အပိုင်း(၁၆) ထူးဆန်းသော လူနှစ်ယောက်

229 27 2
                                    

ပိုင်ချင်းယန် ထိုနေရာမှ ထွက်လာပြီးနောက် မြေပြင်ထက်မှ လူးလွင့်နေသူတစ်ယောက်ထံသို့ ဘယ်ကတည်းက ရှိနေမှန်း မသိခဲ့ရတဲ့ လူတစ်ယောက် ရောက်ရှိလာကာ ထိုသူနှစ်ယောက်၏ လျှာတွေကို ဖြတ်ထုတ်လိုက်ရုံသာမက သူတို့မျက်လုံး နှစ်စုံကိုလည်း ချွန်ထက်သောဓားဖြင့်ဖောက်ထုတ်ခြင်းကို ခံရလေတယ်။ ‌ထိုသို့ လုပ်ဆောင်ခံရသော လူနှစ်ယောက်မှာ အသံများပင်မထွက်နိုင်တော့သည်အထိ မချိမဆန့်ဖြင့် သွေးအိုင်ထဲမှာ လူးလိမ့်ရုံသာ တတ်နိုင်တော့တယ်။

ထိုသို့ လုပ်ဆောင်သော အမည်မသိလူမှ "မင်းတို့ရဲ့ ညစ်ညမ်းတဲ့ပါးစပ်နဲ့ မျက်လုံးတွေက ငါ့သခင်မကိုပါ ညစ်ညမ်းသွားစေတယ်။အဲ့အတွက်ကြောင့် အခုလိုဖြစ်ရတဲ့အပေါ်မှာ မင်းတို့ဘာသာ အပြစ်တင်သင့်တယ်။"

ထိုအမည်မသိလူမှ ထိုသို့ ပြောဆိုပြီးနောက် လှည့်ထွက်ရန်ပြင်လိုက်ချိန် တစ်စုံတစ်ယောက်ရဲ့ ၏စူးစိုက်ကြည့်နေမှုကို ခံစားလိုက်ရသောကြောင့် အနောက်လှည့်ကြည့်ချိန် နံရံတစ်ခုကလွဲလို့ ဘာမှထူးဆန်းတာမျိုး မရှိပေ။သို့ပေမယ့် ထိုနံရံ၌ မသတီစရာအနံ့စူးစူးဝါးဝါးက သူ့အာရုံကို ဆွဲဆောင်နေလေသည်။ထို့ကြောင့် ထိုနံရံသို့ သွားကြည့်ရန် ပြင်လိုက်ချိန် သူတို့ရှိနေရာသို့ လူတွေလာနေသော အသံကိုကြားလိုက်ရသောကြောင့် သူလည်း ထိုနံရံကို သွားကြည့်မယ့်အစီအစဉ်ကို ‌ဖျက်လိုက်ကာ ထိုနေရာမှ လှည့်ထွက်လာလိုက်တော့တယ်။

သူထွက်သွားပြီးနောက် ထိုနေရာသို့ လူတစ်စုရောက်ရှိလာကာ မြေပြင်ပေါ်ရှိ သွေးသံတရဲရဲဖြင့် မြင်မကောင်း ရှုမကောင်း ဖြစ်နေသော ထို လူနှစ်ယောက်ကို မြင်လိုက်ရတော့လေတယ်။ ထိုလူနှစ်ယောက်မှာ တုပ်တုပ်မျှ မလှုပ်တော့သောကြောင့် ထိုလူစုကို ဦးဆောင်လာသူ လူငယ်တစ်ဦး အသက်အားဖြင့် ၂၅နှစ် ၊ ကျင့်ကြံဆင့် ကောင်းကင်ဘုံအဆင့်(ကောင်းကင်ဘုံအား အံတုခြင်းအဆင့်)သို့ရောက်ရှိနေသူ တစ်ဦးပင်။

ထိုလူငယ်မှ ထိုမြေပြင်ရှိ သွေးသံတရဲရဲကြား ငြိမ်သက်စွာ လဲလျောင်းနေ‌ကျသော လူနှစ်ယောက်ဆီသို့ အသက်ရှူမရှူ စမ်းသပ်ကြည့်ပြီးနောက် မျက်မှောင်ကျုံ့သွားတော့တယ်။
ထိုလူငယ်ရဲ့ ပြောင်းလဲသွားသော မျက်နှာ အမူအယာကြောင့် သူ့နောက်သို့လိုက်လာကျသော လူစုထဲမှ ယောကျာ်းတစ်ယောက်ဟာ "ဆရာတူညီလေး လုချန်းမင် ဘာဖြစ်လို့လဲ သေသွားကျပြီလား"

