"ဖွီ မင်းတို့လိုချင်တိုင်း ငါ ကိုယ်တော် ပေးစရာလား စကားများမနေနဲ့ သတ်မှာမလား သတ်လိုက် သတ်ပြီးရင်တော့ မင်းတို့ လိုချင်တာကို တစ်သက်လုံး မရတော့ဘူးသာ မှတ်လိုက်တော့။"
"စကားများတယ်ကွာ ဟဲ့ဟျောင်တွေ အဲ့မင်းသား အသက်ရှင်နေပစေ တခြားဘာဖြစ်ဖြစ်ကွာ အသက်ရှင်ပြီး စကားပြောနိုင်ရင်ရပြီ ကျန်တာ ဘာလုပ်လုပ် မင်းတို့သဘောဘဲ။ သူ့လူတွေကတော့ အသုံးမလိုတော့ဘူး သတ်ပစ်လိုက်တော့"
*စွင်အာ ကြားလား သူတို့က မသတ်ဘူးတဲ့ ငါလည်း ကယ်စရာမလိုတော့ဘူး မလား?*
'ಠ︵ಠ အဲ့လိုမရပါဘူး အားချင် အမှတ်တွေရမှာနော် ပြီးရင် လိုချင်တာ အကုန်လဲလို့ရတယ်။ ဟိုမြေခွေးတုန်းကကျ ဘာမှလည်းမရဘဲနဲ့ အလကားကူညီပြီး ဇာတ်လိုက်က အားချင်အတွက် ငွေထုပ်နော် သူ့ကို ကယ်လိုက်တာနဲ့ လက်ထဲမှာ အမှတ်တွေသီးနေမှာ"
*ဘာမှမရဘူး မပြောနဲ့ စူးစူးက ငါ့ကို ကျောက်စိမ်းပြားပေးခဲ့ပါတယ်နော် ဟွန့်*
'တော်ပြီ အမြန်ကယ် ဟိုမှာ သတ်ကုန်ပြီ'
ဟုတ်ပါတယ် သူတို့စကားများနေတုန်း ဟိုမှာ အသေချကုန်ကြပါပြီ ဇာတ်လိုက်မှာ လူရုပ်တောင်မပေါ်ချင်တော့ဘူး သူ့ နောက်လိုက်အချို့လည်း သေကုန်ကျပြီ ဒါပေမယ့် သူတို့က သူတို့ သခင်ဖြစ်သူအတွက် မတွန့်ဆုတ်ကျဘဲ အသက်ကို ပေးအပ်နေကျတော့တယ်။ ဇာတ်လိုက်အဖွဲ့ထဲက ကောင်းကင်အဆင့်ကျင့်ကြံသူက "အရှင် အမြန်ပြေးတော့ ကျွန်တော်တို့ တားထားမယ် အမြန်ပြေး!!!"
သူမလည်း အခုအချိန်က သူမ ၀င်ပါသင့်ပြီဆိုတာ သိလိုက်ပြီ
တစ်ဖက်နဲ့တစ်ဖက် အပြင်းအထန် တိုက်ခိုက်နေကျချိန် ရုတ်တရတ် လွင့်ထွက်သွားကျတဲ့ အမဲ၀တ်နဲ့လူတစ်စု
ထိုအချိန် မျက်နှာကို ပုဝါပါးတစ်ခုဖြင့် အုပ်ကာထားသော အမျိုးသမီးလေးတစ်ယောက် ကောင်းကင်ပေါ်မှ မြေပြင်သို့ ကြော့ရှင်းသိမ်မွေ့စွာ ဆင်းသက်လာလေတယ်။စိမ်းပြာရောင်၀တ်စုံ၀တ်ဆင်ထားပြီး လက်တစ်ဖက်မှာတော့ ခေါက်ယပ်တောင် တစ်ချောင်းကို ကိုင်ဆောင်ထားတယ်။ သူမရဲ့ ခေါက်ယပ်တောင်ကို ဝှေ့ရမ်းလိုက်တဲ့ တစ်ခဏမှာဘဲ မြေပြင်ပေါ်လဲကျသွားတဲ့ လူအုပ်မှာ ဖောက်ခွဲခံလိုက်ရကာ သွေးများနှင့် အတွင်းကလီစာများမှာ နေရာအနှံ့ပြန့်လွင့်ကာ နေရာအနှံ့ သွေးချင်းချင်း နီနေတော့တယ်။သွေးများနှင့် အတွင်းကလီစာများ နေရာအနှံ့ ပျံ့လွင့်သွားသော်လည်း ထိုသွေးချင်းချင်းနီရဲနေသော နေရာနှင့် မလိုက်ဖက်စွာ သူမ ကတော့ ဖြူစင်သန့်ရှင်း နေသည်မှာ ထိုသို့သော အရာများကို သူမ မလုပ်ဆောင်ခဲ့သလိုပင်
YOU ARE READING
I got a wife as the system
Ficción históricaသူမသေသွားခဲ့တယ် ဟုတ်တယ် ဒါပေမယ့် သူမ သေပီးချင်းချင်းမှာဘဲ မိခင်တစ်ဉီးရဲ့ ဗိုက်ထဲက သန္ဓေသား အဖြစ်နဲ့ သူမနေခဲ့ရပြီးနောက်မှာဘဲ ထိုမိခင်ဆီမှာ ကိုးလလွယ် ဆယ်လဖွားခြင်းခံခဲ့ရပီး ထပ်မံ စွန့်ပစ်ခံခဲ့ရတယ် ရယ်စရာမကောင်းဘူးလား။ ဟက်.. အဲ့တာနဲ့တင်သူမဘ၀က ပီးသွားပ...