Part-25

1.1K 34 8
                                    

တီ........တီ......တီ.......
နိုးစက် အသံကြောင့်
သွန်း နိုးလာခဲ့သည်။

မျက်နှာသစ်၍ ရေချိုးလိုက်သည်။
3နာရီ ခွဲသွားလေ ပြီ။
Luggage တစ်ခုရယ်
ကျောပိုးအိတ် တစ်လုံးရယ် ကို
သယ်ပြီး ဘယ်သူမှ မကြားအောင်
အိမ်ထဲက နေ ထွက်ခဲ့လိုက်သည်။

ခြံထဲရောက်တော့
ပန်းပင်တွေ ဘက် ခနသွားပြီး
မငယ်အိမ်ဘက်ကို ကြည့်မိသေးသည်။

ဒီလိုနဲ့ ထွက်ခဲ့လိုက်သည်။
ကားပေါ် ရောက်တော့ အစာပြေ
မုန့်တွေကို ထုတ်စားရင်း

ကောင်းရယ် မငယ်ရယ်
ဦးသူ တီခိုင်တို့ရဲ့ ဖုန်းနံပါတ်တယ်က အစ
အကုန်block ခဲ့သည်။

ဒီရပ်၀န်းက‌နေ ရုန်းထွက်မှ ရမယ်မလား
တစ်‌ယောက်"ဆီက မငယ် သတင်းကို
ကြားမိရင် ပြန်ပြေးလာချင်အုံးမှာ။

ဖုန်းနာရီကို ကြည့်မိတော့
5:10 မိနစ် ဒီအချိန်ဆို
အိမ်မှာ ကောင်း တို့ပါ
ရောက်နေလောက်ပြီ ။

[ သွန်း မသိတာက
သူ မျှော်နေတယ်ဆိုတဲ့ သူက
သူကို လိုက်ပို့ ချင်လွန်း" လို့
4ခွဲလောက်ကတည်းက
ထနေတယ် ဆိုတာကို ]

မန္တလေး ကို ရောက်တော့
အဖေတို့ ဟာ ကားဂိတ်ကို လာကြိုသည်။
သွန်း  ပြေးမဖက်ပေမဲ့
အဖေတို့ကို လှပစွာ ပြုံးပြလိုက်မိသည်။

ဒီ‌လိုနဲ့ အိမ်ရောက်တော့
ပင်ပန်းလို့ ခန အိပ်လိုက်အုံးမယ်ဆိုပြီး
အခန်းထဲ ၀င်အိပ်လိုက်သည်။

နေ့လည် 1နာရီ ကျတော့ နိုးလာ၍
နေ့လည်စာကို ထ စားလိုက်သည်။

"သမီး ဘာလုပ်‌မယ်စိတ်ကူးထားလဲ"

"စီးပွာရေး တက္ကသိုလ် တက်မို့
အဖေ "

"အေး ကောင်းပါတယ်"

"ဟုတ်ကဲ့ "

ဒီလို တက္ကသိုလ် စ တက်တဲ့နေ့မှာ
ရင်ခုန် စိတ်လှုပ်ရှားမိ သည်။
မန္တလေးကို ပြန်အခြေချ တဲ့ သွန်းအဖို့
သူငယ်ချင်း လဲ မရှိ။

သူငယ်ချင်း မရှိတာလဲ ကောင်းပါတယ်
မဟုတ်ရင် ကိုယ့် အကြောင်းစပ်စုလို့
နာကျင်စရာတွေ ပြန်သတိရလာ ရင်
ဒုက္ခ။

ပထမ နှစ်တက် ရင်း
ညနေ စောင်း စားသောက်ဆိုင်တစ်ခုမှာ
အချိန်ပိုင်း အလုပ်၀င် လိုက်သည်။
အတွေ့အကြုံလဲ ရရင်း
ပိုက်ဆံလဲ ရရင်းပေါ့။

မငယ် ကို ချစ်တယ်Where stories live. Discover now