"အဟွတ်..အဟွတ်"
ခုနကအခြေအနေကြောင့် သူမ အနည်းငယ် လန့်သွားသည်ကိုတော့ ၀န်ခံရမည်။လည်ပင်းကို ဆုပ်ကိုင်ထားသော လက်သွားလွတ်သွားသဖြင့် သူမအဆုပ်ထဲအပြည့်လေတွေရှူသွင်း၊ ရှူထုတ်များ"လုပ်လိုက်မိတာကြောင့် ချောင်းဆိုးသွားရတော့တယ်။သူမအခု လူတစ်ယောက်ရဲ့ ရင်ခွင်ထဲကို ရောက်နေတယ်။ထိုရင်ခွင်က နွေးထွေးလွန်းပီးသက်တောင့်သက်သာရှိလွန်းလှတာကြောင့် သူမအတွက်လုံခြုံနွေးထွေးမှုကိုခံစားနေရတယ်။ဘယ်လောက်တောင်လဲဆို ထိုရင်ခွင်ထဲကမထွက်ချင်လောက်အောင်အထိဘဲ။
သူမရဲ့ခေါင်းအထက်က ဆွဲဆောင်မှုရှိလှသော အသံပိုင်ရှင်က
"ဟေးဝူချင်း မင်း ငါကိုယ်တော့် လူကို ထိရဲတာ ဘာလဲ အသက်မရှင်ချင်တော့ဘူးလား ဟမ်"
"ဟက်~~ မင်းပါလား။ဘာလာလုပ်တာလဲ။ဒီကိစ္စကမင်းနဲ့မဆိုင်ဘူးထင်တာဘဲ။ငါ့အလုပ်ကိုမင်းလာမနှောက်နဲ့ အခုကိစ္စမှာ မင်းနဲ့ဘာမှမသက်ဆိုင်ဘူး"
"ငါနဲ့မသက်ဆိုင်ဘူးလို့ ဘယ်သူပြောလဲ သူမက ငါ့လူ အခု မင်းသူမကို ထိတာက ငါ့ကို ထိလိုက်တာဘဲ။အဲ့တာကိုမင်းကမဆိုင်ဘူး ပြောချင်နေတယ်ပေါ့လေ။"
"လျိုယွီလင်း!!! မင်း ငါ ဒီကိုလာရတဲ့အကြောင်းအရင်းကို ရိပ်မိမှာဘဲ။အခု အဲ့နေရာက သူမကြောင့် ပျောက်သွားတာ အသိသာကြီးဘဲ မင်း၀င်မပါစမ်းနဲ့"
ထိုသို့အခြေအတင်စကားများနေကြသည်ကို ကြားထဲက အူကြောင်ကြောင်ဖြစ်နေသူများမှပိုင်ချင်းယန်၊ဇာတ်လိုက်ကျော်ကြီး ၀မ်ကျားရင်း နှင့် သူ့နောက်လိုက် ရီရှင်းတို့ပင်။
ပိုင်ချင်းယန်မှာတော့ ရုတ်တရတ်ရောက်လာသော စူးစူး(လျိုယွီလင်း)ကြောင့် ကြောင်နေစဉ်
၀မ်ကျားရင်းနှင့်ရီရှင်းမှာ အသစ်ရောက်လာသူနဲ့ ကျန်းယင်တို့၏ ပြောစကားများကြောင့် ကြောင်အနေကျချင်းပင်
"အခု ဒီနေရာရဲ့ အမွေက သူမရသွားမှတော့ သူမအပိုင်ဘဲ မင်းမကျေနပ်လည်း မင်းရမှာမဟုတ်ဘူး။ဒီနေရာကအမွေက သူမကိုရွေးချယ်သွားမှတော့ မင်းသူမကို နှောက်ယှက်လဲအလကားဘဲ။ အဲ့တော့ လစ်လိုက်တော့"
YOU ARE READING
I got a wife as the system
Historical Fictionသူမသေသွားခဲ့တယ် ဟုတ်တယ် ဒါပေမယ့် သူမ သေပီးချင်းချင်းမှာဘဲ မိခင်တစ်ဉီးရဲ့ ဗိုက်ထဲက သန္ဓေသား အဖြစ်နဲ့ သူမနေခဲ့ရပြီးနောက်မှာဘဲ ထိုမိခင်ဆီမှာ ကိုးလလွယ် ဆယ်လဖွားခြင်းခံခဲ့ရပီး ထပ်မံ စွန့်ပစ်ခံခဲ့ရတယ် ရယ်စရာမကောင်းဘူးလား။ ဟက်.. အဲ့တာနဲ့တင်သူမဘ၀က ပီးသွားပ...