အပိုင်း၂၃

183 22 0
                                    

ထိုမိစ္ဆာများ၏ ချွန်ထက်သော လက်သည်းများ၌အဆိပ်တစ်မျိုးပါ၀င်နေကြောင်းကို ထိုမိစ္ဆာများ၏လက်ချက်ဖြင့် အရိုးဖြစ်သွားကျသော ကျင့်ကြံသူများ၏ အလောင်းအရိုးများမှာ သက်သေပင်။

ထိုမိစ္ဆာများမှာ အင်မတန်ဘဲလျှင်မြန်ကျပေသည်။သူတို့ရဲ့အလျင်မှာ သူတို့အားသာချက်ပင် ထို့ကြောင့်တိုက်ခိုက်နေကျသော လူတို့မှာ လက်ရည်ကျလာတော့ပေသည်။

သူမတို့အဖွဲ့ရဲ့ အားနည်းချက်မှာ ထိုမိစ္ဆာများအောက် နှေးနေခြင်းပင်၊ ဟေးဝူချင်းနဲ့ သူ့သူငယ်ချင်း လော့ယန် ဖြစ်သူတို့မှာ မြန်ကျပေမယ့် ထိုမိစ္ဆာတို့ရဲ့ အရေအတွက်က တအားများလွန်းနေသည်မှာ သူမတို့အတွက် အသက်ရှူဖို့တောင် လမ်းစရှာမရဘဲ ထို အကောင်တို့ကို သတ်နေရတော့တယ်။

သူမတို့အဖွဲ့အပြင် တချို့အဖွဲ့များလည်း ရှိသော်လည်း လူအရေအတွက်မှာ မမျှတသဖြင့် တိုက်လေ တိုက်လေ ခြေကုန်လင်ပန်းကျလေဖြစ်နေတော့တယ်။

သူမတို့ ဒီအတိုင်းဆက်သွားလို့ မဖြစ်တော့ဘူး မဟုတ်ရင်ထိုအကောင်တွေလက်ထဲမှာ သေရလိမ့်မယ်။သူမတစ်ခုခုလုပ်မှ‌ဖြစ်တော့မည်ပင်။ သူမဘေးဘီသို့ အကဲခတ်လိုက်ရာ သူမအားဘယ်သူမှ အာရုံမစိုက်နေတာ သေချာသွားမှ ...

သူမရှိနေရာနေရာမှလှစ်ကနဲ အရိပ်တောင်မမြင်ရတော့ဘဲ ပျောက်သွားတော့တယ်။ထို့နောက် စက္ကန့်ပိုင်းအတွင်း ထိုနေရာရှိမကောင်းဆိုးဝါးများမှာ မျက်စိတစ်မှိတ်အတွင်းပြာပုံအတိဖြစ်သွားတော့သည်။ရုတ်တရတ်ဆန်လှသော အခြေအနေကြောင့် ထိုနေရာရှိလူများအကုန် ကြောင်အမ်းသွားကျတော့တယ်။

သူတို့ ထိုမကောင်းဆိုးဝါးတွေရဲ့လက်ထဲ သေရတော့မယ်မှတ်ထားတာ အလှည့်အပြောင်းကသေလောက်အောင်ကြောက်ဖို့ကောင်းတယ် ဘာမှလည်းမမြင်လိုက်ရသလို ဘာဖြစ်သွားမှန်းမသိဘဲ အကုန်ပြာဖြစ်သွားတာ။

ထိုနေရာရှိလူများ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း အကြည့်နှင့်မေးခွန်းထုတ်နေကျတော့သည်။အဘယ့်ကြောင့်ဆိုသော် ပါးစပ်ကစကားပြောဖို့ပင်မေ့ရော့နေကျကာ အကြည့်ချင်းသာ ဆက်သွယ်နေကျတော့သည်။

I got a wife as the system Where stories live. Discover now