အပိုင်း(၁) ပြန်၀င်စားခြင်း

396 33 0
                                    

သူမ " system ..... Wth!!! ဘာကြီးတုန်း ငါ     အခု ဘယ်ရောက်နေတာလဲ?? လှုပ်လို့လည်း မရဘူး ဘာတွေဖြစ်နေတာလဲ?"

System ' host က အရင်ဘ၀မှာ ဆိုးရွားတဲ့ကံကြမ္မာနဲ့ တွေ့ကြုံခဲ့ရပီး မတရားသဖြင့် သေဆုံးခဲ့ရတာကြောင့် ကျွန်တော်တို့ system နဲ့ချိတ်ဆက်မိပြီး host အခုလို ပြန်၀င်စား လာတာပါ။ host အခု မိခင်ရဲ့ ဗိုက်ထဲမှာ သန္ဓေသားလောင်း အဖြစ်နဲ့ ပြန်၀င်စားလာတာပါ။ hostကို ကိုယ်၀န်လွယ်ထားတာ အခုဆို ၅လ ရှိပါပြီ။ နောက် ၅လ ဆို hostကို မွေးတော့မှာပါ။'

သူမ "?????"

သူမ " ဒါဆို ငါက ပြန်၀င်စားတာပေါ့        
ဟုတ်လား?"

System 'ဟုတ်ပါတယ်။'

သူမ "ဒါဆို ငါ့ စွမ်းရည်တွေကကော ဒီဘ၀မှာ အကျုံး၀င်မှာလား?

System "အကျုံး၀င်ပါတယ် ဘာလို့လဲဆိုရင် hostကို စမ်းသပ်တုန်းက စိတ်ဝိဉာည် စမ်းသပ်မှု ဖြစ်တာကြောင့် hostရဲ့ စွမ်းရည်က ပျက်ပျယ်ခြင်းမရှိပါဘူး ကိုယ်ကာယပိုင်းဘဲ hostက သန်မာအောင် လုပ်ရုံပါဘဲ။ ပြီးတော့ ကျွန်တော်က host နားမှာ ရှိနေမှာမို့ host လိုအပ်တာ မှန်သမျှ ကျွန်တော်က ဖြည့်စည်းပေးမှာပါ။'

သူမ "ဪ...."

Time skip~~~~

အရင်ဘ၀တုန်းကလည်း သူမ မွေးပြီး စွန့်ပစ်ခံရတယ်။ ဒီဘ၀လည်း အတူတူပါဘဲ။ ထိုမိခင်ဆိုသူက သူမကို မွေးပြီးတဲ့နောက်မှာ ချုံပုတ်တွေကြားထဲ စွန့်ပစ်သွားခဲ့ပြန်တယ်။ မတူတာ တစ်ခုကတော့ သူမက အခုဘ၀ အစွန့်ပစ်ခံရချိန်မှာ သူမရဲ့ ခန္ဓာကိုယ်က မွေးကင်းစ ကလေးပေမယ့် စိတ်ဝိဉာည်ကတော့ အရွယ်ရောက်နေခဲ့ပြီလေ။ နောက်ပြီးတော့ အရင်ဘ၀ကမှ သူမ မိဘက မိဘမဲ့ဂေဟာ ပို့လိုက်သေးတယ် အခုတော့ သူမက ချုံပုတ်ထဲမှာ ....

System ရဲ့ အကူအညီနဲ့ သူမကို စွန့်ပစ်ထားတဲ့နေရာကို လင်မယား နှစ်ယောက် ရောက်လာတယ်။ ထိုလင်မယားက ချုံပုတ်ထဲက ကလေးလေးကို မြင်ပြီးတဲ့နောက်မှာ သနားဂရုဏာ သက်သွားပုံရတယ် သူမကို သူတို့ကလေးအနေနဲ့ မွေးစားဖို့ ခေါ်ဆောင် သွားကြတော့တယ်။ သူတို့ နှစ်ယောက်ကြည့်ရတာ ပျော်နေပုံရတယ်။သူတို့က ကလေးက သူတို့ လက်ထဲမှာ လိမ်လိမ်မာမာ နေနေတာကိုကြည့်ပီး သဘောကျနေပုံရတယ်။

မိန်းမ "အစ်ကို ကလေးက ငြိမ်နေတာဘဲနော် ငိုလည်း မငိုဘူး ကြည့်ပါအုံး လိမ်မာလိုက်တာ"

ယောကျာ်း"ဟုတ်တယ်နော် ကလေးက သနားဖို့တော့ကောင်းတယ် ကလေးကြည့်ရတာ မွေးပီးပီးချင်း စွန့်ပစ်ခံရပုံဘဲ။ ဟင်း.. လောကကြီးကလည်း မကောင်းပါလားနော် ကိုယ့်ကလေးကိုတောင် မစောင့်ရှောက်နိုင်ဘဲ မွေးကြတယ် ပြီးတော့ စွန့်ပစ်ကြတယ်။ ကလေးဘ၀က ဘယ်လောက်တောင် သနားဖို့ ကောင်းလိုက်လဲ မိဘမရှိဘဲ ဘ၀ကို ရုန်းကန်ဖြတ်သန်းကြရတော့မယ်။ "

မိန်းမ "ဟုတ်တယ်နော် ကျွန်မတို့ဆို ကလေးလိုချင်လွန်းလို့ ဆေးပေါင်းစုံ သောက်ပြီး သမားတော်ပေါင်းစုံ ပြပေမယ့် ကလေးမရ ကလေးရတဲ့ လူတွေကျတော့လည်း ကိုယ်မွေးထားတဲ့ကလေးကို မကျွေးမွေးနိုင်ကျတဲ့အပြင် စွန့်ပစ်ကျတယ်။ ဘာဘဲဖြစ်ဖြစ်ပါ ဒီကလေးက အခုကစပြီး ကျွန်မတို့ကလေးဘဲ ကလေးကို နာမည် မှည့်ပေးကျရအောင်။"

မိန်းမ "ပိုင်ချင်းယန် ဘယ်လိုလဲ"

ယောကျာ်း "ချင်းယန်... အင်း ... ဟုတ်ပြီ။ အခုကစပီး သူမ နာမည် ချင်းယန်ဘဲ"

သူမ"ချင်းယန်...ပိုင်ချင်းယန်"

System ' ၀မ်းသာပါတယ် host အခုဆို နာမည်လည်း ရှိသွားပြီ မိဘ တွေလည်း ရသွားပြီ host~~ host'

သူမ "ဟုတ်တယ် သူမ မှာ အရင်ဘ၀က နာမည်မရှိခဲ့ဘူး။ အခု နာမည်ကော မိဘအသစ်တွေပါ သူမရသွားပြီ။ ထိုလင်မယားကြည့်ရတာ စိတ်ထားကောင်းမယ့်ပုံဘဲ"

သူမ ပျော်သင့်လားသိပေမယ့် သူမ ပျော်ရွှင်ဖို့ မျှော်လင့်မိတဲ့အတွက် လောဘ များကြီးနေမိပြီလားးး

I got a wife as the system Where stories live. Discover now