Part-21

1.1K 33 2
                                    

လူရှင်းတဲ့ နေရာတစ်ခုကို
ရောက်တော့
ကောင်း ဟာ ဆိုင်ကယ် ကို
ရပ်ပေးသည်
သွန်းဆိုင်ကယ် ပေါ်က ဆင်းရင်း
ခုံတန်းပေါ် ထိုင်မိသည်။

"သွန်း နင် ငိုချင် ငိုချလိုက်လေ
ဘာတွေဖြစ်ခဲ့မှန်း မသိပေမဲ့"

"မငယ်ကလေ ငါကို မမြင်ချင်ဘူးတဲ့
ထွက်သွားတဲ့ ပန်းတွေကိုကော
နံရံနဲ့ ရိုက်ပစ်တယ် "

"ပြီးတော့ အဲ့လူကို ထိတာကြောင့်
ငါကို လူပုံအလည်မှာ
ပါးရိုက်ခဲ့ပြန်သည်
ပြီးတော့....... ပြီးတော့......."

သွန်း ဘာစကားမှ ထွက်မလာတော့ပါ။
မျက်ရည်တွေ အဆက်မပျက်
စီးကျနေသည်။ ငိုရှိုက်မှုကြောင့်
စကားတစ်ခွန်းမှ ထွက်မလာတာလား။
နာကျင် လွန်းလို့ ထွက်မလာတာလား
သွန်း မသိတော့ပါ။

"ဘာမှမဖြစ်ဘူးလေနော်
ငါရှိတယ်" နော် ငို ချလိုက် "

ကောင်းဟာ သွန်းရဲ့
နောက်ကျောပေါ် လက်တင်ရင်း
ဖက်ထားသလိုမျိုး နှစ်သိမ့်ပေးသည်

ကောင်းမှာ သွန်းကို နှစ်သိမ့်ဖို့
စကားလုံးတွေ ရှာမရဘူးထင်တယ်
ဘာလိုပဲ ဖြစ်"သူ ရှိနေလို့
တော်ပါသေးတယ်။

"နင် သောက်မလား"

"အွန်း သောက်မယ်
မူးပြီး ဘာမှမသိတော့တဲ့ အချိန်ထိ
သောက်ပြစ်မယ်"

"လာ သွားဆို"

"အရက်ဆိုင်မှာ မသောက်ချင်ဘူးနော်
ဒီတိုင်း ၀ယ်ပြီး
တစ်နေရာ"မှ သောက်ချင်တာ"

"အွန်း သိတယ်လေ
နင်ရယ် ငါရယ် အတူတူ
၀ယ်ထားတဲ့ အိမ် လေ
အဲ့မှာ သွားသောက်ကြမယ်"

"အွန်း သွားမယ်"

ကောင်းဟာ alcohol သီးသန့်
ရောင်းတဲ့ ဆိုင်ကို ၀င်လိုက်သည်
သွန်းလဲ ကောင်းနဲ့ အတူ
လိုက်၀င်လိုက်သည်။

GRAND ROYAL [black]ရယ်
ရောသောက်ဖို့ အချိုရည်3ဘူးရယ်
Chang တစ်ပုလင်းရယ်
cigarette တစ်ဘူး၊
မြည်းဖို့ အာလူးကြော်ရယ်
မုန့်တွေရယ်။

အားလုံး၀ယ်ပြီးသွားတော့
ကောင်းနဲ့ သွန်းဆက်တူ၀ယ်ထားတဲ့
အိမ်ကို ပြန်လာခဲ့လိုက်သည်။

အိမ်ရဲ့ အတွင်းတည်ဆောက်ပုံက
၀င်ချင်း" ဧည့်ခန်း ရဲ့ အနောက်မှာ
အခန်းငယ် တစ်ခန်းရှိပြီး
အခန်းငယ်ရဲ့ ဘယ်ဖက်ခြမ်းမှာ
အပေါ်တက်ဖို့ လှေကား ရှိသည်။

မငယ် ကို ချစ်တယ်Where stories live. Discover now