အပိုင်း (၁၉) လျှို့ဝှက်လှိုဏ်ဂူသို့ ၀င်ရောက်ခြင်း (၁)

226 22 0
                                    

အချိန်အားဖြင့် ၇ရက်ကုန်ဆုံးသွားသလို သူမ ဒီနေရာ ရောက်နေသည်မှာလည်း ၇ရက် ပြည့်သွားလေပြီပင်။

လျှို့ဝှက် လှိုဏ်ဂူမှာလည်း ထို ၇ရက်မြောက်၌ ပွင့်လာခဲ့လေပြီ။

လှို့ဝှက် လှိုဏ်ဂူ ပွင့်ရာ လမ်းကြောင်း၌ ကျင့်ကြံသူများ အများအပြားဖြင့် ပြည့်နှက်ခလျက်ရှိ‌ေနသည်မှာ စိတ်ညစ်စရာ ကောင်းလွန်းလှသည်။

သူမလည်း ဒီနေရာကို ထွက်လာဖို့ ယောကျာ်းလေး ပုံစံဆင်ယင်လာခဲ့သည်မှာ ကံကောင်းသွားသည် မဟုတ်ရင် လူအများရဲ့ အာရုံကို ဆွဲဆောင်နေမိမှာ ဧကန်ဘဲ။

ထိုလူများကြား၌ ၀င်မရောချင်တာကြောင့် အတန်ငယ်လှမ်းသော နေရာ၌ရှိသည့် သစ်ပင်ကိုသာ မှီရပ်နေလိုက်ပြီး မျက်လုံးမှိတ်ကာ အားစွင်ကို သိချင်သည်များ မေးနေမိတော့တယ်။ထိုသို့ပြောနေရင်းက system မှ mission ထပ်ထွက်လာခဲ့တော့တယ်။
*ဇာတ်လိုက်အား အန္တရာယ် ကျရောက်ခြင်း မရှိအောင် ကာကွယ်ပေးရမည်။*

*ရမှတ် -၂၀၀၀*

"ဟမ်?? ဇာတ်လိုက်က ဒီရောက်နေပြန်တာလား။ အတော်လျှာရှည်တဲ့ ဇာတ်လိုက် ငါက အေးဆေး ရှာဖွေဖို့ပါဆို သူ့ကို လိုက်ပြီး ကာကွယ်ရအုံးမယ် ရှုပ်ချက်"

စိတ်ရှုပ်ရှုပ်နဲ့ အနားတစ်ဝိုက်ကို မျက်လုံးဝှေ့ကြည့်လိုက်ရာ တွေ့ပါပြီ ဇာတ်လိုက်ဆိုသူကို ဘေးမှာလည်း ဟိုတစ်ခါက ကယ်လိုက်တဲ့ လူတွေနဲ့ သူမလည်း ဒီနေ့လာရမှာဆိုပြီး သခင်လေးတစ်ယောက် ပုံစံပြင်ထားသည်မို့ တော်တော်အဆင်ပြေသွားတယ် ပြောရမယ်။

သူမလည်း အချိန်ဆွဲမနေတော့ဘဲ ဇာတ်လိုက်တို့ အုပ်စုဘက်သို့ ခြေလှမ်းတို့ စတင်လိုက်တော့တယ်။

"ဒီက သခင်လေးတို့ စိတ်မရှိရင် ကျွန်တော် ဒီက သခင်လေးတို့နဲ့အတူ တစ်ဖွဲ့ထဲ အထဲအတူ၀င်လို့ရမလားဗျ ကျွန်တော် တစ်ယောက်တည်း အထီးကျန်နေလို့ "

၀မ်ကျားရင်တို့ သူတို့ကို စကားလာပြောသော ကောင်ချောလေးကို သေချာကြည့်ပြီး အကဲခတ်နေမိတယ်။သူ့ပုံစံမှာ လောကအကြောင်းဘာမှသိပုံမပေါ် ၊ အခု နေရာသို့ အပန်းဖြေခရီးထွက်လာသော ချမ်းသာကြွယ်၀တဲ့ အိမ်တော်က သခင်ငယ်လေး တစ်ယောက်လိုပင် သိပ်ကိုမှ အေးဆေးပြီး အပူအပင်ကင်းလွန်းလှသည်။ရုပ်ရည်သွင်ပြင်မှာလည်း ကျားမ မရွေး အရည်ပျော်သွားနိုင်အောင် ဆွဲဆောင်မှုရှိလှသည်မှာ ချိုအီမွှေးလှသော ပန်းတစ်ပွင့်ဟာ ပျား ပတုန်းတို့အား ဆွဲဆောင်နေသကဲ့သို့ပင်

I got a wife as the system Where stories live. Discover now