Part-31

1.3K 34 11
                                    

သွန်း နိုးလာတော့ ညနေစောင်းနေပြီ
ဖြူကတော့ နိုး‌လို့ အိပ်ယာပေါ်မှာ
မရှိတော့ဘူးရယ် ။

သွန်းလည်း ထ လိုက်တော့
တံခါးဖွင့်သံနဲ့အတူ ဖြူက ၀င်လာသည်။

"သွန်း နိုးပြီလား"

"အွန်း သွန်း ပြန်တော့မယ်
ညနေ ဆိုင်ကိုသွားရအုံးမှာဆိုတော့"

"ဟုတ် ဒီမှာ သွန်းအ၀တ်အစား
ဖြူ မီးပူတိုက်ပေးထားတယ်"

"အော် ကျေးဇူးနော်"

"လှဲသွားလိုက်အုံးလေ
ဆိုင်မှာက လူများတယ်မလား
ဒီလိုနဲ့ကျ အဆင်မပြေဘူး"

"ဟုတ်ပြီ ဖြူ"

သွန်းလည်း အ၀တ်အစားလှဲပြီးသွားတော့
ဖြူကို နှုတ်ဆက်ပြီး
ဆိုင်ကို သွားရသည်။

ဆိုင်ကို အကုန်ပတ်ကြည့်ပြီး
စာရင်းတွေ လုပ်နေတုန်း
ကောင်းဆီက ဖုန်း၀င်လာသည်။

"ဟလို "

"အေး ဟလို
နင်အားလား"

"အေး အားပါတယ်
ဘာပြောစရာရှိလို့လဲ ပြောလေ"

"အေး မငယ်လှေကားပေါ်က
မူးလဲပြီ ပြုတ်ကျလို့
ငါအခု ဆေးရုံမှာ "

"ဟမ် ဘယ်တုန်းက မူးလဲတာလဲ
အခုကော ဘယ်လိုနေသေးလဲ
သူက ဘယ်မှာလဲ
ဘယ်လို ဖြစ်ရတာလဲ"

"မေးနေတာကလဲ စုံ နေတာပဲ ဟယ်
ငါ စပီကာဖွင့်ထားတာ "

"ဘာ !"

"ဖြေး"အော်ပါ မငယ်ရယ် ငါပဲ ရှိတာ"

မငယ်ကို ဘေးထားပြီး
စပီကာ ဖွင့်ပြောရတယ်လို့ ကောင်းရယ်
တစ်ကယ်ပါပဲ။

"တို့ကို စိတ်ပူနေတာလား
ကလေးမလေး"
ကောင်း ဖုန်းက
မငယ်လက်ထဲရောက်သွားပြီထင်ရဲ့

"ဟုတ်ကဲ့ သက်သာရဲ့လားဟင်"

"ဒါပေါ့ "
မင်း အသံကြားရရင်
နာကျင်သမျ အကုန်ပျောက်ပါ‌တယ်
ကလေးမရယ်။

"ဟဲ့ ငါပြောမယ် "

"ဖြေး" ပြောပါ လန့်တာ"

"အခုကျ ငါအသံကို လန့်တယ်လို့ပြောပြီးပေါ့
ဟုတ်မှာပေါ့လေ သူ့မငယ်အသံမှ
မဟုတ်တာ ဘယ်နားထောင်းကောင်းမလဲ"

မငယ် ကို ချစ်တယ်Where stories live. Discover now