အပိုင်း ၃၉

164 17 2
                                    

ရုတ်တရတ် အတားအဆီးတစ်ခုမှာ သူမအား ဆွဲယူလာသောကြောင့် သူမမှာ ဘယ်အရာမှလည်းဆွဲကိုင်ထားလို့မရ ဆွဲခေါ်ရာနေရာသို့သာ ပါလာခဲ့ရာ မဲမှောင်စိုစွတ်နေသောနေရာသို့ ရောက်ရှိလာတော့တယ်။

"အားစွင် အားစွင် ထွက်လာခဲ့"

"သခင် ကျွန်တော်တို့တော့ ဒုက္ခရောက်ပြီထင်တယ်။ ဒါ ဟို နတ်ဆိုးဘုရင်ကို ချုပ်ထားတဲ့နေရာကို ကျွန်တော်တို့ ရောက်လာတာများလား ကျွန်တော်တို့ သေတော့မှာများလား ယင်းယင်း ကျွန်တော် မသေချင်သေးဘူး"

(A/N ယင်းယင်း = ငိုသံ༎ຶ⁠‿⁠༎ຶ )

သူမ အားစွင်ကို မျက်လုံးလှန်ပြလိုက်ကာ "နဂါး ဖြစ်ပြီး ကြောက်တတ်တာလည်း လွန်ပါ့ နင့်မျိုးနွယ်စုအစား ငါတောင်ရှက်တယ် ဟွန့် လွတ်မြောက်အောင် နည်းလမ်းရှာမယ်မရှိဘူး ဖင်တုန်အောင်ကြောက်နေ"

"သခင်ကလည်း ကျွန်တော်က အခုမှ ငယ်ငယ်လေးရှိသေးတာ အခုထိ ရည်းစားတောင်မထားဖူးသေးဘူး မသေချင်သေးပါဘူးနော် "

"တော်တန်တိတ် နားညီးတယ် ဒီကနေထွက်ဖို့ နည်းလမ်းရှာ "

"ဪ~~"

သူမတို့ ထိုအကျဉ်းထောင်ကနေ ထွက်လို့ရမဲ့ နေရာကို လိုက်ရှာပေမယ့် ဘယ်လိုမှ ရှာမတွေ့ဘူးဖြစ်နေကာ စိတ်ညစ်နေတော့တယ်။ထိုစဉ် သွေးများဖုံးလွှမ်းနေကာ ဒဏ်ရာအပြင်းအထန်ရထားသော မိန်းမပျိုတစ်ယောက်အားတွေ့လိုက်ရတော့တယ်။သူမတိုါနှစ်ယောက်လည်း ထိုကောင်မလေးအနားကပ်သွားပြီးကြည့်လိုက်ရာ ထိုကောင်မလေးမှာ သတိလစ်နေခြင်းပင်။

"သခင် ဇွတ်မသွားနဲ့လေ ဒီနေရာက ရှိသမျှ သက်ရှိတိုင်းက အပြစ်ဒဏ်ပြင်းထန်လို့ အကျဉ်းချခံထားရတဲ့ သူတွေကြီးဘဲ"

"ငါကလေးမဟုတ်ဘူး သိပါတယ်ဟာ"

သခင့်ရဲ့ သိပါတယ်ဟာကြီးကို ကြောက်လွန်းလို့

စိတ်ထဲကသာပြောနေရတာ အပြင်မှာတော့ ထုတ်မပြောရဲ မဟုတ်ရင် အထောင်းခံနေရမှာကြောက်လို့။

"ငါတို့ ဘယ်လိုများ ဒီနေရာကနေ ထွက်ရမလဲ။ ??”

သူမတို့ ဟိုကြည့် ဒီကြည့်ဖြစ်လိုက်ရှာနေချိန် သတိလစ်နေသော ကောင်မလေးမှာ နိုးလာတော့တယ်။ထိုကောင်မလေးမှာ သတိရရချင်း သူမတို့အား အလန့်တကြားဖြင့် ကြည့်ရင်း "ရှင်တို့က ဘယ်သူတွေလဲ ကျွန်မကကော ဘာလို့ဒီရောက်နေတာလဲ?"

I got a wife as the system Where stories live. Discover now