Part-29

1.2K 34 14
                                    

အချိန်တွေက အကုန်မြန်လိုက်တာ
သွန်း အဲ့ကနေ ထွက်လာတာ
5နှစ်တောင် ပြည့်ဖို့ 2လသာ
လိုတော့သည်။

မန္တလေးမှာ ကိုယ်ပိုင် စားသောက်ဆိုင်
တစ်ခုလဲ ဖွင့်နိုင်ခဲ့သလို
ကျောင်းလဲ ပြီးသွားခဲ့ပြီ။

ဇော်နဲ့နှင်း နဲ့ဟာ လည်း
လက်ထပ်သွားပြီ ဖြစ်သည်။
ဆုကတော့ မုန့်တွေသာရှိရင်
သူက ပြည့်စုံပြီတဲ့လေ
မုန့်တိုက်များစွာ ဖွင့်ထားလေရဲ့။

ဖြူ ကတော့ သူအဖေ့ လုပ်ငန်းတွေ
ဦးစီး လုပ်ကိုင်နေလေသည်။

အချိန်တွေကြာသွားပေမဲ့ ဒီနေ့ဒီအချိန်ထိ
‌မေ့ မရခဲ့တာ အမှန်ပဲ မငယ် ရယ်။
မငယ် ဘက်က တစ်စက်မျှ
မဆက်သွယ်ကို အပြစ်မတင်ပါဘူး။

သွန်းကိုယ်တိုင်ကိုက
ဆင်းကတ်အသစ်တွေလှဲပြီး
အကုန် အဆက်အသွယ်ဖြတ်ခဲ့တာကြောင့်

လိုက်လာလို့ ရရက်နဲ့
မလိုက်လာတာကိုလည်း အပြစ်မတင်ရက်။
သွန်းအိမ်ကို မသိတာရယ်
ဒီမှာ အသိမရှိတာလည်း ပါမယ်ထင်တယ်။

အတွေးတွေကို ရပ်ရင်း
ဒီနေ့ ဖြူ တို့နဲ့ ချိန်းထားတာကြောင့်
သွန်းလဲ ပြင်ဆင်ရသည်။

အကျီလက်ရှည်ကို မှ
အကျီက နဲ"ရင်ဟိုက်နေသည် ။
သိပ်မပေါ် တာကြောင့်
သွန်းလည်း ၀တ်လိုက်သည်။
ဘောင်းဘီကတော့ အနက်တစ်ထည်
ကောက်၀တ်လိုက်သည်။

ဖြူ တို့နဲ့ ချိန်းထားရာကို
သွန်း ကားမောင်းပြီး လာခဲ့လိုက်သည်။

ချိန်းထားတဲ့ ဆိုင်ကိုရောက်တော့
လူတစ်ချို့ရဲ့ မျက်လုံးတေဠက
သွန်း ဆီကို ရောက်လာတာကို
သွန်း ဂရုမစိုက်မိ။

ဖြူ တို့နဲ့ တွေ့၍ စကားတွေ
ဟိုရောက်ဒီရောက် ပြောဖြစ်ကြရင်း
ဆု က သူ့မုန့်တိုက်ကို
မြင်းခြံမှာ ခွဲ ဖွင့်မို့ တဲ့။

ရှယ်ရာ ဝင်မဲ့
မြင်းခြံက ကောင်လေး တဲ့
ချောလည်း ချောတယ်တဲ့
သူမှာ ဘဲ ရှိတယ်တဲ့
အဲ့တုန်းက သွန်းတို့မှာ ဆုအဖြစ်ကိုကြည့်ပြီး
ရယ်လိုက်ရသေးသည်။

စကားပြောရင်း
အဲ့ကောင်လေးဆီက Vc ခေါ်တော့
ဆု က ကိုင်လိုက်သည်။

မငယ် ကို ချစ်တယ်Where stories live. Discover now