ကောင်းနဲ့ အတူ
ပန်းစည်းကို သွားယူပြီး
မငယ်ကို သွားပေးသင့် မပေးသင့်
သွန်းမှာ ဆုံးဖြတ်ရခက်လေသည်။နာကျင်ပေမဲ့လည်း အဲ့မျက်နှာလေးကို
ငေးကြည့်ချင်ပါသေးသည်
မငယ် ကို ကြောက်သည်
သွန်း အပေါ် မုန်းသွားမှာကို
သိပ်ကြောက်တာ ။
ချစ်မိမှ တော့ မတတ်နိုင်ပါဘူးလေ ။"ဟဲ့! .......မိသွန်း"
"အမယ်လေး လန့်တာ
တိုး"ခေါ်လဲ ကြားပါတယ်ဟယ်
လိပ်ပြာတောင် လွင့်တယ်""ငါ ခေါ်နေတာ 10ခွန်း မက တော့ဘူး
နင် မှ မကြားတာ ""ဟဲ "
"ဘာတွေ တွေးနေတာလဲ
နင် ပန်းစည်းမပေးရဲရင် ငါသွားပေးရမလား""ဟင့်အင်း ငါကိုယ်တိုင် ပေးမှာ"
"အေးပါနင့် သဘော
ငါက နင် အဆင်မပြေဖြစ်မှာဆိုးလို့
ပြီးတော့ နေ့လည်က ကိစ္စကြောင့်.......""ညနေလောက်ကျရင် မငယ်
ပြန်ရောက်လောက်မှာပါ အဲ့ကျမှ
သွားမယ်လေနော် အခုတော့ "
နင်အိမ် သွားမယ်""သွန်း ကောင်း ပြောမဲ့
စကားတွေကို နားထောင်နိုင်စွမ်း မရှိပါ
နေ့လည်က ကိစ္စကို အိပ်မက်တစ်ခုလို
ထားချင်ပါသည် သို့ပေမဲ့
ရဲနေတဲ့ ပါးတွေရယ်
အစ်မို့နေတဲဘ မျက်လုံးတွေရယ်
နာနေတဲ့ ရင်ဘတ်ရယ် ဟာ
အိပ်မက် မဟုတ်ကြောင်း
သက်သေပြလေသည်။"နင်ဆိုသည်မှာ စကားကို
ဖြတ်ပြောနေတာ""ဟင့်အင်း နားမထောင်ချင်လို့ပါ
နားလည်ပေးနော်""ရပါ့ ရပါ့ "
ဒီလိုနဲ့ ကောင်းအိမ်ကို
သွန်းရောက်သွားသည်
တော်သေးတယ် ကောင်းရဲ့
အဖေဟာ အလုပ်သွားနေတာကြောင့်"ဟော ပန်းစည်းတွေဘာတွေနဲ့
မှန်းစမ်း တို့ သမီးလေးကို
ဘယ်ကောင်လေး ပေးလိုက်တာလဲ""ဟင့်အင်း ၀ယ်လာတာ "
"ဟော ဟုတ်လား
ဘယ်သူကို ပေးမလို့လဲ ကွဲ့""မငယ်ကို ဒါပေမဲ့.........."
သွန်း ဘာစကားမှ ထွက်မလာတော့ပါ။
၀မ်းနည်းစိတ်တို့က ပြန်၀င်လိုက်သည်
နေ့လည်က အဖြစ်အပျက်တွေက
ခေါင်းထဲ ပြန်ရောက်လာသည်။

YOU ARE READING
မငယ် ကို ချစ်တယ်
Fantasía"ဘယ်လောက်ပဲ ငိုရ ငိုရ နှလုံးသားက မငယ် မှ မငယ်" *သွန်းရတီဦး* "မင်း ဘယ်လောက်ပဲ ဆိုး" အချိန်တန် တို့ ဆီကို ပြန်လာမှာမလား" *မီမီဇော်* "နင်ကို စတွေ့ကတည်းက သဘောကျခဲ့ရတာပါ ငါ အပိုင်ဖြစ်စေချင်တယ်" "နင် ချစ်တဲ့ အဲ့ဒီအမျိုးသမီးကို ငါ သိပ်မုန်းတာပဲ" *ဖြူနှင်း...