"အရှင်သခင် ဒီငယ်သား တာ၀န်ကို ကျရှုံးလို့ အပြစ်ပေးတော်မူပါ။"
ထိုလူမှာ အရှေ့ပုလ္လင်တစ်ခုထက်၌ ထိုင်နေသော မြင့်မြတ်တော်၀င်မှုအပြည့်ဖြင့် ဖိနှိပ်ချုပ်ခြယ်စွမ်းကြီးလှသော အရှင်သခင်ဆိုသူအား ဒူးထောက်၍တောင်းပန်နေခြင်းပင်၊ထိုအရှင်သခင်ဆိုသူမှာတော့ အေးစက်လှသော အသွင်အပြင်ရှိလှကာ သူ့ငယ်သားအားကြည့်နေပုံမှာ လူသေကောင်ကို ကြည့်နေသလိုပင် အကြည့်များမှာ ရေခဲတစ်မျှအေးစက်လှပေသည်။
ထိုအရှင်သခင်၏ အေးစက်လှသော အကြည့်များကြောင့်ထိုလူမှာ ကြောက်လန့်နေရကာ ချွေးသီးချွေးပေါက်များပင် ထွက်လာရတော့သည်အထိပင်။ အရှင်သခင်မှာ အတန်ကြာ စိုက်ကြည့်နေပြီးမှ
"အကြောင်းစုံရှင်းပြ"
ထိုအရှင်သခင်၏ နှုတ်မှထွက်ပေါ်လာသော အမိန့်ကြောင့် ထို သူမှာကြောက်ရွံ့စွာဖြင့် "ဟိုနှစ်ယောက်ကို ကျွန်တော်တွေ့ခဲ့ပြီး သူတို့ကျွန်တော့်ကို သတိထားမိသွားတယ်။ကျွန်တော်လည်းသခင်မအကြောင်းကို ထိုသူတွေမသိစေချင်တာကြောင့် ထွက်လာခဲ့ရပါတယ်။ကျွန်တော်မှားသွားပါတယ် ကျွန်တော် သခင်မကို သူတို့နဲ့မထားခဲ့သင့်ပါဘူး။ကျေးဇူးပြု၍ ကျွန်တော့်ကို အပြစ်ပေးတော်မူပါ" ထိုသို့ပြောပြီးနောက် ဦးခေါင်းနဲ့ ကြမ်းပြင်ထိသည်အထိ အရိုအသေပေးပြီးနောက် အရှင်သခင်၏ အမိန့်မရမချင်း ဦးတိုက်ထားကာ ခေါင်းမမော့လာတော့ပေ။
အချိန်အတော်ကြာသည်အထိ အရှင်သခင်ဖြစ်သူမှာ အမိန့်မပေးလာသောကြောင့် ထိုသူမှာ ပိုမိုထိတ်လန့်လာရကာ ချွေးများလည်းစိုရွှဲနေတော့တယ်။
"မင်းအပြစ်ကို မင်းသိမှတော့ အပြစ်သွားမခံသေးဘဲ ဘာလုပ်နေတာလဲ ထွက်သွား!!" အရှင်သခင်ရဲ့ ဒေါသကြောင့် ထိုလူမှာ ထိုနေရာမှ အမြန် ပြေးထွက်ကာ ထွက်လာခဲ့တော့တယ်။
"တစ် ဟိုဘက်ကအခြေအနေ??"
"အရှင်သခင်ကိုဖြေကြားပါတယ်။အခုထိရှာမတွေ့သေးပါဘူး။"
"ကျစ် ဒီဘိုးတော်တွေက လုပ်တုန်းကလုပ်ပြီး အခုကျ ထွက်ပြေးနေတယ်ပေါ့။ငါ့မှာ အချိန်သိပ်မရှိဘူး သူတို့ကို ဒီထက်မြန်အောင်ရှာ တွေ့လို့ကတော့ ငါကိုယ်တော်ကို အာခံရင် ဘယ်လိုခံစားရလဲဆိုတာ အကုန်လုံးကို နမူနာပြရမှာပေါ့ ဟက်~~"
YOU ARE READING
I got a wife as the system
Ficción históricaသူမသေသွားခဲ့တယ် ဟုတ်တယ် ဒါပေမယ့် သူမ သေပီးချင်းချင်းမှာဘဲ မိခင်တစ်ဉီးရဲ့ ဗိုက်ထဲက သန္ဓေသား အဖြစ်နဲ့ သူမနေခဲ့ရပြီးနောက်မှာဘဲ ထိုမိခင်ဆီမှာ ကိုးလလွယ် ဆယ်လဖွားခြင်းခံခဲ့ရပီး ထပ်မံ စွန့်ပစ်ခံခဲ့ရတယ် ရယ်စရာမကောင်းဘူးလား။ ဟက်.. အဲ့တာနဲ့တင်သူမဘ၀က ပီးသွားပ...