Part-24

1.2K 41 9
                                    

သွန်း နေ့လည်ကတည်းက
အိပ်လိုက်တာ အခု 4နာရီခွဲပြီ။

ဟူးးးးးးးး
သက်ပြင်းတစ်ချက်ကို ချရင်း
အိပ်ယာကနေ ထ လိုက်သည်။

တံခါးခေါက်သံကို ကြားလိုက်ရသဖြင့်
ဖွင့် ကြည့်တော့ ကောင်း ဖြစ်နေသည်။

"အယ့် .....ကောင်း "

"မအယ့် နဲ့ အောက်ဆင်းခဲ့
ခြံထဲမှာ စောင့်နေမယ်"

"အေး" လာခဲ့မယ်"

သွန်းလဲ နည်း"ပါး" ပြင်ဆင်ပြီး
ခြံထဲကို ဆင်းလိုက်သည်။

"နင် မန္တလေး ပြန်တော့မယ်ဆို"

"ဟော သတင်းက မြန်လိုက်တာ"

"သတင်းက မမြန်ဘူး
နင့် စိတ်က မြန်နေတာ"

"အွန်း မထင်မှတ်ပဲ ဖြစ်သွားတာပါ"

"မနက်က ကိစ္စကြောင့်လား"

"..........."

"ငါ နားလည်ပါတယ်ဟာ
ဒါပေမဲ့ ငါက နင်နဲ့ မခွဲချင်သေးဘူး"
ကောင်းဟာ စကားပြောနေရင်း
ငိုမဲ့" ဖြစ်နေသည်။

"နင်ကလဲ ငါက ပြန်လာမှာကို
ဆက်သွယ်လို့လဲ ရနေတာကို"

"ငါမှာ ရှား"ပါး" သူငယ်ချင်းဆိုလို့
ဒီတစ်ယောက်လေးရှိတာကို
အခု နင်က........"

ကောင်း ဟာ ငိုသည် ။
ကောင်းကို သွန်း သူငယ်ချင်း
တစ်‌ယောက်လို ထက်‌
မောင်နှမ အရင်းပမာ ချစ်ပါသည်။
ကောင်းကော ထိုနည်းအတူ။

"နင်ကလဲ မငိုပါနဲ့
နင် ငိုတော့ ငါငိုချင်တယ်"

သွန်း ငိုမဲ့" ဖြစ်တောဘ
ကောင်းဟာ ကပျာကယာ
သူ့မျက်ရည်တွေကို သုတ်ပြစ်သည်။

သူကြောင့် ငိုရတာ များပြီမလား
ငါကြောင့် မငိုစေချင်လို့တဲ့

"နင် ဟာလေ "
သွန်း ဒီတစ်ခါတော့ တစ်ကယ်ငိုမိသည်။
ကောင်းဟာလည်း သွန်းနဲ့ အတူ
လိုက်ငိုနေတယ်ဆိုတာကို သွန်းသိသည်။

"အော်......ဟဲ့ ဒီကလေးတွေ
မငိုကြနဲ့လေကွယ်"
တီခိုင်က ၀င်ပြောခြင်းဖြစ်သည်။

"ပြီးရင် ပြန်‌တွေ့ကြမှာကို
ကောင်းအားတဲ့ အချိန် သွန်းဆီ
သွားလည် ပေါ့ သွန်းကလဲ
အားရင် ဒီကို ပြန်လာပေါ့ ကွယ်
ပြီးတော့ ဖုန်းတွေရှိနေတာ
ဆက်သွယ်လို့ရတာကို "

မငယ် ကို ချစ်တယ်Where stories live. Discover now