Part-30

1.2K 33 14
                                    

ဒီနေ့ မနက် သွန်းနောက်ကျမှ
ထ မိသည်။ ညက အိပ်တာ
ညနက် သွားတာကြောင့် ထင်ရဲ့
9ခွဲမှ နိုးလေသည်။

ဖြူက သွန်းကို လာခေါ်သည်။
သွန်းလဲ ဖြူတို့ အိမ် လိုက်သွားရင်း
ဖြူ အခန်းထဲမှာ
ဇာတ်ကားကြည့်နေကြသည်။

"သွန်း ဘာသောက်မလဲ"

"ကော်ဖီအေး "

"ဟုတ်ပြီ ခနနော်"

ခနကြာတော့ ဖြူက ကော်ဖီခွက်ကို
ကိုင်ပြီး ယူလာသည်။
သွန်းလဲ ဖြူ ဆီက ကော်ဖီခွက်ကို
အယူ ကော်ဖီခွက်ဟာ
ကြားထဲမှာ လွှတ်ကျပြီး
သွန်း အကျီနဲ့ ဘောင်းဘီပေါ်မှာ
မှောက်သွားလေသည်။

"အာ့ "

"အယ့် သွန်း sorry "
ဖြူ လောသွားလို့ "

"အာ့ ရတယ် ဒါပေမဲ့စိုကုန်ပြီရော"

"အာ့ ဟုတ်သားပဲ"

ဖြူက ခန စဉ်းစားဟန်ပြုပြိး

"အော် သိပြီ
သွန်း အတွက် ဖြူ ၀ယ်ထားတဲ့
အကျီရှိတယ် ‌ပေးမို့" နဲ့ မေ့နေတာ"

"အော် ဟုတ်လား"

"အွန်း အဲ့တာ ၀တ်လိုက်ပါလား
ရေချိုးရင်းပေါ့"

"အော် ဟုတ်ပြီ"

သွန်းလဲ ရေချိုးခန်းထဲ ၀င်ပြီး
ရေချိုး လိုက်သည်။
ဖြူ ပေးတဲ့ အကျီနဲ့ ဘောင်းဘီ
ကို ကြည့်ပြီး သွန်း ‌သွေးတက်မိသည်။

အကျီက ရင်ဟိုက်ပြီး
ဘောင်းဘီက တိုလွန်းသည်။
နှစ်ခု တွဲ၀တ်လိုက်ရင်
ဘောင်းဘီက အနည်းငယ်သာ
ပေါ်တော့သည်။ တိုလွန်းသည်။

ဒါပေမဲ့လည်း မငြင်းတော့ပဲ
၀တ်လိုက်သည်။

၀တ်ပြီး ဖြူ ဆီထွက်လာတော့
ဖြူက သွန်းကို ကျေနပ်တဲ့
အပြုံးနဲ့ ကြည့်နေလေသည်။

"ကြိုက်ရဲ့လား ဖြူ ၀ယ်ထားတာ"

"ကြိုက်ပါတယ်
ဟိုလေ နဲ"ဟိုက်သလား လို့
ဘောင်းဘီကလည်း တိုလွန်းတယ်
ပြန် လှဲလိုက်ရင်ကောင်မလား"

"ဟင့်အင်း မလှဲရပါဘူး
သွန်း ပဲ ဒီလို၀တ်ရတာ ကြိုက်တယ်ဆို"

သွန်း ဟိုတစ်နေ့က ရွဲ့ပြောတာကို
ဖြူက တစ်ကယ်ကြီးထင်နေတာလား
ဒါမှမဟုတ် သွန်းကိုပဲ ရွဲ့‌နေတာလား

မငယ် ကို ချစ်တယ်Where stories live. Discover now