အပိုင်း ၄၁

80 7 0
                                    

သူမတို့ ဒီထဲရောက်နေတာ သုံးရက်လောက်ရှိနေပြီ။သူမပျောက်နေတာကိုလည်း သိသွားလောက်ပြီ။နောက်ပြီးတော့ သုံးရက်အတွင်းလေ့လာစမ်းသပ်ချက်အရ ဒီနေရာ၌ စည်းအထပ်ထပ်ခက်ထားသည်ကိုလည်းတွေ့ခဲ့ရတယ် ဘယ်လိုမှ လွတ်မြောက်နိုင်စွမ်းမရှိပေ။ထိုသို့ ကြပ်တည်းလှသော ဒီနေရာသို့ သူမတို့ ဘယ်လိုများ ၀င်လာခဲ့သလဲ စဉ်းစားလို့ကိုမရနိုင်တော့ဘူး။

စူးစူး ဆိုတဲ့ ဒီမိန်းကလေးကကော ဘယ်သူလဲဆိုတာ မသိရပေ။အပြစ်ကျူးလွန်လို့ ရောက်နေတဲ့ မိစ္ဆာလား၊ ဘာလဲ မခွဲခြားနိုင် သူမကြည့်ရသည်မှာ အလွန်ပင် ဖြူစင်ရိုးသားလွန်းလှသည်။ဒီသုံးရက်အတွင်း သူမသာ မကောင်းတဲ့မိစ္ဆာဆို သူမတို့ နှစ်ယောက်လုံး သေ‌နေလောက်ပြီပင်။သို့သော် အခုထိ အသက်ရှင်နေတုန်းသာမက ထိုကောင်မလေးမှာ သူမကို အားကိုးတစ်ကြီး မျက်လုံးရွဲကြီးများဖြင့် ကြည့်ကြည့်တတ်သေးသည်။

သူမမှာ ထိုမျက်လုံးလေးများကြား ညှို့ယူမိသလို ခံစားရတတ်ကာ အကြည့်မလွှဲနိုင်အောင် ခံစားရတတ်တယ်။စူးစူးမှာ အမြဲ ဗိုက်ဆာနေတတ်ပြီး သူမ(စူးစူး) ဗိုက်ဆာတိုင်း သူမ(ပိုင်ချင်းယန်) မှာ အဆာခံဆေးအား တိုက်ပေးသောကြောင့် သူမ၏ ဆေးများလည်း ကုန်ခံနီးသည်အထိပင်။

အားစွင်ကတော့ သူမအား မျက်စောင်းထိုးနေတော့တာပေါ့ ပွစိ ပွစိကလည်း လုပ်သေး "သခင်က ကျွန်တော့်ကျ စေတနာ မရှိဘူး။အခုမှ တွေ့တဲ့ မလောက်လေး မလောက်စားကျ ပေးကမ်း ကျွေးမွေးနေတယ်။ဪ~~ ကျွန်တော့်ဘ၀က တယ် သနားဖို့ကောင်းပါလား။သခင်အစုတ်ပလုတ်၊နှာဘူးသခင်နဲ့ တွေ့ရလို့ အွတ်~~ အခုလည်း ယောကျာ်း အယ် မိန်းမတောင်မရသေးဘူး သခင်အစုတ်ပလုတ်ကြောင့် ဒုက္ခတွင်းထဲ ခုန်ဆင်းနေရပြီ &$-@#_&&-__$_&&$$....."

"တော်တော့ နားညီးတာ "

သူမတို့နှစ်ယောက်ကတော့ အချိန်ပြည့် ကိုက်နေ အယ် ရန်ဖြစ်နေကျတော့တယ်။

ရန်ဖြစ်နေရင်း ရုတ်တရတ် ရင်ဘတ်က စူးအောင့်လာကာ သွေးထအန်တော့တယ်။ထိုသို့ရုတ်တရတ် အခြေအနေကြောင့် အားစွင် နဲ့ စူးစူးမှာ ထိတ်လန့်သွားကာ သူမအား ဘေးမှဖေးမ၍ အခြေအနေ အကဲခတ်ကျတော့တယ်။

I got a wife as the system Where stories live. Discover now