Part-32

1.4K 37 14
                                    

ဒီနေ့လဲ နောက်ကျမှ နိုးဖြစ်သည်။
ညက အိပ်တာ နောက်ကျသွားတာကြောင့်
ဖြစ်မယ်။ နိုး"ချင်း ရေချိုးပြီး
မနက်စာ စားရန် အောက်ဆင်းလာခဲ့သည်။

မနက်စာ စားရင်းအဖေနဲ့အမေကို
မနက်ဖြန် အဖွားတို့ဆီ အလည်ပြန်ဖို့ကို
ပြောလိုက်တော့ အဖေ ဟာ
အံဩ နေသည်။

"ဟေ သမီးကလဲ
ပြန်လာတော့လည်း အကျိုးအကြောင်း
ဘာမှ မကြားပဲနဲ့ ပြန်လာပြီး
အခု အလည်ပြန်မယ်ဆိုတော့လည်း
ချက်ချင်းကြီး"

"ဟုတ်ပါ့အေ
ညဉ်းအဖေပြောတာလဲ အမှန်ပဲ"

အမေကပါ အဖေ့ ပြောတဲ့စကားကို
ထောက်ခံ လေသည်။

"ဟီးးးးး နော်"

"အေး အဖေတို့လည်း
ခရီးထွက်စရာရှိတယ် "

"ဟာ အဲ့ဆို အတော်ပဲပေါ့
အဖေနဲ့ အမေ အတူတူ ထွက်လိုက်
သမီးက အလိုက်သိသောအားဖြင့်
မြင်းခြံကို အလည်ခန နေပေးမယ်"

"အမယ်လေးအေ ကိုယ်ဘာသာ
ပြန်ချင်ရင် ပြန်ချင်တယ် ပြောပေါ့
ဘယ်နှယ့် ဆွဲထည့်နေရတာလဲ"

"ဟီးးးးး အမေကလဲ"

"အ၀တ်အစားတွေကော ထည့်ပြီပြီလား"။

"ဟင့်အင်း ခနနေမှ"

"ရှင့်သမီးကတော့ မြင်းခြံမှ
တွေ့နေပြီထင်တယ် "

"ဟုတ်လား သမီး "

"အမေ ထင်တာ မလွဲဘူးဆိုရင်
မီ ကို မလား"

"ဟင် "

အမေ တို့က သိနေတာတဲ့လား
အမေတို့ ပုံစံက သဘောတူတဲ့ ပုံစံမျိုးရယ်
အစကတည်းက မငယ် တို့ညီမ နဲ့
အမေက သိတာကြောင့်
စိုးရိမ်စရာ မရှိ။

"ဟုတ်တယ် အမေ"

"ဒါဆို ဖြူ ကကော"
သွန်း အဖေက မေးခြင်းဖြစ်သည်။

"ဒီတိုင်း ရိုး"‌ပါ အဖေ "

"သေချာရဲ့လား ဖြူမျက်၀န်းတွေကို
အဖေ ရိပ်မိပါတယ်"

"‌ရှင် ကလဲ မီ လေးက ကျူရှင်ဆရာမ
ဆရာမ ဆိုတဲ့ ဂုဏ်လေးရယ်။
။ လူကြီးတွေအပေါ် သိတတ်တာ
တွေ၊လိမ္မာတာကော ၊
သူ အသိုင်းအဝိုင်းကလဲ
အေး"ချမ်း"ပဲ ။
ဘာပြောစရာရှိလဲ အရှုပ်အရှင်းလဲ
ကင်းတယ် ၊သွန်းကိုဂရုစိုက်တတ်တာ‌တွေ
အို့..ကျွန်မ သမီးကို မီ နဲ့ပဲ သဘောတူတယ်"

မငယ် ကို ချစ်တယ်Where stories live. Discover now