အပိုင်း ၄၀

147 15 2
                                    

အမှန်တိုင်းပြောရမယ်ဆိုရင် ဒီချောက်နက်ထောင်ထဲမှာ နေလာတာကြာလာလေ သူမတို့ စွမ်းအားများကျဆင်းလာလေဖြစ်လာတော့တယ်။

သူမတို့ ဒီက ထွက်ဖို့ လမ်းကိုရှာလို့ မတွေ့ဖြစ်နေတယ်။သူမတို့ ဒီထဲကို အင်အားတစ်စုံတစ်ရာကြောင့် တွန်းပို့ခံရခြင်းဖြစ်သည့်အတွက် ထွက်ပေါက်မှာ ဘယ်အရပ်၌ရှိမှန်းမသိပေ။

တစ်ဖက်ခြမ်းမှာတော့ ဟုန်ရွမ် အသီးပျောက်သွားတာကြောင့် ဂယက်ထနေတော့တယ်။သူခိုးလိုက်ဖမ်းသူကဖမ်း အထက်ကို တင်ပို့တဲ့နတ်က တင်ပို့နဲ့ ရှုပ်ရှက်ခက်နေတော့တယ်။ထိုအချိန်က နတ်သဘင်အစည်းအဝေးလည်းဖြစ်ပြီး နတ်အကြီးအကဲများ ဆွေးနွေးနေကျချိန်၌ ထိုကိစ္စအား နတ်သူငယ်လေးတပါးမှ လာရောက်တင်ပြချိန် အစည်းအဝေးခန်း၌ ပွက်လောရိုက်သွားကျတော့တယ်။

ထိုအသီးဟာ အလွန်အင်မတန် တန်ဖိုးရှိတာကြောင့် အစောင့်အကြပ် များစွာဖြင့် မှည့်ချိန်ကို စောင့်ကြပ်ထားကျပေမယ့် အခိုးခံလိုက်ရသောကြောင့်ပင်။

ကောင်းကင်စာကြည့်တိုက်အကြီးအကဲ
"ဒါ ဟိုကလေးမ ပိုင်ချင်းယန် ဖြစ်လောက်တယ်"

မိုးနတ်သား "ဟုတ်လောက်တယ်။ဒီလိုမျိုးကို သူကလွဲလို့ ဘယ်သူမှ မလုပ်နိုင်ဘူး"

လနတ်သမီး "ကျွန်မလည်း ထောက်ခံတယ်"

ပိုင်ချင်းယန်၏ မွှေချင်းခံရသော နတ်ဘုရားများ "ဟုတ်တယ် သူဘဲရှိတယ်"

နွေဦးနတ်ဘုရားနှစ်ပါး "သက်သေမရှိဘဲ မစွပ်စွဲကျနဲ့ ချင်းယန်က တံခါးပိတ်ကျင့်ကြံနေတာ အကုန်အသိဘဲလေ။သူထွက်လာတာ တွေ့ကျလို့လား"

ကောင်းကင်ဧကရာဇ်"တော်ကျတော့။ ဘယ်သူလုပ်လဲ သေချာရှာဖွေကျ ဒီမှာ စကားနိုင်လုမနေကျနဲ့။ညီလာခံသိမ်းမယ် ၊ နွေဦးနတ်ဘုရား နှစ်ပါး နေခဲ့။သွားကျတော့။"

"တကယ်သူမလား"

နွေဦးနတ်ဘုရားနှစ်ပါးမှာ နှုတ်ဆိတ်နေကျပြီး ဘာမှပြန်မပြောနိုင်။

"ဟင်း~~ ဒီကလေးမကတော့ တကယ်ကို မလွယ်ပါလား။ သူမသာဆိုရင်တော့ ဒီတစ်ခါတော့ အကြီးအကဲတွေနဲ့ တခြားနတ်တွေကြောင့် အပြစ်ဒဏ်က မလျော့ပေါ့ နိုင်မှာ စိုးရိမ်ရတယ်။ဒီကောင်မလေးကတော့ သူမ ငယ်ငယ်တုန်းကနဲ့ တကယ်တူတာဘဲ"

