ထိုနေရာသို့ ၀င်ရောက်ပြီးနောက် နဂို အယောက်ရာကျော်ရှိသောလူမှ ယခုချိန်၌ အယောက် ၂၀ ကျော်သာ ရှိတော့သည်။သူမတို့တွေအားလုံး အတွင်းအားတွေထိန်းညှိနေလိုက်ကာ နောက်တစ်နေရာသို့ ၀င်ဖို့ စီစဉ်လိုက်တော့တယ်။တစ်နေရာနှင့်တစ်နေရာ အခက်အခဲတွေမှာ ပို"ပြီး မြင့်မားလာသောကြောင့် ကျန်ရှိနေကျသူများအဖို့ ဆက်သွားရမည်ကို ရင်တထိတ်ထိတ် ဖြစ်နေကျရတော့တယ်။
"ဒီနေရာက တကယ်ဘဲ ရတနာတွေရှိတာကော ဟုတ်ရဲ့လားမသိ၊လူတွေသေဖို့များ ထောင်ချောက်ဆင်ထားတာလားမသိဘူး"၀မ်ကျားရင်း၏ ပြောစကားကြောင့် ဘေးမှ ဖုန်းယန်ဆိုသူမှ ရယ်သွမ်းသွေး၍
"ဟက်~~ကြည့်ရတာ ညီနောင်ပြောတဲ့ စကားက ဟုတ်မှန်လောက်မယ်။အခုထိရတနာနဒ့တူတာဆိုလို့ ဘာမှမတွေ့သေးဘူး"သူတို့နှစ်ယောက် ဒီထဲသို့ ၀င်ရချင်းအကြောင်းအရင်းမှာ သူတို့ရှာနေတဲ့ ပစ္စည်းများရှိမလားလို့ လာပြီး စပ်စုရုံပင် မထင်မှတ်ထားတာက စိတ်၀င်စားဖို့ကောင်းနေတာကိုပင်။
ပထမက ဘာရယ်မဟုတ် လာလိုက်တာပေမယ့် ထိုယောကျာ်းလေးယောင်ဆောင်နေတဲ့ မိန်းကလေးကို ထပ်တွေ့လိုက်ရတာပင် သူ့ကြည့်ရတာ ကွယ်ဝှက်ထားတာတွေ အတော်များများရှိနေပုံရသည်။သူ့သရုပ်မှန်ကို မပေါ်စေချင်ပုံရသည် ကံဆိုးချင်တော့ သူမ တခြားသူတွေရဲ့အမြင်မှာ ဘယ်လိုဘဲ ယောကျာ်းလေးပုံဖမ်းဖမ်း သူတို့နှစ်ယောက်အမြင်ကိုတော့ကွယ်ဝှက်လို့မရနိုင်ဘူး။ဒါပေမယ့် တစ်ခုထူးဆန်းတာက သူမရဲ့ ကျင့်ကြံဆင့်ပင် သူဘယ်လောက်ဘဲ စစ်ဆေးနေပါစေ ဘယ်လိုမှ စစ်ဆေးလို့မရပေ။သူမရဲ့ကျင့်ကြံဆင့်မှာ နံရံဖြင့်ပိတ်ဆို့ထားသလို မမြင်ရပေ။
ဤသို့ဖြင့်သူမတို့ နောက်တံခါးတစ်ချပ်သို့ ဆက်လက်၀င်ရောက်ဖို့ လုပ်တော့တယ်။ ဒီလှို့ဝှက်လှိုဏ်ဂူသို့ ၀င်ရောက်သော အဖွဲ့များထဲတွင် သူမတို့အဖွဲ့သာ သေဆုံးသူမရှိဘဲ လူအပြည့်ကျန်နေချင်းပင် တခြားအဖွဲ့များမှာ မူ အကောင်းပကတိကျန်ရစ်သူရှားလှကာ သူမတို့အဖွဲ့အပါအ၀င်မှ အားလုံးပေါင်း အယောက်နှစ်ဆယ်သာရှိတော့သည်။
YOU ARE READING
I got a wife as the system
Historical Fictionသူမသေသွားခဲ့တယ် ဟုတ်တယ် ဒါပေမယ့် သူမ သေပီးချင်းချင်းမှာဘဲ မိခင်တစ်ဉီးရဲ့ ဗိုက်ထဲက သန္ဓေသား အဖြစ်နဲ့ သူမနေခဲ့ရပြီးနောက်မှာဘဲ ထိုမိခင်ဆီမှာ ကိုးလလွယ် ဆယ်လဖွားခြင်းခံခဲ့ရပီး ထပ်မံ စွန့်ပစ်ခံခဲ့ရတယ် ရယ်စရာမကောင်းဘူးလား။ ဟက်.. အဲ့တာနဲ့တင်သူမဘ၀က ပီးသွားပ...