အပိုင်း ၃၁(စူးစူးက မိန်းကလေးမဟုတ်ဘူးလား)

276 18 1
                                    

လော့ယန်  "မင်းဒီကိုဘာလာလုပ်တာလဲ။တော်တော်အားယားနေတယ်ပေါ့"

"ငါ့ဘာသာ ငါ့မိန်းမဆီလာတာ မင်းလို တစ်ယောက်ထဲသမားကတော့ ဘယ်နားလည်ပါ့မလဲ။ ဟုတ်တယ်မလား ယန်အာ~~"

သူမလည်း ထောက်ခံတဲ့အနေနဲ့ ခေါင်းညိတ်လိုက်တော့

ဟေးဝူချင်း ၊ လော့ယန် "........"

"ယန်အာ ဘယ်သွားချင်လဲ၊ ကိုယ့်အိမ်သွားမလား။ ဟင်~~ ကိုယ်နဲ့လိုက်ခဲ့ပါလား ။ကိုယ် ယန်အာ~~ နဲ့ မခွဲချင်ဘူး "

သူမ ခန္ဓာကိုယ်ပေါ်သို့ အရိုးမရှိတဲ့ သတ္တဝါလိုမျိုးမှီတွယ်ကာ ချွဲ နေတဲ့ လူကိုကြည့်ပြီး သဘောတူတော့မယ့် အချိန် တစ်ချိန်လုံး ပျောက်နေသော system မှာ အသားကုန် အော်လာသည်မှာ 'မရဘူး!!! လိုက်သွားလို့မရဘူးနော်'

အသားကုန် ဖြဲအော်လာသောကြောင့် သုမ ဦးနှောက်ပေါက်ကွဲတော့မလို ခံစားလာရတာကြောင့်

*ဘာလို့လဲ??*

သူမ အားစွင်ရဲ့အော်သံကြောင့် ခေါင်းကိုက်သွားတာကြောင့် မျက်နှာမဲ့သွားတော့တယ်။ဒါကို စူးစူးမြင်တော့ ယန်အာ ဘာဖြစ်လို့လဲနေလို့မကောင်းလို့လား။ ဘယ်နားနေမကောင်းတာလဲ ကိုယ့်ကိုပြပါအုံး။ သူမ ခန္ဓာကိုယ်ကို စုံချည် ဆန်ချည်ဖြင့် စိုးရိမ်တကြီး စစ်ဆေးနေသော စူးစူးကြောင့် သူမပြုံးကာ "ဘာမှမဖြစ်ပါဘူး နားနည်း"အူသွားရုံပါ"

ထိုသည်ကိုကြားသော စူးစူးမှာ အသည်းအသန်ဖြင့် သူမကို ကောက်ပွေ့တော့မတတ် သမားတော်နဲ့ပြဖို့ရာ လှုံ့ဆော်တော့တယ်။ ထိုအခါက ဘေးက အမြင်ကတ်လာပြီဖြစ်သော နှစ်ကောင်မှာ

"မင်းမတော်နိုင်သေးဘူးလား။မင်းမိန်းမက ထူးချွန်တဲ့ အဂ္ဂိရတ်ပညာရှင် သူမမှာ ဆေးတွေအများကြီးဘဲ ပြီးတော့ မင်းဘေးကနေ ဗြစ်တောက်"နဲ့မို့လို့ သူနားအူသွားတာ။ မင်းပါးစပ်ပေါက်ပိတ်လိုက်တာနဲ့ သူ့ရောဂါ အော်တိုပျောက်သွားမှာ"

စူးစူးတစ်ယောက် လော့ယန်ရဲ့ "မင်းမိန်းမ" ဆိုတဲ့စကားစုကြောင့် ပြုံးဖြီးနေကာ ဘာပြော"အပြစ်မမြင်သကဲ့သို့ "မင်းဘာသိလို့လဲ ယန်အာ~~ က ငါနဲ့ အတူရှိနေပြီး ငါနဲ့စကားပြောရတာ ကြိုက်ရုံအပြင် သူမက ငါ့အသံကိုနားထောင်ရတာအကြိုက်ဆုံးဘဲ အထူးသဖြင့် အိပ်ယာ၀င်ရင်ပေါ့"

