သွန်း နေ့လည်ကျတော့
ကောင်းကို သွားခေါ်လိုက်သည်။"ကောင်း နင့်အိမ်ကို တန်းပြန်မှာလား"
"မပြန်ချင်သေးဘူး
လက်ဖက်ရည်ဆိုင် သွားကြမယ်""အေး ပြီးရောလေ"
နီးရာ လက်ဖက်ရည်ဆိုင်ကို
၀င်လိုက်သည်။"ညီလေးရေ ပေါ့စိမ့်နှစ်ခွက်"
စားပွဲထိုးကောင်လေးကို
ကောင်းက မှာလိုက်ခြင်းဖြစ်သည်ဘေး၀ိုင်းက လူတစ်ချို့ရဲ့ အကြည့်ဟာ
သွန်းတို့ဆီမှာ ရောက်နေတာကို
သွန်းဂရုမစိုက်ဘူး သူတို့ရဲ့
အတွေးတွေ သူတို့အကြည့်တွေကို
သိပေမဲ့ မဖြေရှင်းချင်။
သွန်း ဂရုမစိုက်သလို
ကောင်းဟာလဲ သွန်းနဲ့ အတူ
ဂရုမစိုက်ဘူးဆိုတာကို သိနေတယ်။လက်ဖက်ရည်သောက်ရင်း
လမ်းဘက်ကို မျက်နှာမူလိုက်တော့
တိုက်ဆိုင်စွာ မငယ်ကို တွေ့ရသည်
မငယ် ရဲ့ ဘေးမှာ တစ်ခြား
ယောင်္ကျားတစ်ယောက်။သွန်းရဲ့ အကြည့်တွေဟာ
မငယ် ရဲ့ လက်ဆီကို
ရောက်သွားတဲ့အချိန်မှာ
သွန်း မငယ်ဆီကို ပြေးထွက်လာမိသည်
မငယ်ရဲ့ လက်ဖဝါးနု"လေးက
ထိုလူ လက်ကို တွဲထားတယ်
အဝေးက ကြည့်တာတောင်
မငယ် ပျော်နေပုံကို တွေ့ရသည်ထိုလူကကော မငယ်ရဲ့
အကို၀မ်းကွဲပဲလား
ဒါမှမဟုတ် ........ .....။
သွန်းတွေးသလို မဟုတ်ပါစေနဲ့လို့
စိတ်ထဲက တဖွ"ပြောရင်း
ဆိုင်ထဲကနေ မငယ်ဆီကို
ပြေးထွက်လာမိသည်။"ဟဲ့ သွန်း ဘယ်ကိုသွားတာလဲ"
"အယ့် မငယ်"
"မဖြစ်သေးပါဘူး ငါ လိုက်သွားအုံးမှ"
ညီလေးရေ ဒီမှာ ပိုက်ဆံထားခဲ့ပြီနော်""မငယ်
သူက ဘယ်သူလဲ""အယ့် ကလေးမ"
မငယ်ရဲ့ မျက်၀န်းတွေ
လှုပ်ရှားသွားတာကို သွန်း တွေ့လိုက်ရသည်"မငယ် သွန်း မေးနေတယ်လေ
သူက ဘယ်သူလဲ""ဘာကိစ္စအော်နေတာရတာလဲ"
"သွန်း မေးတာ ဖြေလေ"
"သူက ငါ့ချစ်သူ"
"ဟမ် မဖြစ်နိုင်ဘူး
မငယ် မလိမ်နဲ့
မငယ် ကို ချစ်တာ သိရက်နဲ့"
YOU ARE READING
မငယ် ကို ချစ်တယ်
Fantasy"ဘယ်လောက်ပဲ ငိုရ ငိုရ နှလုံးသားက မငယ် မှ မငယ်" *သွန်းရတီဦး* "မင်း ဘယ်လောက်ပဲ ဆိုး" အချိန်တန် တို့ ဆီကို ပြန်လာမှာမလား" *မီမီဇော်* "နင်ကို စတွေ့ကတည်းက သဘောကျခဲ့ရတာပါ ငါ အပိုင်ဖြစ်စေချင်တယ်" "နင် ချစ်တဲ့ အဲ့ဒီအမျိုးသမီးကို ငါ သိပ်မုန်းတာပဲ" *ဖြူနှင်း...