Part-10

1K 30 0
                                    

အပေါ်ထပ် မငယ်ရဲ့ အခန်းတံခါးကို
အသာ တွန်းဖွင့်လိုက်တယ်
ကုတင်ပေါ်မှာဘေးတစောင်း အိပ်လေရဲ့

မငယ်နား ကပ်ပြီး မငယ် မျက်နှာလေးကို
ထိုင်ငေး‌နေမိတယ် မငယ်ကို
ချစ်လား မချစ်လားသေချာ
မသိသေးပေမဲ့ မငယ်ကို မတွေ့ရတဲ့
ရက်တွေ အတွင်းမှာ လွမ်းနေခဲ့တာ

ဟော ခနနေတော့ မငယ်ရဲ့ မျက်လုံးတွေ
ပွင့်လာတယ် မငယ် နှုတ်ကထွက်လာတဲ့
စကားက "မင်း ဘာလာလုပ်တာလဲ" တဲ့

"မငယ် နေမကောင်းဘူးဆို
ဂရုစိုက်မှာပေါ့ မငယ်ရာ"
သွန်း တစ်ကယ်ကို စိတ်ပူမိတယ်

"မင်း အပူပါလား နောက်ပြီး
အဲ့ စိတ်ပူနေတဲ့ မျက်၀န်းတွေနဲ့
ငါကို မကြည့်စမ်းပါနဲ့"

"ဘာလို့လဲ မငယ်ရာ
သွန်း တစ်ကယ်စိတ်ပူလို့ပါ
ဆေးကော သောက်ပြီပြီလား"

"မသောက်ရသေးဘူး"

"ဘာ စားထားလဲ"

"ဘာမှမစားရသေးဘူး"

"ဟမ် ဘာစားမလဲ
ဘာ၀ယ်ပေးရမှာလဲ ဟင်"

"ဘာမှ၀ယ်ပေးစရာ မလိုဘူး
နောက်ပြီး ငါဆီ လာစရာ မလိုဘူး"

"ဟင် ဘာလို့လဲ သွန်းမှ မနေနိုင်တာကို"

"မင်းကောင် နဲ့ပဲ နေလေ
မင်းကောင်ကိုပဲ ဂရုစိုက်စမ်းပါ"

အခုထိ သူထင်ရာကိုပဲ
ပြောနေတော့တာပဲ

"မငယ် နဲ့ပဲ နေမှာလေနော်
အခုတောင် သွန်းက လွမ်းလို့
မငယ်ဆီလာတာလေ
မငယ်က နေနိုင်ချက် သွန်းဆီကို
မလာဘူး"

"ငါလာတော့ မင်း မှ မရှိတာ"

"ဟင် ဘယ်အချိန်ကလဲ မမငယ်"

"10နာရီလောက်က
မင်း သူငယ်ချင်းနဲ့ အပြင်သွားတယ်ဆိုလို့"

"အော် ဟုတ်တယ်"

"ဒါနဲ့မင်း ဘယ်တုန်းက
သူငယ်ချင်းရသွားတာ"

"မနေ့က လေ"

"အင်း"

"မငယ် လာပါ တစ်ခု"
စားရအောင်လေနော်"

"မစားချင်ဘူး"

"မမငယ်ကလဲ"

"မင်းသိလား "

"ဟင်"

"မင်းကို ထားခဲ့ပြီး ပြန်တဲ့နေ့ကလေ
ငါ ဒီအခန်းထဲကနေ
မင်းတို့ အိမ်ကို ခန"လှမ်းကြည့်နေတာ
မင်းကို မျှော်ရလွန်း"လို့
ထားခဲ့တဲ့ ကိုယ်ကို့ အပြစ်တင်နေတာ
ဒါပေမဲ့ မင်းပြန်လာတော့
ဘေးမှာ ကောင်လေးတစ်‌ယောက်နဲ့
ညနေ မင်းလာရင် မေးရမယ်ဆိုပြီး
တွေးထားပေမဲ့ မင်းကလဲ မလာ
မင်း ကောင်လေးများလားဆိုပြီး
တစ်ညလုံး ငိုခဲ့ရတာ
မနက်ကျတော့ ကလေးတွေကို
ကျူရှင်ပိတ်ပြီး မင်းဆီလာခဲ့ပေမဲ့
မင်းသူငယ်ချင်းနဲ့ ထွက်သွားတာတဲ့
ပြန်လာတော့ မနေ့က ကောင်လေးနဲ့
ငါမှာ မင်းတို့ ပြုံးရယ်နေတာကို
ဒီနားက ကြည့်နေရှာတာ မင်း မသိဘူး"

စကားဆုံးတော့ မမငယ်ဟာ ငိုလေရဲ့
မငယ်ရဲ့ မျက်ရည်တွေမြင်ရတာ
သိပ်နာကျင်တာပဲ မငယ်ရာ

"မငယ်ရာ မငိုပါနဲ့နော်
သူကလဲ သွန်းသူငယ်ချင်းပါ
မငယ် မယုံရင် မိတ်ဆက်ပေးမယ်လေ
မငိုနဲ့တော့နော်"

ရင်ခွင်ထဲ၀င်ပြီး ပွေ့ဖက်ထားမိတယ်
ရင်ခွင်ထဲက အမျိုးသမီးဆီက
ရှိုက်သံ အနည်းငယ်သာ ကြားရသည်

"ကလေးမ"
ရင်ခွင်ထဲမှာ ခေါ်ခြင်းဖြစ်သည်

"ဗျာ"

"စက်ဘီး စီးချင်တယ်"

"ရတာပေါ့ဗျာ ဒါပေမဲ့
စက်ဘီးစီးပြီးရင်
တစ်ခုခုစားပြီး ဆေးသောက်ရမှာ‌နော်
ဂတိပေး"

"ပေးတယ် ဂတိ"

"စက်ဘီး သွားထုတ်လိုက်အုံးမယ်
စောင့်နေနော် မငယ်"

"ဟုပါပြီရှင်"

လိုအပ်ချက်တွေ ရှိတာမို့
အမှားပါရင် ခွင့်လွှတ်ပါရှင် 💜💜

မငယ် ကို ချစ်တယ်Where stories live. Discover now