"ပိုင်ချင်းယန်ကို သေချာရှာလာခဲ့ သွားတော့"

တရားခံဖြစ်သူ ပိုင်ချင်းယန်တစ်ယောပ်ကတော့ သူ့ရဲ့ စီးတော်သားရဲ တစ်ဖြစ်လဲ အားစွင် နဲ့ ဒုက္ခရောက်နေကျတော့တယ်။သူမတို့နှစ်ယောက်မှာ ထိုနေရာ၌ စွမ်းအားများ လျော့နည်းလာကျကာ ထွက်ပေါက်အား ရှာမတွေ့သဖြင့် ခေါင်းမီးတောက်နေတော့တယ်။ဗိုက်ကလည်းဆာ စားစရာကလည်းမရှိ ၊ ရန်သူလား မိတ်ဆွေလား မသဲကွဲသော မိန်းကလေးတစ်ယောက်နှင့် အတူရှိနေရသဖြင့် အမြဲသတိအပြည့်ကလည်း ကပ်ထားရသေးတယ်။

ထို ပိုင်စူးစူးမှာ အတိတ်မေ့နေသဖြင့် သူမတို့ မေးသမျှလည်း ဘာတစ်ခုမှ မဖြေနိုင်သဖြင့် သူမတို့ ဒုက္ခရောက်နေရတော့တယ်။ဒီအကျဉ်းထောင်၌ သူမတို့ နတ်စွမ်းအားမှာလည်း အသုံးမ၀င်ပေ။ဒီထဲ ၀င်လာမိသည်ကိုတောင် အတော်နောင်တရနေမိတော့တယ်။

“သခင် ဘယ်လို ထွက်ကျမလဲ စဉ်းစားပါအုံး”

“ဟဲ့ ငါလည်း မစဉ်းစားဘဲနေမလား။ စဉ်းစားတာက အလကားဘဲ ဘယ်မှာလဲ ထွက်ပေါက်က? ထွက်ပေါက်က ဝါးခနဲ ဟေ့ ငါဒီမှာဟေ့လို့ ပေါ်လာလို့လား”

“ဒါဆို ဘယ်လို လုပ်ကျမှာလဲ။ဗြဲ ကျွန်တော် မိန်းမ မရသေးဘူးလို့။”

“အလကား အသံပြဲ နဲ့ အော်မနေနဲ့။နင့်ပုံစံနဲ့ မိန်းမတော့ ရမှာမဟုတ်ဘူး။ ရမဲ့ရ ယောကျာ်းဘဲ ရလိမ့်မယ်။ နင့်လိုပုံနဲ့ဆို နင့်ဒဏ်ကို ခံနိုင်မဲ့ ယောကျာ်းနဲ့ဘဲ တန်တာ”

“ပိုင် ! ချင်း ! ယန် !”

“အံမယ် ကိုယ့်သခင်ကို ဘာ လေသံနဲ့ ပြောတာလဲ။ ပြန်ပြောစမ်း”

“သခင်တွေ ဘာတွေ မသိဘူး။ ဒီနေ့တော့ သူသေ ကိုယ်သေဘဲ လာထား”

အကျီလက်ကို မတင်ကာ အပြိုင် ဖိုက်တော့မယ့် နှစ်ယောက်ကို ပိုင်စူးစူးတစ်ယောက် ကြည့်ကာ အပြီခွီနေတော့သည်။

"ခွီ "

ထိုအခါမှသာ ရန်ဖြစ်ရန် ပြင်နေသော နှစ်ယောက်မှာ တိကနဲရပ်သွားကာ ရှက်စိတ်ကြောင့် နှစ်ယောက်သား မျက်နှာမှာ ရဲတွတ်သွားတော့သည်။

"အဟမ်း"

အရှက်ပြေချောင်းဟန့်လိုက်ကာ ထွက်ပေါက်ကို လိုက်ရှာကျတော့သည်။သို့သော် ဘယ်လိုရှာ" အလုပ်မဖြစ်ပေ။


I got a wife as the system Where stories live. Discover now