ပိုင်ချင်းယန် *system ရေ ငါ့ကို တစ်ခု ကူညီ*
System '????????'
ကလေးမလေး အနားကို သူရောက်သွားတဲ့အချိန်မှာ ကလေးမလေးက အလန့်တကြားသူ့ကိုကြည့်နေခဲ့တယ်။ သူမကြည့်ရတာ သူ့ကိုတွေ့လို့ လန့်သွားပုံဘဲ သူလည်း သူမကို
"သမီး ဒီမှာ ဘာလုပ်နေတာလဲ ဖေဖေ့ကိုပြောပါအုံး။ ဒါနဲ့ သမီး ဖေဖေ့ကို အမှန်အတိုင်းဖြေရမယ်နော်။ သမီး အခုလုပ်နေတာကို ဘယ်သူသင်ပေးတာလဲ သမီး"
ပိုင်ချင်းယန် "ဖေဖေ အဲ့တာ...."
သူ ကလေးမလေး မလန့်အောင် ချော့မော့ ပြောနေပေမယ့် ကလေးမလေးက သူ့ကို ကြောက်နေသလိုနဲ့ စကားတွေထစ်နေတော့တယ်။
သူစကားထပ်ပြောရန်ပြင်လိုက်ချိန် ရုတ်တရတ် တိုက်ခတ်လာတဲ့ လေပြင်းနဲ့အတူ ကြားလိုက်ရတဲ့ ယောကျာ်းတစ်ယောက်အသံကြောင့် သူ့ခန္ဓာကိုယ် ခေတ္တခဏ တောင့်ခဲသွားပြီး မသိစိတ်ရဲ့ နှိုးဆော်ချက်အရ သူ့ရဲ့ ဓားကို ဓားအိမ် ထဲက ဆွဲထုတ်လိုက်မိတယ်။
"ခင်ဗျားက ဘယ်သူလဲ။ လူလုံးထွက်မပြ ဘဲ ဘာလို့ ပုန်းနေတာလဲ။ ဘာရည်ရွယ်ချက်ရှိလို့လဲ"
သူ့ရဲ့ ဆက်တိုက်မေးနေတဲ့ မေးခွန်းတွေအဆုံး ထိုသူက ခပ်ဖွဖွ ရယ်လာတယ်။ သူရဲ့လေသံက နူးညံ့ ညင်သာပြီး ကြားရသူရဲ့ နားကို ကြက်မွှေးလေးနဲ့ တို့နေသလို ယားကျိကျိဖြစ်စေတာကြောင့် သူမျက်မှောင်ကြုတ်မိလိုက်မိတော့တယ်။
တကယ်ဘဲ ထို ပုဂ္ဂိုလ်က ဘယ်သူလဲ? ထိုလူရှိနေတာကို သူ ဘယ်လိုမှ မခံစားမိခဲ့ဘူး။ကြည့်ရတာ ထိုပုဂ္ဂိုလ်က သူ့ထက်အဆင့်မြင့်နေပီး ခန့်မှန်းမရတဲ့ အဆင့်မှာ ရှိနေတဲ့ပုံဘဲ။ ထိုသူနဲ့ ကလေးမလေးနဲ့က ....ဘာတွေလဲ??
သူ အတွေးထဲ နစ်မြောနေစဉ် ထိုလူရဲ့ သူ့နာမည် ခေါ်တာကို ကြားလိုက်ရတော့သူ ထိတ်လန့်သွားမိတော့တယ်။
YOU ARE READING
I got a wife as the system
Historical Fictionသူမသေသွားခဲ့တယ် ဟုတ်တယ် ဒါပေမယ့် သူမ သေပီးချင်းချင်းမှာဘဲ မိခင်တစ်ဉီးရဲ့ ဗိုက်ထဲက သန္ဓေသား အဖြစ်နဲ့ သူမနေခဲ့ရပြီးနောက်မှာဘဲ ထိုမိခင်ဆီမှာ ကိုးလလွယ် ဆယ်လဖွားခြင်းခံခဲ့ရပီး ထပ်မံ စွန့်ပစ်ခံခဲ့ရတယ် ရယ်စရာမကောင်းဘူးလား။ ဟက်.. အဲ့တာနဲ့တင်သူမဘ၀က ပီးသွားပ...