စက်ဘီးထုတ်ပြီး မငယ် အိမ်ဘက်
သွားလိုက်တယ်မငယ်ကတော့ ဂါ၀န်လေးအ၀ါလေး
နဲ့ ရပ်စောင့်နေလေရဲ့
သိပ်ကိုလှတဲ့ အမျိုးသမီးတစ်ဦးပါ
ကျောလယ်လောက် ရှိတဲ့
ဆံနွယ်ရှည်တွေကို ဖဲကြိုးအဝါနဲ့
စုစည်းထားတယ်
နှုတ်ခမ်းနီလေး ခပ်ပါး"
ဆိုးထားပြန်သေးတယ်"ဟိတ်ကလေးမ ဘာတွေရပ်ကြည့်နေတာလဲ
လူကို မမြင်ဖူးတာကျနေတာပဲ""မဟုတ်ပါဘူး မငယ်ရာ
ဒါနဲ့ မငယ်ဒီနေ့ သိပ်လှတာပဲ""ဟောရှင် အရင်နေ့တွေက
မလှဘူးပေါ့""မဟုတ်ပါဘူးဗျာ သွန်းရဲ့
မငယ်က အရင်နေ့တွေကလဲ လှတယ်
ဒီနေ့လဲ လှတယ်
မနက်ဖြန်လဲ ပိုလှနေအုံးမှာ""ဟွန့် စကားတတ်တိုင်း
ပြောနေ""ဟောဗျာ တစ်ကယ်"
"ဒါနဲ့ကလေးမ အင်္ကျီသွားလဲ
လိုက်ပါလား""ဘာလို့လဲ မငယ်ရဲ့"
"ဆင်တူဖြစ်ချင်လို့"
"သွန်းမှာ ဂါ၀န်မှာ့ မရှိတာ"
"မင်းနဲ့တော့ ခက်ပြီ
ရှိတဲ့ ဟာ သွားလဲခဲ့
အဝါရောင်ဖြစ်ရင် ရပြီ""ဟုပါပြီဗျာ ခနစောင့်နော်"
သွန်း၀တ်မိတာက
T-shirt အဝါရယ်
ဘောင်းဘီကတော့
အနက်ရောင် ဖြစ်ပြီး
အင်္ကျီလက်ရှည်လေးက
အဖြူပေါ်မှာ အဝါရောင်
မျဉ်းလေးတွေနဲ့"မမငယ်ရောက်ပြီ
သွားရအောင်လေ""ဟုပါပြီရှင်"
သွန်းက စက်ဘီးပေါ်တက်ပြီး
မငယ်က အနောက်က
ဘေးတစ်စောင်းလေးထိုင်းရင်း
သွန်း ခါးလေးကိုဖက်ထားတယ်တဲ့လေ"မမငယ် သွန်းတို့ ဘယ်သွားကြမလဲဟင်"
"မသိဘူး ကလေးမ သွားချင်တဲ့
နေရာသွား""ဟောဗျာ နေကြာစိုက်ခင်းတွေဘက်
သွားကြမလား မငယ်""ကလေးမလေး သဘောပါရှင်"
နေကြာခြံကို ရောက်တော့
ခြံစောင့် ဦလေးကြီးကိုခွင့်တောင်းပြီး
နေကြာစိုက်ခင်းထဲ
မငယ်ရဲ့ လက်ကိုတွဲပြီး
၀င်ခဲ့တယ် ဒီလက်လေးကို
တစ်သက်လုံးဆုပ်ကိုင်ထားရရင်
သိပ်ကောင်းမှာပဲ"ကလေးမ"
"ဗျာ"
"မမငယ် နေကြာပန်းလိုချင်တယ်"
"မငယ်လိုချင်ရင် သွန်း ခြံစောင့်
ဦးလေးကြီးဆီက တောင်းပေးမယ်လေ""တစ်ကယ်လား"
"ဒါပေါ့ လာသွားမယ်"
သွန်းက မငယ်ဆီလက်လှမ်းတော့
မငယ်ကသွန်းရဲ့ လက်ကိုဆုပ်ကိုင်
ထားလေရဲ့""ဟိုလေ ဦးလေး
နေကြာပန်းလေး နှစ်ပွင့်လောက်
ပေးလို့ရမလားဟင်
သမီး အရမ်းလိုချင်လို့ပါ""အေးပါကွယ် ရပါတယ်"
