"လာချွဲမနေနဲ့ မွှေထားပြန်ပြီမလား။ ဧကရာဇ်ကလည်း အပြစ်ပေးတာ အရမ်းလျော့ပေါ့လွန်းတယ် မှတ်လောက်သားလောက်ဖြစ်သွားအောင် ပြင်းပြင်းထန်ထန်ပေးရမှာ။အသက်ကဖြင့်မငယ်တော့ဘူး တစ်နေ့ တစ်နေ့ မွှေဖို့ပြသနာရှာဖို့ဘဲသိတယ်။ ကြိုးကြိုးစားစား လေ့လာမယ်မရှိဘူး အခုထိ နတ်သူငယ်အဆင့်ကနေ မတတ်နိုင်သေးဘူး။သွား ဒီနေ့ကစပြီး သေချာ လေ့ကျင့် မဟုတ်ရင် ဆော့ဖို့မစဉ်းစားနဲ့ သွား"
"အဖေကလည်း ~~"
"ပိုင်ချင်းယန် ဘာမှ အဖေကလည်းမနေနဲ့ "
"အမေ အဖေ့ကို ပြောအုံး"
"ပိုင်ချင်းယန် .."
"အကိုကလည်း ကလေးကို အတင်းအကြပ်ကြီးမလုပ်ပါနဲ့ ကလေးကအခုမှ ငယ်သေးတော့ ဆော့ပါစေ။ ပြီးတော့ သမီးက တော်ပြီးသားဘဲဟာ သူမ အမြဲမလေ့ကျင့်တောင် သူမရဲ့ စွမ်းအားတွေက အမြဲတိုးတက်နေတာဘဲကို မကြာခင် နတ်သမီးအဆင့်ဖြစ်တော့မှာပါ။"
"မိန်းမ မင်း သူ့ဘက်ကနေ ကာဆီး ကာဆီးလုပ်မနေနဲ့ ပိုင်ချင်းယန် ငါပြောပြီးပြီနော် မင်းအဆင့် မတက်မချင်း အပြင်မထွက်ရဘူး။ ဒီတစ်ခါ မင်းအမေလည်း မကူနိုင်ဘူး"
"ဟွန့် "
သူမလည်း မတက်နိုင်တဲ့ အဆုံး လေ့ကျင့်ရတော့တယ်။ တကယ်လည်း သူမက လေ့ကျင့်တာမြန်ပေတယ်။တစ်လအတွင်းမှာတင် နတ်သမီး အဆင့်သို့ ရောက်နေပြီကာ စွမ်းအင်တွေလည်း အရင်ကထက် များစွာ တိုးပွားလာတော့တယ်။
သူမ မရှိတဲ့ တစ်လတာကတော့ နတ်ပြည်မှာ အလွန်ငြိမ်သက် အေးချမ်းနေတော့တယ်။တစ်လပြည့်၍ သူမ အပြင်ထွက်သည်နှင့် အားစွင်၏ "သခင် ဟုန်ရွမ် အသီး သီးပြီ မကြာခင်မှည့်တော့မယ်။ အဲ့အသီးက တော်ရုံမသီးဘူးတဲ့ အခု အဲ့အသီး သီးလာတာ တကယ့်ကို အံ့မခန်းဘဲ"
"အို ဘယ်လို အသီးမျိုးလဲ အရသာရှိလား။ ကြာပါတယ် သွားခူးရအောင်"
"သခင် ဒီတစ်ခါတော့ မဖြစ်ဘူးနော် အရှင်ဧကရာဇ်တောင် အပြစ်လျော့ပေါ့မပေးနိုင်လောက်ဘူး"
"ဟ အဲ့လိုမျိုးဆို ငါက ပိုတောင် စိတ်၀င်စားသေး လာသွားမယ်"
ထိုအပင်နားမှာ စောင့်နေကျသော အစောင့်များမှာ အလွန်ပင် များပြားလွန်းသည်။သူမအတွက် ဒီတစ်ခါတော့ မလွယ်ကူလောက်ပင်
YOU ARE READING
I got a wife as the system
Tarihi Kurguသူမသေသွားခဲ့တယ် ဟုတ်တယ် ဒါပေမယ့် သူမ သေပီးချင်းချင်းမှာဘဲ မိခင်တစ်ဉီးရဲ့ ဗိုက်ထဲက သန္ဓေသား အဖြစ်နဲ့ သူမနေခဲ့ရပြီးနောက်မှာဘဲ ထိုမိခင်ဆီမှာ ကိုးလလွယ် ဆယ်လဖွားခြင်းခံခဲ့ရပီး ထပ်မံ စွန့်ပစ်ခံခဲ့ရတယ် ရယ်စရာမကောင်းဘူးလား။ ဟက်.. အဲ့တာနဲ့တင်သူမဘ၀က ပီးသွားပ...