မျက်ခုံးတစ်ချက်ပင့်ရင်း ပြောလိုက်သော ဟိုမရောက်ဒီမရောက်စကားကြောင့် နှစ်ယောက်သားဒေါသထွက်ကာ ကျိန်ဆဲနေကျတော့တယ်။

သောက်မြေခွေးစုတ်

ပိုင်ချင်းယန်မှာတော့ system ကို ခေါ်လို့မရလို့ ပူထူနေတော့တယ်။ပြောချင်တာပြောပြီးပျောက်သွားသော system မှာ ဘယ်လိုခေါ်" ခေါ်၍မရသောကြောင့် စူးစူးကို လက်တို့ပြီး သန့်စင်ခန်းသွားချင်ကြောင်းပြော၍ ထွက်လာလိုက်တော့တယ်။

သူတို့နဲ့ အတန်ငယ်ဝေးသွားမှ သူမ system ကိုခေါ်ကြည့်မှသာ စူပုတ်ပုတ်အသံလေးအားကြားရတော့တယ်။
'အားချင် အဲ့မြေခွေးမက ထူးဆန်းတယ်။အားချင်နားသူရှိနေရင် ကျွန်တော်နဲ့အားချင် connection ချိတ်လို့မရတော့ဘူး။ခုနက ကျွန်တော်မရ"အောင်ကြိုးစားတဲ့အချိန်ခနဘဲရလိုက်လို့ အော်လိုက်တာ"

*အဲ့တော့အဲ့လိုကိုး ဒါနဲ့ ငါ့ကို ဘာလို့သူနဲ့ မလိုက်ခိုင်းတာလဲ*

သူ အားချင်ကိုပြောလို့မဖြစ်ဘူး။ မကြာခင် လပြည့်ညရောက်တော့မယ်။

'အဲ့တာက အားချင် ဇာတ်လိုက်နားမှာ နေရမှာလေ တာ၀န်မေ့သွားပြီလား။'

*ဟ သူ့ကိုလည်း တစ်ယောက်" ရှာပေးမှပါလေ မဟုတ်ရင် ငါလည်း ကလေးအမေကြီးကျနေတာဘဲ ဘယ်သွား"အနောက်က တကောက်"လိုက်နေရတယ် တကယ်ဘဲ*

သူမပြန်လာတော့ စူးစူးက သူမလက်ကိုဆွဲ၍ သူ့ပေါင်ပေါ်၌ထိုင်စေသည်။ပြီးတော့ သူမခါးလေးအားဖက်ထားပြီး ဆံပင်တို့အားနမ်းရှိုက်လိုက်ပြီး လည်ပင်းတို့အား နမ်းရှိုက်လာပြန်တယ်။သူမလည်း "ဘယ်လိုဖြစ်နေလဲ သူများတွေရှိနေတာကို"

သူမစကားကြောင့် စူးစူးက "ခနဘဲ မတွေ့ရသေးတာတောင်အရမ်းလွမ်းတာဘဲကွာ။"
ထူးဆန်းစွာ အသံက အက်ရှရှဖြစ်နေပြီး ရီဝေနေပေသည်။

သူမ သူ့ သူငယ်ချင်းနှစ်ယောက်ကို ကြည့်လိုက်တော့ တစ်ခုခုကို သိနေသလိုမျိုး ရှောင်ထွက်သွားတော့တယ်။အခန်းထဲက သူမတို့နှစ်ယောက်သာ

"ယန်အာ~~ ကိုယ့်ကိုခွင့်ပြုနိုင်မလား" ပြောရင်းဆိုရင်း သူမရဲ့လက်အား သူ့အောက်သို့ စုပ်ကိုင်ပွတ်ဆွဲလိုက်ရာ ပူနွေးနွေး မာတောင်တောင် အချောင်းကြီးအား စမ်းမိတော့ လန့်ဖြန့်ကာ "စူးစူး က မိန်းကလေး မဟုတ်ဘူးလား"

A/N ပြန်လာပြီနော် မကြာခင် နောက်အပိုင်းတွေလာမယ်။

I got a wife as the system Where stories live. Discover now