ယူချင်ရင် ငါးပွင့်လောက်ပေးမယ်လေ
ဒါပေမဲ့ တစ်ခုတော့
အကူအညီတောင်းချင်တယ်ကွယ်""ဟုကဲ့ ပြောပါ ဦးလေး"
"အေးကွယ် သမီးတို့နှစ်ယောက်ရဲ့
ပုံလေးကို ဒီကင်မရာနဲ့ ရိုက်ချင်လို့ပါ
ဦးလေးမှာက သားသမီးမရှိလို့လေ
ပြီးတော့ သမီးတို့က လှနေလို့""အာ့ ရတာပေါ့ ဦးလေးရဲ့"
"ကဲ" ကြိုက်တဲ့ နေကြာသွားခူးချည်"
"ဟုကဲ့ ဦးလေး မငယ် လာသွားရအောင်"
မငယ်အကြိုက်ဆုံး 5ပွင့်ကို
ခူးလာခဲ့လိုက်တယ်
ပြီးတော့ ဦးလေးကြီး ရှိမှာ
ပုံရိုက်လိုက်တယ်""ဝိုးးးး လှလိုက်တာ "
"ဒါပေါ့ကွ နေ၀င်ဆည်းဆာအလှရယ်
နေကြာပန်းခင်းတွေရဲ့ အလှရယ်
သမီးတို့ရဲ့ လှပတဲ့ အပြုံးကိုယ်စီရယ်
အကုန်စုပေါင်းလိုက်တော့
သိပ်ကို လှပတဲ့
ပုံတစ်ပုံဖြစ်လာတာပါပဲကွယ်""အွန်းနော် ဒီဓာတ်ပုံကို
သမီးတို့လဲ ယူမယ် ဦးလေး"
မငယ်က ပြောခြင်းဖြစ်သည်"ရပါ့ဗျာ ခနစောင့်လေ
ဦးလေးတူကို ပုံထုတ်ခိုင်းလိုက်မယ်""ဟုကဲ့ ဦးလေး သမီးတို့အတွက်
နှစ်ပုံလောက်""အေးကွယ် သွားလိုက်အုံးမယ်"
နေကြာခြံရဲ့ ဘေးမှာ
နဲ"မြင့်နေတဲ့ ကုန်းမြင့်တစ်ခုရှိတယ်
အဲ့ကနေဆိုရင် နေ၀င်တာကို မြင်ရမှာ"မငယ် ဟိုကုန်းမြင့်ကိုသွားကြမလား"
"သွားမယ်လေ"
မငယ်ဆီက လှမ်းလာတဲ့
လက်ကို ဆုပ်ကိုင်ပြီး
ကုန်းမြင့်ကို သွားခဲ့ကြတယ်နေ၀င်ဆည်းဆာအလှရယ်
နေကြာခင်းကြီးရယ်
သွန်းဘေးက နေ၀င်တာကို
ထိုင်ကြည့်နေတဲ့ အမျိုးသမီးရဲ့အလှရယ်
သိပ်ကို ပြည့်စုံနေပါပြီဗျာမငယ်ဟာ သွန်းရဲ့ ပခုံးလေးပေါ်မှီရင်း
နေ၀င်တာကို ကြည့်နေတယ်
လက်နှစ်ဖက်လုံးက သွန်းရဲ့
လက်တွေကို ဆုပ်ကိုင်ထားသေးတယ် 🌻လိုအပ်ချက်တွေရှိတာမို့
အမှားပါရင် ခွင့်လွှတ်ပါရှင် 💛💜

YOU ARE READING
မငယ် ကို ချစ်တယ်
Fantasy"ဘယ်လောက်ပဲ ငိုရ ငိုရ နှလုံးသားက မငယ် မှ မငယ်" *သွန်းရတီဦး* "မင်း ဘယ်လောက်ပဲ ဆိုး" အချိန်တန် တို့ ဆီကို ပြန်လာမှာမလား" *မီမီဇော်* "နင်ကို စတွေ့ကတည်းက သဘောကျခဲ့ရတာပါ ငါ အပိုင်ဖြစ်စေချင်တယ်" "နင် ချစ်တဲ့ အဲ့ဒီအမျိုးသမီးကို ငါ သိပ်မုန်းတာပဲ" *ဖြူနှင်း...