Part 6

9.1K 235 6
                                    

''ငါတော့ ဒီနှစ်စာမေးပွဲအောင်ပြီ
သေချာပေါက်ကိုအောင်ပြီ...အဟားဟား!!´´

သူ့ကိုကို ဝယ်ပေးလိုက်သည်ဆိုသော သင်ထောက်ကူနဲ့အထူးထုတ်စာအုပ်တွေအား ကုတင်ခေါင်းရင်းထက်စီခင်းကာ လူးလိမ့်နေသောရွှေပုံဖတ်တီးကြောင့် သူငယ်ချင်းတွေမှာ ရယ်ချင်စိတ်ကိုမနည်းထိန်းထားရပါ၏။ရွှေပုံဖတ်တီးတို့အလှမ်းတွေကျယ်နေလိုက်တာများ အခုဆို သူငယ်ချင်းတွေကိုမခေါ်ဘဲနဲ့တောင် ဘဲကြီးကိုသွားကြောင်တတ်နေပြီ။

ဟိုကလည်း ဘာလား။သူ့လာကြောင်မှန်းသိလျက်နဲ့တောင် အမောပြေColaတိုက်၊ကြက်ကြော်လေးကျွေးပြီး စာအုပ်တွေလည်းအမ်းလိုက်သေးသတဲ့။ဘယ်လောက်တောင် မိန်းမကျမ်းကျေပြီးအထာနပ်နေလိုက်တဲ့ ဘဲကြီးလဲ။introဝင်တာနဲ့ကို followတန်းလိုက်တော့တာပဲ။တကယ့်playဘဲကြီးပဲဖြစ်လိမ့်မယ်။

ဘာမသိညာမသိနဲ့ ရွှေပုံမတော့ခက်တယ်။

''နောက်တစ်ခါ နင်တစ်ယောက်တည်းမသွားရဘူးနော် ရွှေပုံ...နင်နဲ့သူကဘယ်လောက်ရင်းနှီးလို့လဲ?ပြီးတော့ အဲ့မှာကယောကျ်္ားတွေအများကြီးပဲ´´

''ဘာမှမဖြစ်ပါဘူးဟ
ကိုကို့သူငယ်ချင်းတွေလည်းသဘောကောင်းပါတယ်´´

''ဘဲကြီးက ဘာအချိုးလဲ
သူ့မှာဆော်ကြီးငုတ်တုတ်နဲ့ကို´´

''နင်တို့ကလည်း အဲ့လိုမပြောပါနဲ့
ကိုကိုက ငါ့ကို သူ့သူငယ်ချင်းရဲ့ညီမလေးဆိုပြီးစောင့်ရှောက်ပေးတာပါ...ဟိုလို...ဟိုလိုတော့ဘယ်စိတ်ဝင်စားမှာလဲဟ...ငါကလှမှမလှတဲ့ဟာ´´

''အေး...နားလည်ရင်လည်းကောင်းတယ်
နင့်မှာကိုကြီးတစ်ယောက်လုံးရှိနေတဲ့ဟာ...အနီးမှုန်မနေနဲ့´´

''ဒါနဲ့ ရွေပုံ...ငါတစ်ခုသတိထားမိတယ်
ကိုကြီးနာမည် လင်းထင်ကရနဲ့ နင့်ကိုကိုနာမည်ကတစ်လုံးပဲလွဲတယ်နော်´´

ရဲရဲပြောမှ ရွှေပုံသေချာပြန်စဥ်းစားမိပါသည်။ရှင်းထင်ကရ...၊လင်းထင်ကရ...အယ်!ဟုတ်သားပါပဲ။ရွှေပုံမစပ်ဆက်မိဘူး။မစပ်ဆက်ဆို ကိုကြီးနာမည်ကိုတောင် ရွှေပုံက သိပ်သတိရတာမဟုတ်ဘူးလေ။တစ်ခါတစ်လေဆို မေ့နေတာ။

💜ကိုကိုနဲ့ပဲ ရှေ့ဆက်မှာ...💜(Completed)Where stories live. Discover now