အကုန်သေကုန်ကျပြီ။ဒီတစ်ကြိမ်မှာ ၅ယောက်ဘဲရှင်ကျန်ရစ်ခဲ့တော့တယ်။၅ယောက် သူမ၊ဟေးဝူချင်း၊လော့ယန်၊ဇာတ်လိုက်နဲ့ သူ့လက်ထောက်။
ကျန်တဲ့လူအကုန်သေကုန်ကျပြီ။သူမလည်းမတတ်နိုင်ခဲ့ဘူး ဒီတစ်ခေါက်က အဆိပ်ရှိမြွေဂူထဲရောက်သွားရတာ သူမတို့ကံမကောင်းခဲ့ဘူး။ဇာတ်လိုက်ဖြစ်သူနဲ့ သူ့လက်ထောက်ကတော့ မှိုင်တေနေကျတယ်။ အကြောင်းအရင်းက သူတို့လူ သုံးယောက်လုံး ဇာတ်လိုက်ကို ကာကွယ်ပေးရင်း သေသွားရခြင်းကြောင့်ပင်။
သူတို့ နှစ်ယောက်ရဲ့ ၀မ်းနည်းပူဆွေးနေမှုကိုကြည့်ရင်း သူမသက်ပြင်းတစ်ချက်ချကာ
"ကျွန်တော်တို့ခနနားကြတာပေါ့ နောက်မှဆက်သွားကြရအောင်"
သူမ ၀မ်ကျားရင်း အနားသို့သွားလိုက်ရင်း
"မင်းခန္ဓာကိုယ်မှာ ဒဏ်ရာတွေနဲ့ ရော့ ဒီဆေးသုံးလိုက် အမြန်သက်သာသွားအောင် ""ကျေးဇူး"
"အင်း"
'အားချင် ဇာတ်လိုက်ကသနားဖို့ကောင်းလိုက်တာ သူ့ပုံလေးကိုကြည့်ပါအုံး။သွားပြီးနှစ်သက်လိုက်ပါလား။’
*အခုအချိန်ကသူ့ဘာသာ တစ်ယောက်တည်းနေလိုက်တာက သူ့အတွက်အကောင်းဆုံးဘဲ။နောက်မှဒီအဖြစ်အပျက်ကို သူလက်ခံနိုင်ပြီး လက်လွှတ်နိုင်သွားမှာ*
ဒီလိုနဲ့သူမတို့ အချိန်နှစ်ရက်လောက်ကုန်သွားပြီးနောက်မှာ ၀မ်ကျားရင်းနဲ့ရီရှင်းတို့စိတ်တွေလည်း အနည်ထိုင်သွားတော့တယ်။
ထိုမှသာသူတို့လည်းခရီးဆက်ကြတော့တယ်။ဒီတစ်ခေါက်ခရီးလမ်းမှာတော့ အကုန်လုံးကတိတ်ဆိတ်နေကျပြီး အခြေအနေက ကို့ယို့ကားယားဆန်နေသော်လည်း ဘယ်သူကမှစတင်ပြီး ထိုအခြေအနေကိုဖြိုခွင်းကာ စကားစမလာကျပေ။
ဤသို့ဖြင့် သူမတို့ လျှောက်လာလိုက်သည်မှာ အတန်ငယ်ထူးဆန်းသောနေရာသို့ရောက်သည်အထိပင် အဘယ့်ကြောင့်ထူးဆန်းတယ်လို့ပြောရလဲဆိုရင် ထိုနေရာသို့ရောက်သည်နှင့် သူမတို့ဆက်သွားလို့မရတော့လို့ပင်။ အရှေ့မှာ အတားအဆီးတစ်ခုနှင့်ပိတ်ထားသကဲ့သို့ ထိုနေရာရဲ့အရှေ့အလွန်တွင်ရှိသောမည်သည့်အရာကိုမျှ ရှင်းလင်းစွာမမြင်ရတော့ချေ။
သူမတို့ငါးယောက်သား တစ်ယောက်နှင့်တစ်ယောက်အပြန်အလှန်ကြည့်ကာသူမတို့ရှာနေသော နေရာကို ရောက်လာပြီဖြစ်ကြောင်းသတိထားမိသွားတော့သည်။
"ဘယ်လိုဆက်လုပ်ကျမလဲ"
"အရင်ဆုံးငါတို့ငါးယောက်ရဲ့အတွင်းအားနဲ့ ဒီနေရာကိုအရင်ဖွင့်ကျတာပေါ့"
"ကောင်းပြီ"×4
သူမတို့အတွင်းအားများကိုစုစည်းကာ ထိုပိတ်ထားသောအတားအစီးကိုဖွင့်ဖို့ကြိုးစားကျရာ
အချိန်အားဖြင့် ၅မိနစ်..၊၁၀မိနစ်...၊မိနစ်၂၀....၊နာရီ၀က်....
