာ ထိုင်နေသည်။
ဖြူကတော့ တစ်ယောက်ထဲ
အတွေးတွေ နဲ့ပြည့်နေတာပေါ့။

ဖြူ အမှန်တိုင်း ၀န်ခံရရင်
သွန်းကို စတွေ့ကတည်းက
သဘောကျခဲ့ရတာပါ ။
သွန်းကို ပထမနှစ်မှာကတည်းက
သဘောကျခဲ့ရတာ ။

တစ်ယောက်ထဲ နေပြီး
စာသင်ချိန်ကလွဲရင်
တစ်ယောက်ထဲ နေ"တတ်တာ။

ဘယ်သူနဲ့မှလည်း မပေါင်းတာကြောင့်
သူ အကြောင်းဘာတစ်ခုမှ မသိခဲ့ရဘူး။
သူ နာမည်လေး တစ်လုံးကလွဲလို့ပေါ့။

အဲ့ဒီ 1နှစ်တာလုံးမှာ သူပြုံးတာ
သိပ်မတွေ့ခဲ့ဘူးးရယ်။
တစ်ခါတစ်လေကျ ဆရာမ
မလာတဲ့အချိန်တွေမှာ သူက
တစ်ယောက်ထဲ ထိုင်ပြီး တွေးနေတာ။

သူ မျက်၀န်းတွေနဲ့ဆုံဖို့ ကြိုးစားပေမဲ့
တစ်ခါမှ မဆုံခဲ့ဘူး။သူ မျက်၀န်းတွေကို
ကြည့်တိုင်း ၀မ်းနည်းသလိုခံစားရသည်။

ဒီလိုနဲ့ သူဘေးက ဇော်နဲ့
ဖြူ သူငယ်ချင်း နှင်းက
ချစ်သူတွေ ဖြစ်သွားတော့ ။

ဇော်ကို သူနဲ့ခင်အောင်
ကြိုးစားခိုင်းတယ်။ နောက်ဆုံး
ဖြူ တို့နဲ့မိတ်ဆက်တဲ့ အချိန်ထိပေါ့။

သွန်း စ သိတဲ့နေ့ကစပြီး
သွန်းရဲ့ အပြုံးတွေကို ရ‌အောင်
ပျော်အောင် လုပ်ပေးသည်။
သူ ဖြစ်ချင်တဲ့ အရာမှန်သမျှပေါ့လေ။

ပြုံးရယ်တိုင်း သွန်းမျက်၀န်းတွေကို
ကြည့်မိတော့ သူ့မျက်၀န်းတွေက
တစ်ကယ် ပျော်မနေဆိုတာကို
သိခဲ့ရသည်။ ဘာတွေများလိုအပ်သလဲ
ဆိုပြီး အမြဲ အဖြေရှာနေမိသည်မှာအမှန်။

ဖြူ တဲ့
ဒီနာမ်စားကို သဘောမကျပေမဲ့
သွန်း ကိုကျ ခေါ်စေချင်ပြန်သည်။
သွန်းခေါ်တော့ နားထောင်လို့ကောင်းသည်။

မငယ် ကို ချစ်တယ်Where stories live. Discover now