ပိုင်ချင်းယန် သူမ တည်းခိုခန်းကို ပြန်လာပြီးနောက် ဘာမှစားချင်စိတ်မရှိသေးတာနဲ့ အားစွင်နဲ့ စကားတွေဖောင်ဖွဲ့နေမိတော့တယ်။
တည်းခိုခန်း အောက်ထပ်မှာတော့ မနေ့ညမှ ကိစ္စမှာ အနည်မထိုင်သေး ယခုတစ်ခေါက် ကိစ္စပါ ပါ၀င်လာသောကြောင့် ထိုလူတို့၏ ပါးစပ်မှ အတင်းသတင်းပေါင်းစုံဖြင့်
ထျန်းရင်ဂိုဏ်း ခန်းမဆောင်ထဲ၌
ထျန်းရင်ဂိုဏ်းချုပ်မှာ ရှေ့လျှောက် နောက်လျှောက်ဖြင့် ပြန်ရောက်လာသော သမီးငယ်၏ အခြေအနေကြောင့် ဆောက်တည်မရဖြစ်နေတော့သည်။
"သမားတော် သမီးရဲ့ အခြေအနေက ကုသဖို့ ဘယ်လောက်လိုလဲဗျာ ကျွန်တော် အကုန် ကုန်ကျခံမှာမို့ သမီးငယ်ကို ကယ်တင်ပေးပါဗျာ"
"ဒါတော့ ကျွန်တော်လည်း မကယ်တင်နိုင်ပါဘူး သူ့လျှာက အဖြတ်ခံရတာ အချိန်က ကြာသွားတာရယ် ကျွန်တော်လည်း ဒီလိုလူနာမျိုးကို လုံး၀ သာမန်အချိန်အတိုင်း ဖြစ်အောင် ပြန်မလုပ်ဖူးတော့ ဒီကိစ္စမှာ ကျွန်တော် လက်လျော့ပါရစေ။ခင်ဗျားသမီးက ၀မ်းနည်းစရာကောင်းစွာပင် ဆွံ့အ စကားမပြောနိုင်တော့တဲ့ အခြေအနေဖြစ်သွားမှာမို့ အကြံပေးချင်တာတော့ ဟို ဘိုးတော်ကြီးဆီမှာ အကူအညီတောင်းရင်တော့ ပြန်အဆင်ပြေလောက်မလားတော့ ကျွန်တော်လည်း မသေချာပါဘူး။ ဒါဆို ခွင့်ပြုပါဦး"
သူ့သမီးကို ထို ထူးဆန်းသော လှိုဏ်ဂူ ပွင့်မယ့်အကြောင်းပြချက်ဖြင့် တန်ဖိုးကြီးသော အရာတွေရလိုရနိုးဖြင့် လွှတ်လိုက်ပါသော်လည်း သမီးဖြစ်သူမှာ ရက်ပိုင်းအတွင်းပြန်ရောက်လာယုံမကဘဲ လျှာပါအဖြတ်ခံလိုက်ရသေးတယ်။တပည့်ဖြစ်သူကို မေးကြည့်ပြန်တော့ သူမရဲ့ ထုံးစံပြသနာရှာတတ်မှုကြောင့် လူတစ်ယောက်ရဲ့ အနိုင်ကျင့်ချင်းကိုပြန်ခံရပြီးနောက် လျှာဖြတ်ခံခဲ့ရတယ်တဲ့။
သူ့မှာတော့ သူ့သမီးကို ပိုးမွေးသလို မွေးလာခဲ့တာ ထိုလူက သူ့သမီးကို ထိရဲမှတော့ အသက်မရှင်ချင်တော့ဘူး ဖြစ်မယ်။ သူ့အကြောင်းသိအောင်ပြရမှာပေါ့
ညအချိန် တည်းခိုခန်း၌ ပိုင်ချင်းယန်တစ်ယောက် ကိုယ်လက်သန့်စင်ပြီးနောက် အိပ်ယာထဲသို့ ၀င်ရန်ပြင်ဆင်ပြီးနောက် system space ထဲက သူမနဲ့ ကိုက်ညီပြီး ဈေးသက်သာမည့် ကျင့်ကြံဆင့် စာအုပ်များကို လေ့လာနေစဉ် သူမနှင့်ကိုက်ညီမည့် ဓားသိုင်းစာအုပ်တစ်အုပ်ကို တွေ့လိုက်ရတာကြောင့် အားစွင်ဆီမှ စာအုပ်ကို ဈေးလျော့ခိုင်းနေပေမယ့် အသည်းနှလုံးမာသူ အားစွင်မှာ သူ့အား ဈေးမလျော့ပေးပေ။ထိုသို့နှင့် သူတို့ငြင်းခုံနေရင်း သူမ ရုတ်တရတ် ဘာဖြစ်မှန်းမသိ အိပ်ငိုက်လာတော့တယ်။ နောက်မိနစ်အနည်းငယ်လည်း ကြာရော နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့တယ်။ ရုတ်တရတ်အိပ်ပျော်သွားသော အားချင်ကို system ဖြစ်သူ အားစွင်တစ်ယောက် အံ့ဩနေတုန်း system မှာ error တတ်ပြီး offline ဖြစ်သွားတော့တယ်။
YOU ARE READING
I got a wife as the system
Historical Fictionသူမသေသွားခဲ့တယ် ဟုတ်တယ် ဒါပေမယ့် သူမ သေပီးချင်းချင်းမှာဘဲ မိခင်တစ်ဉီးရဲ့ ဗိုက်ထဲက သန္ဓေသား အဖြစ်နဲ့ သူမနေခဲ့ရပြီးနောက်မှာဘဲ ထိုမိခင်ဆီမှာ ကိုးလလွယ် ဆယ်လဖွားခြင်းခံခဲ့ရပီး ထပ်မံ စွန့်ပစ်ခံခဲ့ရတယ် ရယ်စရာမကောင်းဘူးလား။ ဟက်.. အဲ့တာနဲ့တင်သူမဘ၀က ပီးသွားပ...