သူမလည်း ကျောက်စိမ်းပြားလေးကို ပွတ်သပ်ရင်း ပြုံးနေမိတယ်။
' system သတိပေးချက် mission စတင်ပါတော့မည်။ mission စတင်ရန် မိနစ်၃၀အလို ...'
*ဟမ်???*
'အခုဆို host က အသက် ၁၅ နှစ်ပြည့်ပြီဖြစ်လို့ mission စတင်ရတော့မှာပါ။'
ပုံမှန် ပေါတောတောနဲ့ ကောင်လေးအသံမဟုတ်ဘဲ စက်ရုပ်အသံကြောင့် သူမ မသက်ာဖြစ်နေမိတယ်။
*စွင်အာ??*
'ဘာဖြစ်လို့လဲ'
*နင်ဘဲလား??*
'ကျွန်တော်မဟုတ်လို့ ဘယ်သူဖြစ်ရမှာလဲ အားချင်က ဘာလဲ မမှတ်မိတော့ဘူးလား အူးးဝါးး ၀မ်းနည်းတယ် ဂယ်ဘဲ'
*အခုလိုဖြစ်နေပုံဆို နင်ပါဘဲလေ ဒါဆို ခုနက စက်ရုပ်အသံက??*
'အဲ့တာလည်း ကျွန်တော်ပါဘဲ mission ပေးရရင် စက်ရုပ်အသံနဲ့က ပိုမိုက်တယ်လေ ဟီး ဟီး'
*အရူး*
'mission က စတော့မှာနော် ဒီကနေ ထွက်မှာနဲ့ နှုတ်ဆက်မှာနဲ့ မြန်မြန်လုပ်အုံး'
*လျှာရှည်လိုက်တာ*
စိတ်ထဲမှာ ရန်ဖြစ်ရင်း ဖေဖေနဲ့ မေမေဆီကို နှုတ်ဆက်ဖို့ သွားလိုက်တယ်။ သွားနေရင်းနဲ့လဲ ကျင့်ကြံဆင့်ကို ကမ္ဘာမြေ စတုတ္ထအဆင့် ကောင်းကင်ဘုံသို့တက်ရောက်ခြင်း အဖြစ်သို့လျော့ချထားလိုက်တယ်။ စွင်အာရဲ့ အကူအညီလည်းပါတာပေါ့ ၊ သူမရဲ့ တကယ့် အဆင့်ကို မမြင်စေချင်ဘူး အခုမှ အသက်၁၅နှစ်နဲ့ ကောက်းကင်ဘုံနောက်ဆုံးအဆင့်ကို ရောက်နေတာက မလိုလားအပ်တဲ့ ပြသနာတွေကို မဖိတ်ခေါ်ချင်တာလည်းပါတယ်။
"ဖေဖေ မေမေ သမီး ကျန်းဟူ မှာ ဗဟုသုတ သွားရှာချင်တယ်။ သမီးကို ခွင့်ပြုမယ်မလား။ သမီး အထုပ်အပိုးတွေလည်း ပြင်ပြီးသွားပြီ အခုဘဲ သွားတော့မလို့ အဲ့တာ ဖေဖေတို့ကို လာနှုတ်ဆက်တာ။"
ဟန်ယွင်ရှီး"......"
ပိုင်ရှင်းယန်"........"
ပြောတော့ဖြင့် ခွင့်ပြုမယ်မလားတဲ့ ခွင့်မပြုရင် မသွားရတော့မဲ့ အသံနဲ့ အမှန်ကဖြင့် အထုပ်အပိုးတောင်ပြင်ပြီးလို့ သွားတော့မှာကို လာသတိပေးတာများ
YOU ARE READING
I got a wife as the system
Tarihi Kurguသူမသေသွားခဲ့တယ် ဟုတ်တယ် ဒါပေမယ့် သူမ သေပီးချင်းချင်းမှာဘဲ မိခင်တစ်ဉီးရဲ့ ဗိုက်ထဲက သန္ဓေသား အဖြစ်နဲ့ သူမနေခဲ့ရပြီးနောက်မှာဘဲ ထိုမိခင်ဆီမှာ ကိုးလလွယ် ဆယ်လဖွားခြင်းခံခဲ့ရပီး ထပ်မံ စွန့်ပစ်ခံခဲ့ရတယ် ရယ်စရာမကောင်းဘူးလား။ ဟက်.. အဲ့တာနဲ့တင်သူမဘ၀က ပီးသွားပ...