မနက်မိုးလင်းတိုင်း
မငယ်ကို စာသင်တဲ့ နေရာကို
လိုက်ပို့တာက သွန်းရဲ့ နေ့စဉ်
တာ၀န်လို့ ဖြစ်နေလေတယ်မနက်တိုင်း မငယ်ဆီက အပြုံးတစ်ပွင့်ရယ်
ကြောင့် တစ်နေ့တာ ဟာ
သိပ်ကိုပြည့်စုံသွားတယ်
အိမ်မှာ စိုက်ထားတဲ့ နှင်းဆီပင်က
နှင်းဆီနီ တစ်ပွင့် ပွင့်တော့မငယ်ကို
မျက်လုံးထဲ အရင်မြင်မိတယ်
မငယ်ရဲ့ ဆံနွယ်ထက် ဒီနှင်းဆီနီလေး
ပန်ထားရင် သိပ်ကို လှနေမှာ"ကလေးမရေ"
ဟော သူအကြောင်းတွေးရင်း
သူက ခြံ၀ကနေ လှမ်းခေါ်ပြီး
၀င်လာသည်
ညင်သာစွာ လျှောက်လှမ်းလာပုံတွေက
သိပ်ကို ကြည့်လို့ကောင်းတာ
ကြည်ပြာရီဝေတဲ့ အကြည့်တွေရယ်
မိတ်ကပ် ခပ်ပါး"လေး လိမ်းပြီး
ပါးနှစ်ဖက်ထက်မှာ ပါးကွက်ကြားလေးနဲ့
သိပ်ကို လှပလွန်းတယ်
မြန်မာဆန်စွာ ရင်ဖုံးအင်္ကျီအပြာနုလေးနဲ့
သိပ်ကို လိုက်လွန်းပါတယ်
နှုတ်ဆီဖူးသဖွယ် နီရဲနေတဲ့
နှုတ်ခမ်းတွေကို နမ်းပစ်ချင်လိုက်တာ
ဟော ကတ္တီပါ ဖိနပ်အနက်လေးကလေ
မငယ်ရဲ့ ဖြူဖွေးတဲ့ ခြေဖမိုးနဲ့
သိပ်လိုက်ဖက်တာပဲ"အဲ့လောက် စိုက်မကြည့်ပါနဲ့ကွယ်
တို့ မနေတတ်ဘူး""ဟီး မမငယ် ဒီနေ့ သိပ်လှတာပဲ"
"ဘုရားသွားမို့ မင်းကို လာခေါ်တာ"
"ဟမ် "
"မဟမ်နဲ့ ငြင်းရင်
တို့ စိတ်ဆိုးမှာ""ဟောဗျာ ရေချိုးလိုက်အုံးမယ်
စောင့်မယ် မလား""အွန်း သွား ချိုးလေ ဒီမှာ
စောင့်နေမယ်""ဟုကဲ့ မမငယ်"
သွန်းလဲ ရေမြန်"ချိုးပြီး
အ၀တ်အစားလဲ လိုက်တယ်
ကြာနေရင် မငယ် စိတ်ဆိုးမှာ
ဆိုးလို့လေသွန်းလဲ ရင်ဖုံးအင်္ကျီ
မီးခိုရောင်ကို ၀င်လိုက်တယ်
သွန်းရဲ့ ဂုတ်ထောက် ဆံပင်တွေကို
သေချာ ပြင်ဆင်လိုက်တယ်
နှုတ်ခမ်းတွေကို ပန်းနုရောင်လေး
ခပ်ပါး"ဆိုးဖြစ်တယ်သွန်းထွက်လာလိုက်တော့
မငယ်က သွန်းကို သေချာကြည့်ပြီး
လာခဲ့ဆိုပြီး ဆွဲခေါ်သွားပါလေရော

YOU ARE READING
မငယ် ကို ချစ်တယ်
Fantasy"ဘယ်လောက်ပဲ ငိုရ ငိုရ နှလုံးသားက မငယ် မှ မငယ်" *သွန်းရတီဦး* "မင်း ဘယ်လောက်ပဲ ဆိုး" အချိန်တန် တို့ ဆီကို ပြန်လာမှာမလား" *မီမီဇော်* "နင်ကို စတွေ့ကတည်းက သဘောကျခဲ့ရတာပါ ငါ အပိုင်ဖြစ်စေချင်တယ်" "နင် ချစ်တဲ့ အဲ့ဒီအမျိုးသမီးကို ငါ သိပ်မုန်းတာပဲ" *ဖြူနှင်း...