"အသက်တော့ မျှင်မျှင်လေးဘဲရှုတော့တယ်။ဒီလူနှစ်ယောက် ဘာအပြစ်များကျူးလွန်လို့ ဒီလောက်ရက်စက်ရတာလဲမသိဘူး။"

"သူတို့ကို ကယ်လို့ရသေးလား"

"သွေးထွက်တအားလွန်နေပြီ နောက်ထပ် စက္ကန့်ပိုင်းလေးအတွင်းဘဲ အသက်ရှင်နိုင်တော့မယ်။"

"သနားစရာဘဲ အသံကြားတုန်းကဆို သူတို့ ဘယ်လောက်ထိ နာကျင်ရမလဲ ခံစားမိနိုင်တယ်။" ထိုလုချန်းမင် နောက်လိုက်ဖြစ်သူ တစ်ယောက်ဖြစ်တဲ့ မိန်းမပျိုလေးတစ်ယောက်ဟာ ဂရုဏာသက်စွာ လှမ်းပြောလေသည်။သူမစကားကို ထောက်ခံတဲ့အနေနဲ့ ဘေးမှ လူတစ်စုဟာလည်း ခေါင်းတညိတ်ညိတ်ဖြင့်

"ဆရာတူညီမ လျန်ယွီဟွား ပြောတာ မှန်တယ်။ ဒါနဲ့ ကျွန်တော်တို့ ဘယ်လိုလုပ်မှာလဲ ဒီနှစ်ယောက်ကို"

"ဒီမြို့ရဲ့ တာ၀န်ရှိသူကို သွားအကြောင်းကြားပြီး ခေါ်လာခဲ့ ပြီးမှ လုပ်ထုံးလုပ်စဉ်တွေ လုပ်ကျတာပေါ့"

ထိုလူစုထဲမှ လူတစ်ယောက်ဟာ မြို့၀န်ကို သွားခေါ်၍ ပြန်ရောက်လာချိန်မှာတော့ ထို နှစ်ယောက်ဟာ အသက်မရှိတော့ပေ။သူတို့လည်း ထုံးစံအစဉ်အလာအတိုင်း မိသားစုတွေကို အကြောင်းကြားပြီး မြေမြုပ်ချင်သော်လည်း ထိုနှစ်ယောက်မှာ မိသားစု မရှိသဖြင့် သူတို့လည်း ဒီအတိုင်း မြေမြုပ် သဂြိုလ်ပေးလိုက်တော့တယ်။

ထို လုချန်းမင်နှင့် မြို့၀န်တို့အဖွဲ့ ထွက်ခွာ သွားချိန်မှာပင် ထိုနံရံရှေ့၌ ဘယ်ကမှန်း မသိသော လူနှစ်ယောက် ထွက်ပေါ်လာတော့တယ်။ ထိုလူနှစ်ယောက်၏ အသွင်အပြင်မှာ မြင့်မားလှသောအရပ်တို့နဲ့အတူ ထိုလူနှစ်ယောက်၏ မျက်နှာထက်၌လည်း မတူညီသော မျက်နှာတစ်၀က် မျက်နှာဖုံးတို့ကို တပ်ဆင်ထားသော်လည်း ထိုလူနှစ်ယောက်၏ ချောမောလှသော၊ ခန့်ညားလှပသော အချိုးအစား ရုပ်ရည်သွင်ပြင်ကိုတော့ဖြင့် မဖုံးကွယ်ထားနိုင်ပေ။

ထိုလူနှစ်ယောက်ထဲမှတစ်ယောက်က "ငါ့ကို ခုနက ကောင်မလေးအကြောင်း စုံစမ်းပေး ယန်"

"ယို့ မင်းက အဲ့ကောင်မလေးကို စိတ်၀င်စားလို့လား? ငါတော့ ခုနက လုချန်းမင် ဆိုတဲ့ ရေခဲမင်းသားလေးကို စိတ်၀င်စားတယ်။ သူ့ပုံစံက နှင်းပန်းပွင့်လေးလိုလဲ အေးခဲနေပေမယ့် ထိုအေးခဲနေတဲ့ သူ့အလှကိုက စွဲမက်ချင်စရာလေးကွာ ငါ့ခန့်မှန်းချက်သာ မမှားရင် သူက ထျန်းကွမ်း ဂိုဏ်းရဲ့ ခေါင်းဆောင်ငယ်လေး ဖြစ်လောက်မယ်။‌ကောင်လေးရေ ကိုယ့်ကို စောင့်မျှော်နေတော့နော် "

"နှာဘူး ငါက မင်းလို မဟုတ်ဘူးကွ စုံစမ်းစရာရှိ စုံစမ်း ဘူးကြောထမနေနဲ့"

"ဟုတ်ကဲ့ နားလည်ပါပြီ သခင်ကြီးခမျာ"

I got a wife as the system Where stories live. Discover now