အပိုင်း -၂၇(သူမကငါ့အပိုင်)

263 18 2
                                    

အဖြစိအပျက်က ရုတ်တရတ်ဆန်လွန်းတယ်။သူမ သတိမထားလိုက်မိတဲ့အချိန်မှာဘဲ ဘယ်နေရာမှန်းမသိတဲ့နေရာ တစ်ခုကို ထပ်ပြီးရောက်လာပြန်တော့တယ်။သူမရှေ့မှာမြင်တွေ့နေရတာက နံရံတွေပေါ်၌ရေးဆွဲထားသော လူခန္ဓာအစိတ်အပိုင်းတွေရဲ့အသုံး၀င်ပုံ အဆင့်ဆင့်နှင့်ကုသနည်းအမျိုးမျိုးပင် ။

ကြည့်ရတာ သူမအတွက်အသုံး၀င်မယ့်နေရာကိုရှာတွေ့မိခြင်းပင်

သူမ ထိုအရာများကို ငေးမောနေချိန်

"မင်းက ငါ့ဆက်ခံသူဘဲ၊ငါ ဒီနေရာမှာ စောင့်နေတာ နှစ်ပေါင်း ၁၀၀၀ ရှိပြီ။ငါ့အမွေကိုဆက်ခံဖို့အတွက်  လာရောက်ကျတဲ့သူတွေ တစ်ယောက်မှ မအောင်မြင်ခဲ့ကျဘူး။မင်းတို့အဖွဲ့က စမ်းသပ်မှုတွေအောင်မြင်တဲ့အပြင် ဒီနေရာထိလဲရောက်ရှိလာကျတယ်။အဲ့အထဲကမှ မင်းကိုဘာလို့ရွေးချယ်လိုက်လဲဆိုတာမင်းသိလား"

ထိုသို့ ရုတ်တရတ် ထွက်ပေါ်လာသော လူ၊ မဟုတ်ဘူး ဝိဉာဏ်လို့ပြောရမလား။ ထိုသို့စကားပြောနေသောလူမှာ ဖောက်ထွင်းမြင်နေရသော ဝိဉာဏ်အပိုင်းစ တစ်ခုသာရှိသည်။

ရုတ်တရတ်ထွက်ပေါ်လာသော ထိုသူကြောင့် သူမလန့်သွားသော်လည်း အချိန်မီ ပြန်ထိန်းကာ ထိုသူ့စကားအား ခေါင်းခါမိလိုက်သည်။

ထိုအခါ ထိုသူမှ သူမအား ကြည့်ကာ

"ငါကျင့်ကြံနေတဲ့ ကျင့်စဉ်က အတော်ထူးခြားတယ်။ငါတောင်ပြီးဆုံးသည်အထိ မကျင့်ကြံနိုင်ခဲ့ဘူး။မင်းဒီထဲ၀င်လာတော့ ဒီနံရံက ရုပ်ပုံတွေမြင်ပြီး ငါက အဂ္ဂိရတ်ဆရာတစ်ယောက်မှန်းသိပြီးရောပေါ့။ဒါပေမယ့် ငါက အဂ္ဂိရတ်ဆရာကြီးဘဲမဟုတ်ဘူး။ငါက လူသားတွေရဲ့ ခန္ဓာဗေဒကိုပါလေ့လာပြီး သူတို့အတွင်းပိုင်း ဒဏ်ရာ၊ဝေဒနာတွေပါ ကြည့်ရုံနဲ့ သိနိုင်ပြီး ကုသပေးတဲ့သူပေါ့"

"ငါ ဒီပညာ၊စာအုပ်ကို  အမှတ်မထင် ရပြီး လေ့လာခဲ့ပေမယ့် ပြီးဆုံးသည်အထိ မလေ့ကျင့်ရခင်မှာ သေဆုံးခဲ့တယ်။ဒါ့ကြောင့် ငါ့အမွေကို ဆက်ခံမယ့် ဆက်ခံသူကို အခုထိရှာနေတာ ဆပ်ခံသူက မင်းဘဲဖြစ်ရမယ်လို့ ငါ့ဆီမှာခံစားနေရတယ်။ငါဘာလို့ ဒီလိုပြောလည်း မကြာခင်မင်းသိမှာပါ။ကယ် ဆက်ခံသူလည်းတွေ့ပြီဆိုတော့ ငါ ဒီကနေ ထွက်သွားရတော့မယ်။ အောငိမြင်ပါစေကွာ ကောင်မလေး "

I got a wife as the system Where stories live. Discover now