ထိုသို့ဖြင့် အချိန်တစ်နာရီ ၊သူမတို့ အတွင်းအားတွေလျော့နည်းလာကာ ပင်ပန်းလာသော်လည်း ထို အတားအဆီးမှာ တုပ်"မျှ လှုပ်မလာခဲ့ပေ။
သူမတို့လည်း အတွင်းအားများကိုရုပ်သိမ်းလိုက်ကာ တစ်ယောက်နဲ့တစ်ယောက် အားရုပ်စွာကြည့်လိုက်မိတော့တယ်။
"ဘယ်လိုဖြစ်လို့ အတားအဆီးက နဲနဲမှ မလှုပ်ရတာလဲ"
"ငါတို့ခနလောက်အနားယူကျရအောင်၊နောက်မှ ဘာလုပ်ရမလဲဆက်စဉ်းစားတာပေါ့။"
*အားစွင် ဘာလို့ဖွင့်မရလဲသိလား*
'အဲ့အတားအဆီးပေါ်သွေးစက်ချလိုက် တကယ်လို့ ဒီနေရာကိုဆက်ခံရမယ့်လူသာမှန်ရင် အတားအဆီးက အလို"ပျက်ပျယ်သွားလိမ့်မယ်'
*အဲ့လိုကိုး ဒါဆို ငါအရင်ဆုံး အတွင်းအားပြန်ဖြည့်လိုက်အုံးမယ် နောက်မှ နင်ပြောသလိုလုပ်ကြည့်တာပေါ့*
နာရီ၀က်ကြာပြီးနောက်-
သူမထိုင်ရာမှထရပ်လိုက်ကာ ထိုအတားအဆီးရှိရာဆီသို့ လျှောက်သွားလိုက်ပြီး သူမလက်ကိုကိုက်ဖောက်ကာ ထွက်လာသောသွေးကို ထိုနေရာသို့ကျစေလိုက်တယ်။
သုမ၏လုပ်ရက်ကို အကုန်လုံးက စောင့်ကြည့်နေကျပြီး ထိုအချိန်မှာဘဲ မထင်မှတ်ထားစွာ မိုးခြိမ်းသံကြီးမှာ ကြောက်မက်ဖွယ် ပေါ်ထွက်လာပြီး သူမလည်း ထိုနေရာမှ ထူးဆန်းစွာ ပျောက်သွားတော့တယ်။
သူမကိုစောင်ကြည့်နေကျသော လူများအံ့ဩသွားသည်သာမက သူမလည်း ဘာဖြစ်သွားမှန်းမသိတာကြောင့် အံ့ဩသွားတော့တယ်။
YOU ARE READING
I got a wife as the system
Ficção Históricaသူမသေသွားခဲ့တယ် ဟုတ်တယ် ဒါပေမယ့် သူမ သေပီးချင်းချင်းမှာဘဲ မိခင်တစ်ဉီးရဲ့ ဗိုက်ထဲက သန္ဓေသား အဖြစ်နဲ့ သူမနေခဲ့ရပြီးနောက်မှာဘဲ ထိုမိခင်ဆီမှာ ကိုးလလွယ် ဆယ်လဖွားခြင်းခံခဲ့ရပီး ထပ်မံ စွန့်ပစ်ခံခဲ့ရတယ် ရယ်စရာမကောင်းဘူးလား။ ဟက်.. အဲ့တာနဲ့တင်သူမဘ၀က ပီးသွားပ...