အပိုင်း(၁၀)နှုတ်ဆက်ခြင်း၊ခွဲခွာခြင်း

230 27 0
                                    

^^(၅)နှစ်ကြာပြီးနော်^^

ထို ငါးနှစ်အတွင်း သူမရဲ့မဆုတ်မနစ်ကြိုးပမ်းမှုကြောင့် သူမ၏ကျင့်ကြံဆင့်မှာ ကောင်းကင်အဆင့်ရဲ့ တတိယမြောက်အဆင့်ဖြစ်တဲ့ ကောင်းကင်ဘုံအား အံတုခြင်း အဆင့်သို့ ရောက်ရှိကာ အဂ္ဂိရတ်ပညာတွင်မူကား ဆရာသခင် အဆင့်သို့ ရောက်ရှိခဲ့တော့တယ်။

ထို့နောက်မှာတော့ သူမ နှလုံးသွေးကို ဖောက်ထုပ်ကာ စူးစူး အတွက် ဆေးဖော်စပ်ဖို့ ပြင်ဆင်ရတော့တယ်။ သူမ ထိုဖြေဆေးအတွက် အချိန်အများကြီး ဆွဲထားမိတာကြောင့် စူးစူးကို အားနာမိတယ်။

နှလုံးသွေးဖောက်ထုပ်ရတဲ့ ဖြစ်စဉ်မှာ ဖောက်ထုပ်ခံရသူဟာ သတိအပြည့်ရှိနေဖို့ လိုအပ်တယ်။ထိုမှသာ ရရှိလာမယ့် နှလုံးသွေးဟာ လက်ဆက်ပြီး အာနိသင် ပိုကောင်းမှာဘဲဖြစ်တယ်။

ထိုသို့ ဖောက်ထုပ်ခံရတဲ့ ဖြစ်စဉ်ဟာ တအားကိုမှလည်းရက်စက်လွန်းလှပေတယ်။ အထူးသဖြင့်ကိုယ်ကို တိုင်က ဖောက်ထုပ်တဲ့သူကော ဖောက်ထုပ်ခံရသူပါ ဖြစ်နေတဲ့အချိန်မှာပေါ့။ အကြောင်းအရင်းကတော့ ကိုယ့်နှလုံးသားကို ဓားနဲ့ အစိမ်းသက်သက် ထိုးစိုက်ရင်း ရလာတဲ့ သွေးကို သုံးရခြင်းဖြစ်ပြီး အသက်အန္တရယ် ထိခိုက်သည်အထိ မဖြစ်ပွားရအောင် မထိုးစိုက်မီနဲ့ ထိုးစိုက်ပြီးချိန်မှာ သုံးရမယ့် ဝိဉာည်ပမာဏ အနည်းအများမှာလည်း ချင့်ချိန်တတ်ဖို့ရန်လည်း လိုအပ်သေး၏။

ထိုသို့ မချင့်ချိန်နိုင်ဘဲ သုံးမိပါက အသက်ကို ကယ်နိုင်တော့မည် မဟုတ်ပါ။

ထို့ကြောင့် သူမ မှာ သတိအပြည့်အ၀ထားကာ လုပ်ဆောင်ရတော့တယ်။ အမှားအယွင်းမရှိစွာ လုပ်ဆောင်ပြီးနောက်မှာတော့ သူမတစ်ကိုယ်လုံး ချွေးများ ရွှဲနစ်ကာ နာကျင်မှုကြောင့် မျက်နှာတစ်ခုလုံး ဖြူစုပ်နေသည်မှာ လူမမာ တစ်ယောက်ကဲ့သို့ပင်ဖြစ်နေတော့တယ်။

ထိုသို့သော အခြေအနေ အတွက် သူမ အထူးတလှယ် စီစဉ်ထားသော ဆေးလုံးများကို သောက်သုံးပြီးမှသာ သူမ မျက်နှာ မှာ သွေးရောင် ပြန်လွှမ်းလာကာ ပုံမှန်အတိုင်း ပြန်ဖြစ်လာခဲ့တယ်။

ထိုမှသာ သူမလည်း အသက်ရှူ ထိန်းညှိရန် တရားခေတ္တ ထိုင်ပြီးနောက်မှာ စူးစူး အတွက် ဆေးလုံးများစတင်ဖော်စပ်တော့တယ်။

I got a wife as the system Where stories live. Discover now