အပိုင်း(၁၈)

243 29 0
                                    

မနက်ခင်းနေရောင်ခြည်မှာ ခုတင်ထက်၌အိပ်ပျော်နေသော မိန်းမပျိုလေးရဲ့အလှတရားကို ရှုစားနေသကဲ့သို့ တောက်ပထွန်းလင်းနေလေသည်။

ပိုင်ချင်းယန်တစ်ယောက် နေ၏အလင်းရောင်ကြောင့် အိပ်နေရာမှ နိုးထလာတော့သည်။ နိုးနိုးချင်း စပ်ဖျင်းဖျင်းဖြစ်နေသော နှုတ်ခမ်းကြောင့် ကိုင်ကြည့်လိုက်ရာ နှုတ်ခမ်းမှာ ပေါက်နေလေသည်။

ဟမ် နှုတ်ခမ်းက ဘာလို့ပေါက်နေတာလဲ?? ငါ အိပ်နေရင်း ကိုက်မိလို့များလား?? မဖြစ်နိုင်တာ တစ်ခါမှ အဲ့လို မဖြစ်ဖူးပါဘူး

"အားစွင် ငါ့ နှုတ်ခမ်းပေါက်နေတယ် အဲ့တာ မနေ့က ဘာဖြစတာလဲ နင်သိလား??"

"???"

"မနေ့ညက system က error တတ်သွားလို့ ရုတ်တရတ်ကြီး ကျွန်တော်လည်း offline ဖြစ်သွားတာ ဘာမှမသိလိုက်ဘူးး"

သူမလည်း စိတ်ညစ်ညစ်နဲ့ အိပ်ယာမှ ထထိုင်လိုက်ရာ အကျီပုခုံးမှာ လျောကျသွားပြီး ညှပ်ရိုးနှင့် လည်ပင်းတို့၌ အနီအမှတ်တို့နေရာ ယူထားလေတော့တယ်။

"အားချင် လည်ပင်းမှာ ...."

"ဟမ် ငါ့လည်ပင်း ဘာဖြစ်လို့လဲ"

သူမ အိပ်ယာမှ အမြန်ထလိုက်ပြီး ကြေးမုံပြင်ထက်၌ ကြည့်လိုက်ရာ လည်ပင်းတောက်လျှောက်နှင့် ညှပ်ရိုးတစ်ယောက်၌ တစ်စုံတစ်ယောက် ပြင်းထန်စွာ စုပ်ထား ကိုက်ထားသော အရာများပင်

သူမ ထိုအရာများကို ကြည့်လေ ကြည့်လေ ညတုန်းက ကိစ္စမှာ ညှီနံ့နံစရာ ဖြစ်ခဲ့လေ ဆိုတာ သေချာနေလေသည်။ သို့သော်သူမ ဘာမှမသိခဲ့ ခဏ အိမ်မက်တစ်ခု

ထို အိမ်မက်ထဲမှာ သူမ စူးစူးကို အိမ်မက်မက်တယ်။ ထိုအိမ်မက်ထဲမှာ သူမနှင့်စူးစူး...

မဟုတ်သေးဘူး တကယ်ဘဲ ဘာလို့ အဲ့လိုတွေမက်မှန်း မသိပေမယ့် အိပ်ယာက နိုးလာတော့ သူမ ခန္ဓာကိုယ်က အဲ့လိုဖြစ်နေတယ်။
တွေးရင်း ‌တွေးရင်း သူမ နားရွက်၊လည်ပင်း နှင့်ပါးမှာ ရဲတွတ်လာတော့တယ်။

အားစွင်ခမျာ ဘာတွေစဉ်းစားနေမှန်းမသိဘဲ တစ်ကိုယ်လုံး ရဲတွတ်လာသော ပိုင်ချင်းယန်ကို ကြည့်ပြီး ဒါတစ်ခုခုတော့ သက်ာမကင်းစရာဘဲ အထက်ကို စုံစမ်းခိုင်းမှ ဖြစ်တော့မယ်။

I got a wife as the system Where stories live. Discover now