လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်း၌ ဖြစ်ပျက်ခဲ့သော နတ်ဆိုး(မိစ္ဆာ) များ နှင့် နတ်ဘုရားတို့ တိုက်ပွဲ၌ နတ်ဆိုးဘုရင် တစ်ဖြစ်လဲ မိစ္ဆာတို့၏ အရှင်မှာ သစ္စာဖောက်ခံရကာ နတ်ဘုရားတို့၏ အကျဉ်းချခြင်းအား ခံခဲ့ရတော့တယ်။အဘယ့်ကြောင့် ထိုနတ်ဆိုးဘုရင်အား မသတ်ဘဲ ပိတ်လှောင်ထားရသလဲလို့ မေးလာခဲ့ရင်တော့ နတ်ဘုရားတို့အနေနဲ့ တစ်ခွန်းသာပြန်ပြောနိုင်မည်မှာ မလွဲဧကန်ပင်။
ထိုသည်မှာ " မသတ်ချင်လို့ မဟုတ် မသတ်နိုင်ချင်း "ဟူ၍ပင် အဘယ့်ကြောင့်ဆိုသော် ထို နတ်ဆိုးဘုရင်အား နတ်ဘုရားပေါင်းများစွာ၏အသက် တို့ဖြင့် ပေးဆပ်ပြီးမှသာ ရလာသော အကျိုးရလဒ်တစ်ခုပင်ဖြစ်သည်။
ထို နတ်ဆိုးဘုရင်အား ချုပ်လှောင်ထားသော ချိပ်စည်းမှာမူ ကောင်းကင်ဘုံ၏ စွမ်းအားအကြီးဆုံး သဘာ၀နတ်ဘုရား(စစ်နတ်ဘုရား)၏ မူလ ဝိဉာဏ်ဖြင့် ချိတ်ဆက်ထားခြင်းဖြစ်၍ အကာကွယ်စည်းမှာ စွမ်းအားကြီးလှပေသည်။
ထို စည်းတံဆိပ်ကြောင့်သာ ကောင်းကင်ဘုံနှင့် လူသားဘုံတို့မှာ ငြိမ်းချမ်းနေရခြင်းပင်။
ကောင်းကင်ဘုံ၌ နွေဦးနတ်ဘုရား နှစ်ပါး၏ သမီးကညာမှာ အလွန်အင်မတန်မှ ချောမောလှသော်ညား သူမမှာ ကောင်းကင်ဘုံ၏ မျက်ရှု ၊ အမွှေစိန်လေး တစ်ဦးပင်။ သူမမှာ အလွန်အင်မတန်မှ မွှေလွန်းပြီး ပြဿနာ တက်တိုင်းလည်း ကောင်းကင်ဧကရာဇ်ထံ၌ အတိုင်ခံရသည်သာ သို့ရာတွင် ဧကရာဇ်မှာ သူမအား ဆူရုံသာ ဆူ၍ အပြစ်ကြီးကြီးမားမား မပေးသဖြင့် ကောင်းကင်ဘုံရှိ နတ်ဘုရားများမှာ မကျေနပ်ကျပေ။
တစ်ခါက သူမသည် လနတ်သမီး နန်းဆောင်သို့ ခိုး၀င်ကာ ယုန်တစ်ကောင်အား ဖမ်းသွားပြီး ယုန်ကင်လုပ်စားလေရဲ့ ထိုအရာအား လနတ်သမီး သိသော် ဒေါသထွက်ကာ ဧကရာဇ်အား တိုင်တန်းတော့သည်။ထိုအခါ ဧကရာဇ်လည်း သူမအား အဘယ်ကြောင့် ထိုသို့ လုပ်ရလဲဟု မေးရာ "လူ့ပြည်မှာပြောကျတာက ယုန်သားက တအားစားလို့ကောင်းတယ်တဲ့ ချင်းယန်လည်း လနတ်သမီးမှာ ယုန်တွေအများကြီးရှိတာကြားဖူးတာနဲ့ တစ်ကောင်လောက် ....အမ်း လနတ်သမီးမှာ ယုန်တွေမှအများကြီးဘဲလေ တစ်ကောင်လောက်လေး ယူမိတာကို ကပ်စေးမကုတ်သင့်ဘူးနော်"
YOU ARE READING
I got a wife as the system
Ficción históricaသူမသေသွားခဲ့တယ် ဟုတ်တယ် ဒါပေမယ့် သူမ သေပီးချင်းချင်းမှာဘဲ မိခင်တစ်ဉီးရဲ့ ဗိုက်ထဲက သန္ဓေသား အဖြစ်နဲ့ သူမနေခဲ့ရပြီးနောက်မှာဘဲ ထိုမိခင်ဆီမှာ ကိုးလလွယ် ဆယ်လဖွားခြင်းခံခဲ့ရပီး ထပ်မံ စွန့်ပစ်ခံခဲ့ရတယ် ရယ်စရာမကောင်းဘူးလား။ ဟက်.. အဲ့တာနဲ့တင်သူမဘ၀က ပီးသွားပ...